ရော်နယ်ဒိုအတွက် ဘယ်လို စီစဉ်ထားသလဲ ပြောကြားလာသည့် ပီယာလို

အင်ဒရေပီယာလိုသည် ခရစ္စတီယာနိုရော်နယ်ဒို ကိုဗစ် ပျောက်ကင်းကာ ပွဲကစားလာနိုင်ပါက မည်သို့ အသုံးပြုရန် စီစဉ်ထားသလဲဆိုသည်ကို ဖွင့်ဟ ပြောကြားလာခဲ့သည်။ ပီယာလိုဦးဆောင်သည့် ဂျူဗင်တပ်သည် တနင်္ဂနွေနေ့တုန်းက ဗီရိုနာနှင့် ၁ ဂိုးစီ သရေကျခဲ့သည်။

ပီယာလို၏ဂျူဗင်တပ်သည် စီးရီးအေအဖွင့်ပွဲတွင် ဆမ်ဒိုးရီးယားအား အနိုင်ရရှိပြီးနောက် ရိုးမား (၂-၂)၊ ခရိုတုန်း (၁-၁)၊ ဗီရိုနာ (၁-၁) တို့နှင့် သရေကျခဲ့ပြီး မကစားဖြစ်လိုက်သည့် နာပိုလီတစ်ပွဲတည်းသာ အလိုအလျှောက် အနိုင်ရရှိထားသည့် နိုင်ပွဲတစ်ပွဲတည်းသာ ရရှိထားသည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ယခုလအစောပိုင်းတုန်းက ပေါ်တူဂီလက်ရွေးစင်အ သင်းအတွက် သွားရောက်ကစားစဉ် ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိရပြီးနောက် ပွဲကစားနိုင်ခြင်း မရှိချေ။ သူသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ကိုဗစ် ပေါ့စတစ် ထပ်မံ တွေ့ရှိမှုကြောင့် ပြန်ကစားနိုင်မည့် ကာလကို မသိရသေးချေ။

သို့ရာတွင် ခရစ္စတီယာနိုရော်နယ်ဒိုသည် ယနေ့ (သို့မဟုတ်)မနက်ဖြန်တွင် ကိုဗစ်စစ်ဆေးမှုအဖြေတစ်ကြိမ် သိရမည် ဖြစ်ပြီး နက်ဂတစ်ဖြစ်ပါက ဗုဒ္ဓဟူးနေ့တွင် ကစားရမည့် ဘာစီလိုနာနှင့်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်သည်။ ၎င်းအနေဖြင့် ဘာစီလိုနာပွဲမတိုင်မီ ၂၄ နာရီအတွင်းတွင် ကိုဗစ်ကင်းစင်လျှင် ပါဝင်နိုင်မည် ဖြစ်သည်။

ပီယာလိုသည် ခရစ္စတီယာရော်နယ်ဒို ပြန်လည် ကစားလာနိုင်လျှင် တိုက်စစ်တွင် ဒိုင်ဘာလာ၊ မိုရာတာတို့နှင့်တွဲကစားစေပြီး ဘယ်ခြမ်းတိုက်စစ်တွင် ကစားစေရန် စီစဉ်ထားသည်။ အသက် ၃၅ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်တွင် ကစားစဉ် ဘယ်ခြမ်းသို့ ထွက်ကစားကာ ဂိုးများ သွင်းလာခဲ့သူလည်း ဖြစ်သည်။

ပီယာလိုက “ရှေ့တန်းသုံးယောက်တန်းအဖြစ် ကစားစေဖို့ စဉ်းစားနေပါတယ်။ ရော်နယ်ဒိုက ရှေ့တန်းဘယ်ခြမ်းမှာ အကောင်းဆုံးတစ်ဦးပါ”ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်အတွက် ထိုးနှက်ချက်တစ်ခုမှာ အဓိကနောက်ခံလူ ဘိုနုချီမှာ ဗီရိုနာနှင့်ပွဲတွင် ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဗီရိုနာနှင့်ပွဲတွင် ဂျူဗင်တပ်အတွက် ဂိုးသွင်းယူခဲ့သည့် ဆွီဒင်တိုက်စစ်သမားကူလူ ဆီစကီးသည် ဂျူဗင်တပ်အတွက် ပြိုင်ပွဲအရပ်ရပ်၌ ၅ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးထားနိုင်သည်။

Facebook Comments Box
Facebook Comment