ရော်နယ်ကိုးမန်းအတွက် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ကို လျော်ကြေး ယူရို ၅ သန်း ပေးရမည့် ဘာစီလိုနာ

ဘာစီလိုနာသည် ရော်နယ်ကိုးမန်းအား ခန့်အပ်မှုအတွက် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ကို လျော်ကြေး ယူရို ၄ သန်းမှ ၅ သန်းအထိ ပေးရမှာဖြစ်ကြောင်း La Vanguardia က ဖော်ပြသွားသည်။ ဘာစီလိုနာသည် ရော်နယ်ကိုးမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်သွား မည်ဖြစ်ကြောင်း တရားဝင်ကြေညာထားပြီးဖြစ်ကာ တရားဝင်ခန့်အပ်မှုအား လာမည့် ၁၂ နာရီအတွင်းတွင် ပြုလုပ်သွားဖွယ်ရှိသည်။

ဘာစီလိုနာအထွေထွေဒါရိုက်တာအော်စကာဂရူသည် အမ်စတာဒမ်တွင် ရှိနေကာ ရော်နယ်ကိုးမန်း၏နယ်သာလန်ဘောလုံးအဖွဲ့ချုပ်နှင့်စာချုပ်အား ဖျက်သိမ်းနိုင်ရေး ဆွေးနွေးနေသည်။ ရော်နယ်ကိုးမန်းသည် ဘာစီလိုနာတွင် ၁၉၈၆ ခုနှဏ်မှ ၁၉၉၅ ခုနှစ်အထိ ကစားခဲ့ဖူးကာ လာလီဂါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်အပါအဝင် စုစုပေါင်း ဆုဖလား ၁၀ ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ သူသည် ကစားသမားဘဝမှအနားယူပြီးနောက် ဘာစီလိုနာတွင်ပင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက်သူသည် ဗီတက်စ်ဆီ၊ အေဂျက်စ်၊ ပီအက်စ်ဗွီ၊ ဘင်ဖီကာ၊ ဗလင်စီယာ၊ ဆောက်သမ်တန်၊ အဲဗာတန်တို့ကို ကိုင်တွယ်ခဲ့သည်။ သူသည် ၂၀၁၈ ခုနှစ်ကတည်းက နယ်သာလန်အသင်းကို ကိုင်တွယ်လာခဲ့သူဖြစ်ပြီး ယူရို ၂၀၂၁ ပြိုင်ပွဲခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ထားနိုင်သည်။

Ref: La Vanguardia

Facebook Comments Box
Facebook Comment