
“ ယူရိုပါလိဂ်သခင်ကြီး ဆီးဗီးလားရဲ့ကွင်းမှာ ဂျူဗင်တပ် လွတ်မြောက်နိုင်ပါ့မလား”
(ယူရိုပါလိဂ် စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်
⚔️ ဆီးဗီးလား Vs ဂျူဗင်တပ်
🎲 ဆီးဗီးလား (=-၂၀) / (၂-၅၀)
🔴ဆီးဗီးလား
လာလီဂါမှာ ဘယ်လိုရလဒ်ပဲထွက်နေပါစေ၊ ယူရိုပါလိဂ်မှာတော့ ဆီးဗီးလားကို လွယ်လွယ်ဦးချိုးလို့မရတဲ့ အစဉ်အလာတွေ အရင်ကရှိခဲ့သလို အခုလဲ ရှိနေဆဲပါ။ ပြီးခဲ့တဲ့အဆင့်မှာပဲ မန်ယူကို အဝေးကွင်းမှာသရေကန်ပြီး အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကို မှတ်မိဦးမယ်ထင်ပါတယ်။ ဆီးဗီးလားဟာ ဒီနှစ်ယူရိုပါလိဂ်မှာ အိမ်ကွင်းသုံးပွဲလုံးကို ပေးဂိုးမရှိဘဲ ရာနှုန်းပြည့်အနိုင်ယူထားတာလည်း တွေ့ရမှာပါ။ ရာကီတစ်၊ လာမယ်လာ၊ ဂိုမက်တို့လို့ အသင်းကြီးတွေမှာ ကစားဖူးတဲ့ ဝါရင့်ကစားသမားတွေရှိနေပြီး လတ်တလောမှာ ရစ်သမ်မိနေတာကို တွေ့ရမှာပါ။ ပြီးခဲ့တဲ့လာလီဂါပွဲမှာ ဗယ်လာဒိုးလစ်ကွင်းမှာကစားခဲ့ရပြီး အဓိကတိုက်စစ်မှုး အန်နာစရီကို အနားပေးခဲ့တာတောင် (၀-၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါသေးတယ်။ ဒါကြောင့် ဆီးဗီးလားကိုက လက်ရှိမှာ ကစားကွက်မိနေပြီး တစ်သင်းလုံးပုံစံကောင်းရနေချိန်လို့ ပြောရမှာပါ။
⚫ ဂျူဗင်တပ်
အိုးလေဒီတို့ကလည်း အဝေးကွင်းမှာပိုကောင်းနေတယ်လို့ ပြောရမှာပါ။ ရှုံးထွက်အဆင့်မှာ နန့်တက်ကို အိမ်ကွင်းမှာ (၁-၁)ကစားပြီးမှ အဝေးကွင်းမှာ (၀-၃)နဲ့ နိုင်ပစ်လိုက်တာမျိုးလည်း ရှိခဲ့တော့ အဝေးကွင်းဆိုပြီး အထင်သေးလိုက်လို့မရပါဘူး။ ကစားသမားစုဖွဲ့မှုမှာ ဆီးဗီးလားထက် အများကြီးသာလွန်နေတာက ဂျူဗီရဲ့အားသာချက်ဖြစ်နေပါတယ်။ ဂျူဗီမှာ ဗလာဟိုဗစ်၊ ဒီမာရီယာ၊ ကွာဒရာဒိုတို့လို ထိပ်တန်းအဆင့်ကစားသမားတွေရှိနေပါတယ်။ လတ်တလောမှာလည်း စီးရီးအေမှာ ပုံစံကောင်းရနေတာမို့ ဒီညမှာ သူတို့ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်ဝင်စားမိပါတယ်။
🎯ရွေးချယ်မှု
ဆီးဗီးလားက အိမ်ကွင်းမှာ (=-၂၀)သာ အကျောပေးထားပါတယ်။ ပအကျော့မှာ သရေကျထားလို့ နောက်တစ်ဆင့်တက်ဖို့ နှစ်သင်းလုံးမှာ ဇောကိုယ်စီကပ်နေမှာပါ။ ဒါကြောင့် အိမ်ကွင်းလည်းဖြစ်၊ အစဉ်အလာလည်းရှိတဲ့၊ မန်ယူကိုတောင် ဂိုးပြတ်ကြိတ်ခဲ့တဲ့ ဆီးဗီးလားဟာ ဂျူဗီနဲ့တွေ့မှ (=-၂၀)နဲ့ သွေးကြောင်သွားပါတယ်။ အမှန်ဆို အိမ်ကွင်းအရှိန်နဲ့ဖြစ်ဖြစ် (=-၆၀)လောက် ခန့်ခန့်ညားညားပေးသင့်တာပါ။ ဒီကြေးကတော့ အားမရပါဘူး။ ဒါ့အပြင် ဂိုးပေါင်းကြေးကလဲ (၂-၇၀)ကနေ (၂-၅၀)ကို ပြန်ကျလာပါတယ်။ ပအကျော့မှာ ဂိုးသိပ်မသွားတဲ့ နှစ်ဖက်တိုက်စစ်ကို ဒီညမှာလည်း အထင်မကြီးထားတဲ့ဖွင့်လှစ်မှုမျိုးပါ။ ပုံစံအရ အချိန်ပိုအထိ သွားနိုင်တဲ့ပွဲလို့ ယူဆမိပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဂျူဗင်တပ်နဲ့ ဂိုးအောက်ဆိုပြီး စုံအောက်နှစ်ကွက်ကိုရွေးထားချင်ပါတယ်။
