ရာသီသစ်တွင် ဘောလုံးလောကကို လွှမ်းမိုးရန် ဂျူဗင်တပ် အသင့် ဖြစ်နေပြီဟု ရော်နယ်ဒို သတိပေး

ခရစ္စတီယာနိုရော်နယ်ဒိုက ဂျူဗင်တပ်အသင်းမှာ ၂၀၂၀-၂၁ ရာသီတွင် အီတလီ၊ ဥရောပနှင့် ကမ္ဘာ့ဘောလုံးလောကတို့အား စိုးမိုးရန် ရည်မှန်းထားကြောင်း ပြောကြားလိုက်သည်။

ဂျူဗင်တပ်သည် ၂၀၁၉-၂၀ ရာသီတုန်းက စကူဒက်တိုဖလားကို ကိုးကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့သော်လည်း ကိုပါအီတာလီယာဖလား မဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းအဆင့်မှ ထွက်ခွာခဲ့ရသည်။

ဂျူဗင်တပ်သည် ၂၀၁၈-၁၉ ရာသီတုန်းက ဒုတိယနေရာမှ နာပိုလီကို ၁၁ မှတ်အထိ ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့သော်လည်း ၂၁၀၁၉-၂၀ ရာသီတွင်မူ ဒုတိယနေရာမှ ကွန်တီ၏အင်တာမီလန်အား ရမှတ် ၁ မှတ်တည်းသာ ဖြတ်ထားနိုင်ခဲ့သည်။

ချန်ပီယံလိဂ်တွင် ၁၆ သင်းအဆင့်၌ လိုင်ယွန်အား ရှုံးနိမ့်ကာ ထွက်ရမှုနှင့်အတူ ဂျူဗင်တပ်သည် နည်းပြဆာရီကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြအတွေ့အကြုံလုံးဝမရှိသည့် အင်ဒရေပီယာလိုအား နည်းပြသစ်အဖြစ် ခန့်အပ်ထားသည်။

ခရစ္စတီယာနိုရော်နယ်ဒိုက “ဂျူဗင်တပ်နဲ့တတိယရာသီအတွက် ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ စိတ်ဓာတ်နဲ့ ရည်မှန်းချက်က အရင်ထက် ပိုပြီးတော့တောင် မြင့်မားနေပါတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးအရာတွေဖြစ်တဲ့ ဂိုးတွေ၊ နိုင်ပွဲတွေ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ပေးဆပ်မှု၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေ၊ ကျွန်တော့် ကစားဖော်တွေနဲ့နည်းပြအဖွဲ့တွေရဲ့ ကူညီမှုတွေနဲ့အတူ ကျွန်တော်တို့ဟာ အီတလီ၊ ဥရောပနဲ့ကမ္ဘာကို သိမ်းပိုက်ပြီးအလုပ်လုပ်နေပါပြီ။ စံချိန်တွေရိုက်ချိုး၊ အတားအဆီးတွေကို ကျော်ဖြတ်၊ ဆုဖလားတွေရယူ၊ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေကို ဖြစ်အောင်လုပ်သွားမယ်။ အမြင့်သို့ရောက်ဖို့၊ အောင်မြင်မှုရရှိဖို့လမ်းမှာကြုံရမယ့်စိန်ခေါ်မှုအားလုံးကို ကျော်ဖြတ်သွားမယ်”ဟု ပြောကြားသွားသည်။

၂၀၂၀-၂၁ စီးရီးအေရာသီသစ်အား စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်သွားမည်ဖြစ်သည်။ အကယ်၍ ဂျူဗင်တပ်သာ စကူဒက်တိုဖလားအား ထပ်မံဆွတ်ခူးနိုင်ပါက စကူဒက်ဆိုဖလားအား ဆယ်ကြိမ်ဆက်ဆွတခူးနိုင်ခဲ့သည့် ပထမဆုံးကလပ်အဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်မည် ဖြစ်သည်။

Ref: Goal

Facebook Comments Box
Facebook Comment