
ရီးရဲလ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို အဌားဖြင့်ခေါ်ရန် ယူနိုက်တက် စီစဉ်နေ
မန်ချက်စတာယူနိုက်တက်သည် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်တွင် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရသည့် ဆားဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ကို အဌားဖြင့်ခေါ်ယူရန် စီစဉ်ထားကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။
အသက် ၂၂ နှစ်အရွယ် ဂျိုဗစ်သည် ယမန်နှစ် နွေရာသီက ဖရန့်ဖတ်မှ ပေါင် ၅၅ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး မက်ဒရစ်အခြေစိုက် ကလပ်တွင် ရုန်းကန်နေရသည်။
ဆားဘီးယား အသင်းအတွက် ၇ ပွဲတွင် ၂ ဂိုးသွင်းထားသူ ဂျိုဗစ်သည် ယမန်နှစ်ရာသီက လာလီဂါ ၁၇ ပွဲတွင် ၂ ဂိုးသာ သွင်းနိုင်ခဲ့ပြီး အခြား ၁၀ ပွဲတွင်လည်း ဂိုးသွင်းနိုင်ခြင်း မရှိပေ။
ရီးရဲလ်နည်းပြ ဇီဒန်းကလည်း ၎င်းကို အခြားအသင်းများထံ အဌားချထားရန် စီစဉ်လျက်ရှိရာ ယူနိုက်တက်က ယခု ဘောလုံးရာသီကုန်အထိ အဌားခေါ်ယူနိုင်ရေးအတွက် ကမ်းလှမ်းသွားမည်ဖြစ်သည်။
ဂျိုဗစ်ကို စီးရီးအေထိပ်တန်းကလပ် ရိုးမားအပြင် အခြား ဥရောပကလပ်များကလည်း စောင့်ကြည့်လျက်ရှိရာ ယူနိုက်တက်အတွက် ကြိုးစားရမည့် သဘောဖြစ်သည်။
ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဗန်ဒီဘိခ်ကိုသာ ခေါ်ယူထားသော ယူနိုက်တက်သည် ဂျိုဗစ်ကို ခေါ်ယူရန် စီစဉ်ထားသလို ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုလည်း အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမည့် အောက်တိုဘာ ၅ ရက်မတိုင်မီ ခေါ်ယူနိုင်ရန် ကြိုးစားနေသည်။
Ref:dailymail