ရောမသားတွေရဲ့ ည ဖြစ်လာဖို့ သေချာနေတယ်

တနင်္ဂနွေည စီးရီးအေ ပွဲစဉ် ၉ ပွဲကြို သုံးသပ်ချက်

လာဇီယို – အူဒီးနီးစ် (ညနေ ၆:၀၀)

ဒဏ်ရာပြဿနာများ ကင်းရှင်းလာပြီဖြစ်တဲ့ လာဇီယိုဟာ ခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အူဒီးနီးစ်ကလည်း ခြေစွမ်းပိုင်း တက်ရိပ်ပြနေတဲ့အသင်းဖြစ်တာကြောင့် လာဇီယိုအတွက် ပွဲကြပ်ကစားရဖို့ ရှိပါတယ်။

အူဒီနီးစ်ဟာ နောက်ဆုံးနှစ်ပွဲဆက် ဂိုးမပေးခဲ့ရကာ တန်ဆင်းဇုန်ထဲကနေ ရုန်းထွက်ထားနိုင်ပါတယ်။ဒါပေမယ့် အူဒီးနီးစ်ဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ အိုလံပီကိုကွင်းမှာလာဇီယိုကိုဂိုးမသွင်းဖူးပါဘူး။

လာဇီယိုက တစ်လုံး ၅၀ အနိုင်ဖြစ်ပြီး ဂိုးပေါင်းက ၃ လုံး ၇၀ အနိုင် ဖြစ်ပါတယ်။ လာဇီယိုနှင့် ဂိုးအောက်ကြိုက်ပါတယ်။

ဘိုလော့ဂ်နာ – ခရိုတုန်း (ည ၈:၃၀)

ဘိုလော့ဂ်နာရဲ့ စီးရီးအေပွဲ ၄၁ ပွဲဆက်တိုက် ဂိုးပေးရတဲ့စံချိန်က ယနေ့ည အမှတ်ပေးဇယား အောက်ခြေက ခရိုတန်ုးနဲ့ပွဲမှာ အဆုံးသတ်လာနိုင်မလား စိတ်ဝင်တစား စောင့်ကြည့်ရပါမယ်။

တကယ်လို့များ အခုပွဲမှာလည်း ဘိုလော့ဂ်နာဟာ ဂိုးပေးခဲ့ရမယ်ဆိုရင် ဥရောပထိပ်သီး လိဂ်ကြီး ငါးခုမှာ ၄၂ ပွဲဆက် ဂိုးပေးရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဆိုးကိုလိုက်မီသွားပါမယ်။ လက်ရှိ စံချိန်ပိုင်ရှင်က ဘော်ဒိုးဖြစ်ပြီး ၁၉၆၀ တုန်းက တင်ခဲ့တာပါ။

ဘိုလော့ဂ်နာက နောက်ပိုင်း ခြေစွမ်းက တိုးတက်နေပြီး ခရိုတုန်းကတော့ ရုန်းကန်ရတုန်း ဖြစ်ပါတယ်။

ဘိုလော့ဂ်နာက ၁ လုံး ၃၀ ဘဲ အနိုင်ရမယ်ဆိုပေမယ့် ဘိုလော့ဂ်နာဘဲ ကြိုက်ပါတယ်။

 မီလန် – ဖီအိုရင်တီးနား (ည ၈:၃၀)

အီဘရာဟီမိုဗစ်မပါဝင်တဲ့ အေစီမီလန်ဟာ ဂိုးရဖို့ ရုန်းကန်ရလေ့ရှိပါတယ်။ ဒါပေမယ့် ပရန်ဒယ်လီရဲ့ ဖီအိုရင်တီးနားကလည်း ခြေစွမ်းပိုင်း တော်တော်ကျဆင်းနေတဲ့အသင်း ဖြစ်ပါတယ်။

မီလန်ဟာ ကြားရက်တုန်းက လိုင်လီနှင့်ယူရိုပါလိဂ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဘရာဟမ်ဒိုင်ယက်ဇ်ကို အန်တီရီဘစ်နှင့် တွဲပြီး ပွဲထွက်လာနိုင်ပါတယ်။

ဖီအိုရင်တီးနားကတော့ ပရန်ဒယ်လီ ရောက်လာပေမယ့် အိမ်ကွင်းမှာ ဘီနီဗန်တိုကို ရှုံးနိမ့်ခဲ့ပါတယ်။ ဖီအိုရင်တီးနားမှာ ဘိုနာဗန်ကျူရာ ပါဝင်လာမှာ ဖြစ်သလို ရီဘာရီ၊ ဗလာဟိုဗစ်၊ ကူထရုန်းတို့ ပါဝင်လာပါမယ်။

