
ရာဖင်ညာကို ဇာဗီ ယုံကြည်
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသော တောင်ပံကစားသမား ရာဖင်ညာအပေါ် ယုံကြည်မှုအပြည့်ရှိပြီး ၎င်း၏အနာဂတ် ဆက်ရှိနေမည်ဟု ဘာစီလိုနာနည်းပြ ဇာဗီက ပြောသည်။
လိဒ်စ်ယူနိုက်တက်မှ ပေါင်သန်း ၅၀ ဖြင့်ပြောင်းရွှေ့လာသော ရာဖင်ညာသည် ယခုနောက်ပိုင်း ပွဲစဉ်များတွင် လူစားဝင်အဖြစ်သာ ပါဝင်ခွင့်ရနေသည်။
၂၆ နှစ်အရွယ် ဘရာဇီးလ်သားသည် စပိန်သို့ရောက်လာပြီးနောက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားခွင့်ရထားသည်။
သို့သော်လည်း ပွဲချိန်ပြည့်ကစားခွင့်ရသည်က တပွဲသာရှိပြီး ဇာဗီက ဒမ်ဘီလီကိုသာ ဦးစားပေးပွဲထုတ်နေသည်။
ထို့ကြောင့် အာဆင်နယ်က ရာဖင်ညာကို ခေါ်ယူမည်ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသော်လည်း ဇာဗီက အသင်း၌ ဆက်ရှိမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
“ရာဖင်ညာက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားတယောက်ပါ။ ကျွန်တော် ဒါကို သံသယမရှိပါဘူး။
ရာဖင်ညာက အရမ်းကို အရေးပါတယ်။ ဘာစီလိုနာရဲ့ အနာဂတ်မှာ သူဆက်ရှိနေမယ်လို့ တကယ်ယုံကြည်ပါတယ်” ဟု ဇာဗီက ဆိုသည်။
Ref:as