ရိုးမား ဝါရင့်နောက်ခံလူ ကိုလာရော့ဗ်ကို အင်တာမီလန် ခေါ်ယူ

အင်တာမီလန်အသင်းသည် စီးရီးအေပြိုင်ဘက် ရိုးမားအသင်းမှ ဆားဘီးယားဝါရင့်နောက်ခံလူ အလက်ဇန္ဒားကိုလာရော့ဗ်ကို ယူရို ၁ ဒသမ ၅ သန်းဖြင့် ခေါ်ယူလိုက်ပြီး ၁ နှစ်စာချုပ် ချုပ်ဆိုလိုက်သည်။

အသက် ၃၄ နှစ်အရွယ် ကိုလာရော့ဗ်သည် လာဇီယို၊ မန်စီးတီးတို့တွင်လည်း ကစားဖူးပြီး ရိုးမားတွင်ကစားသည့် ၃ ရာသီအတွင်း ပြိုင်ပွဲစုံ ၁၃၂ ပွဲတွင် ၁၉ ဂိုး သွင်းယူထားသည်။

ချန်ပီယံလိဂ်နှင့် စီးရီးအေတွင် အောင်မြင်မှုများရယူရန် ရည်မှန်းထားသော အင်တာမီလန်နည်းပြ ကွန်တီသည် မန်စီးတီး နှင့် ပရီးမီးယားလိဂ် ၂ ကြိမ် ရယူခဲ့သော ကိုလာရော့ဗ်၏ အတွေ့အကြုံနှင့် ခြေစွမ်းကို ယုံကြည်မှုရှိသောကြောင့် ၁ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်ပြီး နောက် ၁ နှစ် သက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုထားသည်။

ဆားဘီးယား အသင်းအတွက် ၉၂ ပွဲတွင် ၁၁ ဂိုးသွင်းထားသော ကိုလာရော့ဗ်၏ အသက်အ ရွယ်အရ လက်ရှိတန်ကြေးက ယူရို ၆ သိန်းသာတန်သော်လည်း အင်တာက ထိုထက် ၃ ဆနီးပါးတန်ကြေးဖြင့် ဝယ်ယူခဲ့ခြင်းက ၎င်းအပေါ် ယုံကြည်မှုရှိသည်ကို ပြသနေခြင်းဖြစ် သည်။

ကိုလာရော့ဗ်သည် အင်တာမီလန်တွင် တစ်နှစ်လစာ ယူရို ၃ သန်း ရရှိမည်ဖြစ်ပြီး ရိုးမားကလည်း ၎င်း၏ ခြေစွမ်းနှင့် ပွဲထွက်ခွင့်အပေါ် မူတည်၍ မီလန်အခြေစိုက်ကလပ်ထံမှ နောက်ထပ် ယူရို ၅ သိန်း ထပ်မံခံစားရဖွယ် ရှိနေသည်။

ဖရီးကစ်ကန်ရာတွင် ထူးချွန်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ကိုလာရော့ဗ်က အင်တာမီလန်သို့ ပြောင်းရွှေ့ခွင့်ရသောကြောင့် ကျေနပ်မိကြောင်းနှင့် ကွန်တီ၏ အနာဂတ်အစီ အမံများထဲ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုသည်။

Ref:inter.it

Facebook Comments Box
Facebook Comment