ရော်နယ်ဒိုရှိရာ ဂျူဗင်တပ်သို့ မက်ဆီ လာမည်ဟု ကွာဒရာဒို မထင်

ဂျူဗင်တပ် တိုက်စစ်သမား ဂျူအန်ကွာဒရာဒိုက ဘာစီလိုနာစတား လီယွန်နယ်မက်ဆီသည် ခရစ္စတီယာနို ရော်နယ်ဒိုရှိရာ စီးရီးအေချန်ပီယံသို့ ပြောင်းလာမည်ဟု မထင်ကြောင်းပြော ကြားလိုက်သည်။

မက်ဆီသည် ဘာစီလိုနာမှထွက်ခွာလိုကြောင်း အကြောင်းကြားထားသူဖြစ်သည်။ မက်ဆီသည် လာမည့်ရက်ပိုင်းအတွင်းတွင် ဘာစီလိုနာမှထွက်ခွာလိုရသည့်အကြောင်းရင်းများကို လူသိရှင်ကြား ပြောကြားသွားရန် ရှိသည်။

လက်ရှိအချိန်တွင် မက်ဆီကို ခေါ်ယူရန် မန်စီးတီး၊ ပီအက်စ်ဂျီ၊ အင်တာမီလန်တို့က ထိပ်ဆုံးမှ ရေပန်းစားနေသည်။ မီဒီယာအချို့တို့ကလည်း ဂျူဗင်တပ်သည် မော်ဒန်ဘောလုံးခေတ်၏အကောင်းဆုံးတိုက်စစ်သမားနှစ်ဦးဖြစ်သည့် မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတိုက်စစ်အတွဲကို တူရင်တွင် မြင်တွေ့ရနိုင်ကြောင်း ရေးသားနေကြသည်။သို

့ရာတွင် ကွာဒရာဒိုကမူ “ကျွန်တော်ကတော့ ဖြစ်လာမယ်လို့ လုံးဝကို မထင်ဘူး။ ကျွန်တော် လုံးဝမယုံကြည်တာပါ”ဟု ESPN သို့ ပြောကြားသွားခဲ့သည်။လ

ီယွန်နယ်မက်ဆီသည် လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက မန်စီးတီးသို့ အပြောင်းအရွှေ့နှင့် ပတ်သက်၍ မန်စီးတီးနည်းပြဂွါဒီယိုလာနှင့်စကားပြောခဲ့ကြောင်းသိရသလို အင်တာမီလန်နှင့်ပီအက်စ်ဂျီတို့မှာလည်း ခေါ်ယူရန်အတွက် အပြိုင်ရေပန်းစားနေသည်။

ဂျူဗင်တပ်သည် ပြီးခဲ့သည့်ရာသီတုန်းက စကူဒက်တိုဖလား ကိုးကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့သော် လည်း ချန်ပီယံလိဂ်မှ စောစောစီးစီး ထွက်ခွာရမှုကြောင့် နည်းပြဆာရီကို ထုတ်ပယ်ပြီး နည်းပြ အတွေ့အကြုံမရှိသည့် ပီယာလိုအား ခန့်အပ်ထားသည်။

ဂျူဗင်တပ်သည် ယခုအခါ ၂၀၂၀-၂၁ ရာသီအတွက် စခန်းသွင်းလေ့ကျင့်ခန်းဆင်းမှု စတင်ပြုလုပ်နေပြီဖြစ်ပြီး စကူဒက်တိုဖလားအား ဆက်လက်ဆွတ်ခူးနိုင်ပါက စကူဒက်တိုဖလားကို ဆယ်ကြိမ်ဆက်ဆွတ်ခူးနိုင်သည့် ပထမဆုံး ကလပ်အဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်မည်ဖြစ်သည်။

Ref:ESPN

Facebook Comments Box
Facebook Comment