ရာသီကုန်အထိ အနားယူရမယ့် ချဲလ်ဆီးနောက်ခံလူ

ချဲလ်ဆီးညာနောက်ခံလူ ရိစ်ဂျိမ်းစ်သည် တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိ ကစားနိုင်တော့မည်မဟုတ်ကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင် ၎င်းသည် ဒဏ်ရာနှင့် ကြံ့ခိုင်မှုပြဿနာများကြောင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲထွက်လူစာရင်းမှ ၁၆ ပွဲသာ ပါဝင်ခွင့်ရထားသည်။

ယခုနောက်ဆုံးရရှိသည့် ဒဏ်ရာမှ လွန်ခဲ့သည့်တပတ်က ရီးရဲလ်မက်ဒရစ်အား ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။

စတမ်းဖို့ဒ်ဘရစ်ချ် အိမ်ကွင်းရှုံးပွဲတွင် ရိစ်ဂျိမ်းစ်သည် ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့သည်။

ပွဲအပြီးတွင် ဒဏ်ရာကို အသေးစိတ်စစ်ဆေးခဲ့ရာ ထင်မှတ်ထားသည်ထက် ပိုမိုပြင်းထန်သည်ကို တွေ့ရှိခဲ့သောကြောင့် ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်သည်။

နည်းပြဖရန့်လမ်းပတ်က ကွင်းလယ်လူ မေဆန်မောင့်မှာလည်း ရာသီမကုန်မီ ပြန်ကစားနိုင်ဖွယ်မရှိတော့ကြောင်းလည်း အတည်ပြုသည်။

Facebook Comments Box
Facebook Comment