
ရစ်ချာလီဆင် ကယ်တင်ခဲ့ရတဲ့ ဘရာဇီးလ်

ဘရာဇီးလ် ၂-၀ ဆားဘီးယား
ဒီနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း တစ်သင်းဖြစ်တဲ့ ဘရာဇီးလ်ဟာ ဆားဘီးယားကို အကြိတ်အနယ် ကစားခဲ့ရပြီး စပါး တိုက်စစ်မှုး ရစ်ချာလီဆင်ရဲ့ အနိုင်ဂိုး နှစ်ဂိုးကြောင့်သာ အသက်ရှူ ချောင်ခဲ့ရပါတယ်။
၁၉၉၈ မှာ နော်ဝေကို ရှုံးခဲ့ပြီးတဲ့ နောက်ပိုင်း ကမ္ဘာ့ဖလား အုပ်စု အဆင့်မှာ တစ်ကြိမ်မှ မရှုံးခဲ့တဲ့ ဘရာဇီးလ်ဟာ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးသွင်းခွင့် ၃ ကြိမ်သာ ရခဲ့ပြီး တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်း ရောက်မှ ဘရာဇီးလ်တို့ ဂိုးပေါက် ပြန်တွေ့ခဲ့ကာ ရစ်ချာလီဆင်က ဂိုးနှစ်ဂိုးကို ၁၀ မိနစ်ပဲခြားပြီး သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ဆိုင်မှုက ဘရာဇီးလ်ဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား တုန်းကလည်း ဆားဘီးယားနဲ့ တစ်အုပ်စုတည်း ကျခဲ့ပြီး အခု ရလဒ်အတိုင်းပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Facebook Comments Box
Facebook Comment