✅ ဂျူဗင်တပ်
✅ ဂိုးအောက်
⚽ ခန့်မှန်းရလဒ် = (၁-၁)
⚔️ လေဗာကူဆင် Vs ရိုးမား
🎲 လေဗာကူဆင် (=-၇၅) / (၂-၅၀)
🔴 လေဗာကူဆင်
အိမ်ရှင်လေဗာကူဆင်ဟာ ယူရိုပါလိဂ်အိမ်ကွင်းသုံးပွဲမှာ ဖီရန်ဗားရို့စ်ကို အနိုင်၊ စိန့်ယူနီယံကို သရေနဲ့ မိုနာကိုကို ရှုံးထားတာတွေ့ရပါတယ်။ အလွန်ဆိုလက်ထက် ပုံစံကောင်းရနေတယ်ဆိုတာက တဖြေးဖြေးနဲ့ မှေးမှိန်လာသလို ခံစားရပါတယ်။ ဘွန်ဒက်လီဂါမှာလည်း ရလဒ်တွေမငြိမ်တော့ဘဲ အတော်ကြိုးစားထားရတဲ့ ဥရောပဝင်ခွင့်လေးတောင် သူများကို လွှဲပေးခဲ့ရပါပြီ။ ပအကျော့မှာလည်း ရိုးမားကိုခြေရည်ချင်းမယှဉ်နိုင်ခဲ့ပါဘူး။ ရိုးမားကပဲ ပိုပြီးထိရောက်တဲ့ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာတော့ အိမ်ရှင်ပရိသတ်ဖိအားနဲ့ ဖိုင်နယ်ကိုတက်ဖို့ကြိုးစားနိုင်မလား စောင့်ကြည့်ရပါဦးမယ်။
⚫ရိုးမား
ရိုးမားက မော်ရင်ဟိုကိုင်နေတဲ့ အသင်းပီပီ ခံစစ်စွမ်းရည်နဲ့ လူသိများနေပါတယ်။ ဒါပေမယ့် အခုတလောမှာ ဒိုင်ဘာလာပြန်ပါလာနိုင်ပြီးနောက် တိုက်စစ်က အတော်အသက်ဝင်လာပါတယ်။ ကံခေနေလို့သာ ဂိုးတွေမရခဲ့ပေမယ့် ပကျော့မှာ လေဗာကူဆင်ကို အတော်များများခြိမ်းခြောက်နိုင်ခဲ့တာတွေ့ရမှာပါ။ ဒိုင်ဘာလာ၊ ဝစ်နယ်ဒန်တို့လို နယ်စုံပတ်ကစားဖူးတဲ့သူတွေကို ပကျော့မှာ ပွဲမထုတ်ခဲ့တာက ဒုတိယအကျော့မှာ ဖိအားကင်းကင်းကစားနိုင်ဖို့ ရည်ရွယ်ထားပုံပါပဲ။ ဖလားပွဲတွေနဲ့ အကျိုးပေးတတ်သူ မော်ရင်ဟိုအတွက် နောက်ထပ်ဗိုလ်လုပွဲတစ်ခုကို တက်သွားနိုင်ဦးမလား စောင့်ကြည့်ရပါဦးမယ်။
🎯 ရွေးချယ်မှု
အိမ်ရှင် လေဗာကူဆင်က တစ်ဂိုးလိုနေတဲ့အသင်းဖြစ်သလို အိမ်ရှင်လည်းဖြစ်တာကြောင့် (=-၇၅)နဲ့ အကျောပေးလာပါတယ်။ မူလက (=-၉၅)နဲ့စခဲ့ပြီး ဒီနေ့မှာ အနည်းငယ်ပြန်ကျလာတာဖြစ်ပါတယ်။ ဂိုးပေါင်းကြေးကလည်း (၂-၇၀)ကနေ (၂-၅၀)ကို ပြန်ကျလာပါတယ်။ ဒီညမှာရှိတဲ့ ယူရိုပါလိဂါနှစ်ပွဲလုံး ဂိုးပေါင်းဝင်ရိုး တူကြပေမယ့် ဒီပွဲက ဂိုးလိုအပ်နေတဲ့အသင်းတစ်သင်းပါနေတာတောင် ဒီလောက်ပဲဖွင့်ထားလို့ အားမရပါဘူး။ ဖလားပွဲဆို တစ်ပွဲတိုးအကြံဉာဏ်ကောင်းတဲ့ ဆရာမော်ရဲ့ ရိုးမားနဲ့အတူ ဂိုးအောက်ကို တွဲရွေးထားကြည့်ချင်ပါတယ်။
✅ ရိုးမား
✅ ဂိုးအောက်
⚽ ခန့်မှန်းရလဒ် = (၁-၁)
အားလုံးအောင်ပွဲဆင်နိုင်ကြပါစေ။