အေစီမီလန်ဟာစီးရီးအေမှာ၂၈ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရရှိထားကာ၁၉၇၂ခုနှစ်၊ဒီဇင်ဘာလမှ ၁၉၇၃ခုနှစ်၊ဒီဇင်ဘာလအထိ ၂၉ပွဲ ဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို လိုက်မီဖို့ တစ်ပွဲဘဲ လိုပါတော့တယ်။

အေစီမီလန်က ၁ လုံး ၅၀ အနိုင်နဲ့ ဂိုးပေါင်း ၃ လုံး ၅၀ အနိုင် ပေါက်ပါတယ်။ ရွေးကြစတမ်းဆိုရင် အေစီမီလန်နဲ့ ဂိုးအောက် ကြိုက်ပါတယ်။

ကက်ဂလီယာရီ – စပီဇီယာ (ည ၁၁:၃၀)

ကက်ဂလီယာရီဟာ တန်းတက်စပီဇီယာနှင့် တစ်မှတ်တည်းဘဲ ကွာဟနေပါတယ်။ ဒီဖရန်ဆစ္စကိုရဲ့ ကက်ဂလီယာရီဟာ ကြားရက်တုန်းက ကိုပါအီတာလီယာမှာ ဗီရိုနာကို အနိုင်ရရှိထားပြီး ပြီးခဲ့တဲ့အပတ်ဂျူဗင်တပ် ရှုံးပွဲကနေ ပြန်လည်ရုန်းထွက်ဖို့ ကြိုးစားပါလိမ့်မယ်။

စပီဇီယာမှာ အဓိကကစားသမားတွေ မပါဝင်ပေမယ့်လည်း နောက်ဆုံးလိဂ်ပွဲ ၅ ပွဲမှာ ၁ ပွဲတည်းဘဲ ရှုံးနိမ့်ထားတာ သတိပြုရပါမယ်။

အခုပွဲမှာ ကက်လီယာရီက သရေ ၅၀ အရှုံးပေးထားပြီး ဂိုးပေါင်း ၃ လုံး ၆၀ အနို်ငဖွင့်လှစ်ထားပါတယ်။ ဒီပွဲမှာ အနိုင်ရရင် ထိပ်ဆုံး ၁၀ သင်းသို့ ဝင်ရောက်မယ့် ကက်ဂလီယာရီနဲ့ ဂိုးပေါင်းကြိုက်ပါတယ်။

နာပိုလီ – ရိုးမား (နံနက် ၂:၃၀)

ဒီပွဲမှာ နာပိုလီအတွက် ဆန်ပါအိုလိုကွင်းအမည်ကို အသုံးပြုပြီး ကစားတဲ့နောက်ဆုံးပွဲ ဖြစ်လာဖို့ ရှိပါတယ်။ နာပိုလီဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်ကစားသမား မာရာဒိုနာကို ဂုဏ်ပြုပြီး ကွင်းအမည်ပြောင်းလဲသွားပါမယ်။

နာပိုလီက နောက်ပိုင်းမှာ ခြေစွမ်းအတက်အကျတွေ ဖြစ်နေပြီး ပြီးခဲ့တဲ့ပွဲတုန်းက အဝတ်အစားလဲခန်းထဲမှာ နည်းပြဂတ်တူဆိုနှင့် ကစားသမားတွေ အချင်းများခဲ့ကြတယ်လို့တောင် သတင်းထွက်ခဲ့ပါတယ်။

ရိုးမားက စီးရီးအေမှာ ခြေအမှန်ဆုံးအသင်းဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအနိုင်ရရှိထားကာ ပြိုင်ပွဲအရပ်ရပ်မှာ နောက်ဆုံး ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိပါဘူး။ ဒါ့အပြင် ယခုပွဲမှာ ကိုဗစ်ကနေ ပြန်ကောင်းလာပြီ ဖြစ်တဲ့ ဒီဇီကို ပြန်ပါဝင်လာမှာ ဖြစ်လို့ တိုက်စစ်ကောင်းမွန်လာပါမယ်။

နာပိုလီက သရေ ၅၀ အရှုံးပေးထားပြီး ဂိုးပေါင်းက ၃ လုံး ၁၀ အရှုံး ဖြစ်ပါတယ်။ ခြေစွမ်းမှန်နေတဲ့ ရိုးမားနဲ့ ဂိုးပေါင်းအပေါ်ဘက်မှာဘဲ ရပ်တည်သွားပါမယ်။

Facebook Comments Box
Facebook Comment