
ယူရို ၂၀၂၀ အုပ်စုပွဲစဉ်များ ပြည့်စုံစွာ ထွက်ပေါ်လာ
ဥရောပဖလား(ယူရို) ပြိုင်ပွဲသက်တမ်းတစ်လျှောက် အိမ်ရှင်အများဆုံးဖြင့် ကျင်းပမည့် ယူရို ၂၀၂၀ အုပ်စုအဆင့် ပွဲစဉ်များ ပြည့်ပြည့်စုံစုံ ထွက်ပေါ်လာပြီ ဖြစ်သည်။
နေးရှင်းလိဂ်ပွဲစဉ်များနှင့်အတူ တစ်ပါတည်းပြုလုပ်သော ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် အဆုံးအဖြတ်ပွဲများတွင် စကော့တလန်က ဆားဘီးယားကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နောက်ဆုံးအဆင့်သို့ တက်ရောက်သွားခဲ့သည်။
ထို့အတူ ဟန်ဂေရီကလည်း အိုက်စလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ နောက်ဆုံးအဆင့် ၂၄ သင်းစာရင်းထဲ ဝင်ရောက်နိုင်ခဲ့သည်။
မူလက ယူရို ၂၀၂၀ ပြိုင်ပွဲကို ယခုနှစ် ဇွန်လ ၁၂ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးရွားလာသောကြောင့် မတ်လအတွင်းမှာပင် ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
ပြင်ဆင်ပြောင်းလဲလိုက်သည့် ပြက္ခဒိန်အရ ယူရို ၂၀၂၀ ပြိုင်ပွဲအား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ အဇာဘိုင်ဂျန်၊ ဒိန်းမတ်၊ အင်္ဂလန်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ နယ်သာလန်၊ အိုင်ယာလန်၊ ရိုမေးနီးယား၊ ရုရှား၊ စကော့တလန်၊ စပိန် စသည့် ၁၂ နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အုပ်စုအဆင့်တွင် ၄ သင်းပါ ၆ အုပ်စုခွဲခြားထားပြီး အုပ်စုတစ်ခုစီမှ ပထမ၊ ဒုတိယ အသင်း ၁၂ သင်းနှင့် အကောင်းဆုံး အုပ်စုတတိယ ၄ သင်း စုစုပေါင်း ၁၆ သင်းက ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ယူရို ၂၀၂၀ အုပ်စုခွဲဝေမှု
အုပ်စု A
တူရကီ၊ အီတလီ၊ ဝေးလ်စ်၊ ဆွစ်ဇာလန်
အုပ်စု B
ဒိန်းမတ်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ရုရှား
အုပ်စု C
နယ်သာလန်၊ ယူကရိန်း၊ သြစတြီးယား၊ မြောက်မက်ဆီဒိုးနီးယား
အုပ်စု D
အင်္ဂလန်၊ ခရိုအေးရှား၊ စကော့တလန်၊ ချက်
အုပ်စု E
စပိန်၊ ဆွီဒင်၊ ပိုလန်၊ ဆလိုဗက်ကီးယား
အုပ်စု F
ဟန်ဂေရီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