ရပ်ရှ်ဖို့ဒ်၏ခြေရာကို နင်းကာ နွမ်းပါးသည့် လူငယ်များကို ကူညီဖို့ ဖောင်ဒေးရှင်း တည်ထောင်လိုက်သည့် စတာလင်း

ရာဟမ်းစတာလင်းသည် ဗြိတိန်တလွှားမှ ဆင်းရဲနွမ်းပါးသည့် မိသားစုမှ လူငယ်များကို ကူညီနိုင်ရန်အတွက် ပရဟိတဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်သည်။ အသက် ၂၅ နှစ်ရှိ စတာလင်းသည် အင်္ဂလန်ကစားဖော် ရပ်ရှ်ဖို့ဒ်၏ ဗြိတိန်တလွှား နွမ်းပါးသည့် ကလေးငယ်များအတွက် အစားအသောက် အခမဲ့စားခွင့် ရရှိရေး လုပ်ဆောင်မှုအပေါ် အတုယူအားကျကာ ယခုကဲ့သို့ ဖောင်ဒေးရှင်းတည်ထောင်လာခြင်းလည်း ဖြစ်သည်။

ရာဟမ်းစတာလင်း၏ ဖောင်ဒေးရှင်းသည် နွမ်းပါးသည့် လူငယ်များအတွက် တက္ကသိုလ်စကော့လားရှစ်ပေးခြင်း၊ အလုပ်သင် အခွင့်အလမ်း ရရှိရေးတို့အတွက် အခွင့်အရေးပေးသွားမည် ဖြစ်သည်။

စတာလင်းက “လူငယ်တွေအနေနဲ့ တက္ကသိုလ်တက်ချင်တယ်၊ ဘောလုံးပစ္စည်းတွေ လိုအပ်တယ်၊ အခြားအရာတွေ လိုအပ်တယ်ဆိုရင် ကျွန်တော့်ဘက်က အကူအညီပေးသွားပါမယ်။ ကျွန်တော့်ဘက်က သူတို့ကို ကူညီနိုင်တာ ကူညီပြီး ပျော်ရွှင်မှုရစေချင်ပါတယ်”ဟု ပြောကြားသွားသည်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်သည် ကိုဗစ်ကာလအတွင်း ဗြိတိန်တလွှား ကလေးငယ်များ အဟာရပြည့်ဝစွာ စားသောက်နိုင်ရေး တိုက်ပွဲဝင်မှုကြောင့် ဗြိတိန်ဘုရင်မကြီး၏ MBE ဘွဲ့ချီးမြှင့်ခြင်း ခံထားရသည်။

Facebook Comments Box
Facebook Comment