
ရိုးမားဂန္ထဝင် တော့တီ COVID-19 ကူးစက်ခံထားရ
အီတလီနှင့် ရိုးမားအသင်း၏ ဂန္ထဝင် ကစားသမား ဖရန်ဆက်စကိုတော့တီသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရကြောင်း အီတလီ မီဒီယာများက ဖော်ပြသည်။
ကစားသမားဘဝကို ရိုးမားတွင်သာ ကုန်ဆုံးခဲ့သော အသက် ၄၄ နှစ်အရွယ် တော့တီသည် ယခုရက်ပိုင်းအတွင်း အားအင်ဖျော့တော့ကာ ပင်ပန်းနွမ်းနယ်နေသောကြောင့် COVID-19 စစ်ဆေးမှု ခံယူခဲ့သည်။
ယနေ့ရရှိသည့် ဆေးစစ်ချက် အဖြေအရ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီအသင်းတွင် ပါဝင်ခဲ့သော တိုက်စစ်မှူးဟောင်း တော့တီတွင် ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရှိရသည်။
၂၀၁၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သော တော့တီသည် ရိုးမားအတွက် ၂၅ ရာသီ ကစားခဲ့စဉ်အတွင်း ပြိုင်ပွဲစုံ ၇၈၆ ပွဲတွင် ၃၀၇ ဂိုးသွင်း ကာ စီးရီးအေ ချန်ပီယံ ၁ ကြိမ်၊ ကိုပါအီတာလီယာနှင့် အီတလီ စူပါဖလားတို့ကို ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
တော့တီ၏ လတ်တလော အနေအထားမှာ ရောဂါလက္ခဏာအချို့ ပြသနေ သော်လည်း အခြေအနေ တိုးတက်လာကြောင်း နီးစပ်သူများ၏ အဆိုကို ကိုးကား၍ အီတလီ သတင်းဌာနများက ဖော်ပြသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဆီးချိုရောဂါနှင့် အခြားရောဂါများ ခံစားနေရသော တော့တီ၏ဖခင် အန်ဇို(၇၆ နှစ်)သည် COVID-19 ကြောင့် ကွယ်လွန်ခဲ့သည်။
Ref:SkySportialia