ရာထူးမှ နုတ်ထွက်လိုက်ပြီဆိုသည့်သတင်းကို ဘာစီလိုနာဥက္ကဌဘာတိုမြူငြင်းဆို

ဘာစီလိုနာဥက္ကဌဂျိုးဆက်ဖ်ဘာတိုမြူသည် မက်ဆီကအသင်းမှထွက်ခွာရန် တောင်းဆိုလာမှုနှင့်အတူ ဘာစီလိုနာဥက္ကဌရာထူးမှ နုတ်ထွက်လိုက်ပြီဆိုသည့်သတင်းကို ငြင်းဆိုသွားသည်။

မက်ဆီသည် အင်္ဂါနေ့တုန်းက ဘာစီလိုနာမှ ထွက်ခွာတော့မှာဖြစ်ကြောင်း အကြောင်းကြားခဲ့ပါသည်။ ယင်းသို့ မက်ဆီက အသင်းပြောင်းခွင့်တောင်းဆိုလာမှုနှင့်အတူ ဘာတိုမြူသည် ဘာစီလိုနာဥက္ကဌရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။

ဘာတိုမြူသည် ဘာစီလိုနာဥက္ကဌရာထူးအား နောက်ဆုံးသက်တမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဥက္ကဌသစ် ရွေးကောက်ပွဲအား ၂၀၂၁ ခုနှစ်၊ မတ်လသို့ ရွှေ့ဆိုင်းကာ စော၍ ကျင်းပရန် စီစဉ်ထားသည်။ ဘာစီလိုနာပရိသတ်များသည် မက်ဆီက အသင်းပြောင်းခွင့်တောင်းဆိုလာပြီးနောက် အင်္ဂါနေ့ညတုန်းက နျူးကမ့်တွင် လာရောက်စုဝေးကာ ဘာတိုမြူအား နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

သို့ရာတွင် ဘာတိုမြူက ဘာစီလိုနာဥက္ကဌရာထူးမှ နုတ်ထွက်လိုက်ပြီဆိုသည့်သတင်းကို တရားဝင် ငြင်းဆိုလာပြီဖြစ်သည်။ ဘာတိုမြူသည် ၂၀၁၄ ခုနှစ်တုန်းက ဆန်ဒရိုနုတ်ထွက်သွားပြီးနောက် ဘာစီလိုနာဥက္ကဌဖြစ်လာသူဖြစ်ပြီး လာမည့်ဘာစီလိုနာရွေးချယ်ပွဲတွင် သူ့စိတ်ကြိုက် ဘုတ်အဖွဲ့ဝင်တစ်ဦးကို ၎င်းတို့အဖွဲ့ကိုယ်စားယှဉ်ပြိုင်စေဦးမည့်သူလည်း ဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာနှင့် တစ်နှစ်စာချုပ်ကျန်နေသေးကာ စာချုပ်တွင် စာချုပ်ဖျက်သိမ်းကာ ထွက်ခွာနိုင်သည့်အချက်ပါဝင်နေမှုဖြင့် ထွက်ခွာခွင့်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းအချက်မှာ ဇွန်လတွင် ကုန်ဆုံးသွားပြီဖြစ်ရာ ဘာစီလိုနာက အလွယ်တကူ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာစေဖွယ်မရှိဘဲ စာချုပ်ပါအချက်အတိုင်း ယူရိုသန်း ၇၀၀ တောင်းဆိုဖွယ်ရှိသည်။

မက်ဆီကမူ ထွက်ခွာနိုင်သည့်အချက်မှာ ဇွန်လတွင်ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း ၂၀၁၉-၂၀ရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဩဂုတ်လအထိရှိနေရာ ယခုလအထိ အကျုံးဝင်နေသေးသည်ဟု ယုံကြည်နေသည်။

Ref: Dario Sport

Facebook Comments Box
Facebook Comment