
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲကြို အချက် အလက်များ
ဆီဗီလာ Vs မန်ယူ
📅 ၁၇-၈-၂၀၂၀
⏰ နံနက် ၁:၃၀ နာရီ
🏟 ရိန်းအင်နာဂျီကွင်း(ကိုလုံး)
ထိပ်တိုက်တွေ့ဆုံမှု
၁၄-၃-၂၀၁၈ မန်ယူ ၁-၂ ဆီဗီလာ
၂၂-၂-၂၀၁၈ ဆီဗီလာ ဝ-၀ မန်ယူ
၁၀-၈-၂၀၁၃ မန်ယူ ၁-၃ ဆီဗီလာ
ထူးခြားအချက်အလက်
⚽ မန်ယူသည် ဥရောပအဆင့်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်သည့် နောက်ဆုံး ၄ ကြိမ် (၂၀၀၈၊ ၂၀၀၉၊ ၂၀၁၁ ချန်ပီယံလိဂ်၊ ၂၀၁၇ ယူရိုပါလိဂ်)တွင် ချန်ပီယံဆုဖလားကို ၂ ကြိမ်ရယူဖူး။
⚽ မန်ယူသည် ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်မှ ပင်နယ်တီကန်သွင်းခွင့် ၂၁ ကြိမ်အထိရရှိထားပြီး ဥရောပ ထိပ်တန်းလိဂ် ၅ ခုအနက် အကြိမ်အများဆုံးရယူနိုင်သော အသင်းဖြစ်၊
⚽ မန်ယူနည်းပြဆိုးလ်ရှားသည် ၈၉ ပွဲကိုင်တွယ်ရာတွင် ၄၉ ပွဲအနိုင်ရထားပြီး ယနေ့ညပွဲတွင်သာ အနိုင်ရ ပါက အာနက်စ်မန်နော(၇၈ ပွဲ)၊ မော်ရင်ညို(၈၁ ပွဲ)တို့ပြီးလျှင် အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲ ၅၀ ပြည့်မြောက်အောင်ရယူနိုင်သည့် တတိယမြောက်အမြန်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်မည်။
⚽ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု ၁၁ ကြိမ်ရှိ ထားပြီး(မန်ယူနှင့် စပို့တင်းလစ္စဘွန်း နှစ်သင်းပေါင်း) ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားခြင်း ဖြစ်။
⚽ ဆီဗီလာသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ၅ ကြိမ်ဗိုလ်စွဲကာ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းတင် ထားပြီး ဆီမီးဖိုင်နယ်သို့ နောက်ဆုံးတက်ရောက်နိုင်သည့် ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ပြိုင်ပွဲ ၃ ကြိမ်စလုံး ဗိုလ်စွဲခဲ့။
-ဆီဗီလာသည် နောက်ဆုံး ၁၉ ပွဲတွင် ရှုံးပွဲလုံးဝမရှိဘဲ ၁၀ ပွဲနိုင်၊ ၉ ပွဲသရေကစားထား။
ဖြစ်နိုင်ဖွယ်လူစာရင်း
🇪🇸 ဆီဗီလာ(၄-၃-၃)
ဂိုး- ယက်ဆင်းဘူနို
နောက်- နာဗက်စ်၊ ဂျူးစ်ကောင်ဒီ၊ ဒီယေဂိုကားလို့စ်၊ ရီဂွီလန်
လယ်- ဘာနီဂါ၊ ဖာနန်ဒို၊ ဂျော်ဒန်
ရှေ့- ဆူဆို၊ အန်နက်ဆရီ၊ အိုကမ်ပို့စ်
🏴 မန်ယူ(၄-၂-၃-၁)
ဂိုး- ရိုမဲရိုး
နောက်- ဘရန်ဒန်ဝီလျံ၊ မက်ဂွိုင်းယား၊ ဘိုင်လီ၊ ဘစ်ဆာကာ
လယ်- ပေါ့ဂ်ဘာ၊ မာတစ်၊ ဖာနန်ဒက်စ်
ရှေ့- ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်
🚷 ဒဏ်ရာရ/ ပွဲပယ်
ဆီဗီလာ- နီမန်ဂျာဂူဒယ်၊ ကော်ချီယာ
မန်ယူ- တွမ်ဇီဘီ၊ လုခ်ရှော၊ ဖီးလ်ဂျုံးစ်