ရာသီသစ်တွင် ကွင်း ပြန်ဖွင့်နိုင်ရန် ဂျူဗင်တပ် လုပ်ဆောင်နေ

ဂျူဗင်တပ်သည် လာမည့် ၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်တွင် တစ်ရာသီစာ လက်မှတ် ကိုင်ဆောင်ထားသူများအား ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့်ရရှိရေးအတွက် အာဏာပိုင်များထံသို့ တင်ပြမှု ပြုလုပ်ထားကြောင်း သိရသည်။

အီတလီတွင် မတ်လအစောပိုင်းတုန်းက COVID-19 အကြီးအကျယ် ကူးစက်ကာ လူသေမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဘောလုံးပွဲများကို တံခါးပိတ်ကစားလာခဲ့ကြသည်။

သို့ရာတွင် ဂျူဗင်တပ်သည် လာမည့် ၂၀၂၀-၂၁ ရာသီသစ်တွင် Allianz Juventus Stadium သို့ ပရိသတ်များ ပြန်လည် ဝင်ရောက်ကြည့်ခွင့်ရရှိရေးအတွက် အုပ်ချုပ်ရေးမှူး အယ်လ်ဘာတို စီရီယိုထံသို့ တင်ပြထားပြီ ဖြစ်သည်။

စီရီယိုက “အနာဂတ်ကူးစက်ပျံ့ပွားမှုကို တားဆီးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တလေးတစား လိုက်နာမယ်ဆိုရင် ပုံမှန်အခြေအနေသို့ ကျွန်တော်တို့ ပြန်ရောက် နိုင်ပါတယ်။ ကလပ်ရဲ့ အဓိကရည်မှန်းချက်ကတော့ ပထမပွဲမှာကတည်းက အဆင့်သင့်ဖြစ်နေဖို့ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အီတလီထိပ်သီး နာပိုလီသည် လေ့ကျင့်ရေးအစီအစဉ်နှင့် ခြေစမ်းပွဲများသို့ ပရိသတ် တစ်ထောင် လာရောက်ကြည့်ခွင့်ပေးကာ ရာသီသစ်တွင် ကွင်းအတွင်း ပရိသတ်များ လာရောက်ကြည့်နိုင်ရေးအတွက် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိနေသလို ဆမ်ဒိုးရီးယားသည်လည်း အလက်ဇန်းဒရီးယားနှင့်ခြေစမ်းပွဲကို ပရိသတ် ၁၀၀၀ ဝင်ရောက် ကြည့်ခွင့်ပေးခဲ့သည်။ စီးရီးအေ ၂၀၂၀-၂၁ ရာသီကို စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် စတင်မည်ဖြစ်ပြီး ပီယာလိုဦးဆောင်နေသည့် ဂျူဗင်တပ်သည် ဆမ်ဒိုးရီးယားနှင့် အဖွင့်ပွဲကစားသွားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment