ရီးရဲလ်မက်ဒရစ်၏ ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ဇီဒန်း အပြည့်အဝယုံကြည်

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက ရီးရဲလ်မက်ဒရစ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းသည် မနေ့ညတုန်းက ဘာနေဗျူးကွင်း၌ ရှက်တာဒိုးနက်စ်ကို ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားများနှင့် ကြုံတွေ့နေရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်အပတ်တုန်းကလည်း တန်းတက် ကာဒစ်ဇ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရှက်တာဒိုးနက်စ်သည် ပထမပိုင်းတွင် ရီးရဲလ်မက်ဒရစ်ကို ၃-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး လူကာမိုဒရစ်နှင့် ဗင်နီစီယပ်စ်ဂျူနီယာတို့က ချေပဂိုးများ သွင်းခဲ့၍ ၃-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် ရှက်တာဒိုးနက်စ်အရှုံးကြောင့် ၁၉၈၆ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်၌ သုံးပွဲဆက် အရှုံးနှင့် ကြုံထားရသည်။

ဇီဒန်းသည် ယင်းသို့ ရှုံးပွဲဆက်မှုနှင့်အတူ ဖိအားများနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ ထို့အပြင် ရီးရဲလ်မက်ဒရစ်သည် လာမည့် စနေနေ့တွင် နျူးကမ့်သို့ သွားရောက်ကာ ဘာစီလိုနာနှင့် ရင်ဆိုင်ကစားသွားရဦးမည် ဖြစ်သည်။

ဇီဒန်းက “ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့သူအဖြစ် ကိုယ့်ကိုယ်ကို မြင်နေတုန်းပါ။ ကျွန်တော်လည်း ဖြေရှင်းဖို့ ကြိုးစားသွားပါမယ်။ ကစားသမားတွေကလည်း ကြိုးစားသွားပါမယ်။ ကျွန်တော်တို့ အဖြေရှာသွားပါမယ်။ အခု လာမယ့် စနေနေ့ပွဲ(ဘာစီလိုနာအဝေးကွင်း)အတွက် စတင် ပြင်ဆင်သွားပါတော့မယ်”ဟု ပြောကြားသွားသည်။

ရှက်တာဒိုးနက်စ်သည် ကိုဗစ်ကူးစက်ခံရသည့် ကစားသမား ၁၀ ဦးအထိ ရှိနေခြင်းကြောင့် ရီးရဲလ်မက်ဒရစ်ပွဲကို လွဲချော်ခဲ့သော်လည်း ပထမပိုင်းတွင်ပင် တီတီ၊ ဆော်လမွန်၊ ဗာရိန်း (OG)ဂိုးတို့ဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment