
“ ယူရိုပါလိဂ်မှာရော အီတလီအသင်းတွေ ဈေးကောင်းရဦးမလား”
(ယူရိုပါလိဂ် စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်
⚔️ ဂျူဗင်တပ် Vs ဆီးဗီးလား
🎲 ဂျူဗင်တပ် (၁+၈၀) / (၂-၃၀)
⚫ ဂျူဗင်တပ်
၁၅မှတ်လျော့ပြစ်ဒဏ် ပယ်ဖျက်ခံရပြီးနောက် ဂျူဗီအတွက် အရာရာဟာ ပန်းခင်းတဲ့လမ်းပါပဲ။ စီးရီးအေမှာ အဆင့်(၂)နေရာကို ပြန်ရခဲ့ပြီး ကျန်ပွဲတွေမှာလည်း လောက်လောက်လားလားဆိုလို့ အေစီနဲ့ကစားဖို့ပဲကျန်တော့တာပါ။ ဒီတော့ ယူရိုပါလိဂ်မှာ တက်ကုန်ရွက်ကုန်ဖွင့်ဖို့ အခြေအနေပေးလာခဲ့တာပေါ့။ အဓိကကစားသမားတွေ ဒဏ်ရာရ/ ပွဲပယ်မိတာမျိုးမရှိဘဲ ဒီမာရီယာ၊ ဗလာဟိုဗစ်၊ ရာဘီရော့၊ ကွာဒရာဒိုတို့လို စီနီယာ-ဂျူနီယာတွေ အတွဲညီညီရုန်းကန်နေတဲ့ အိုးလေဒီတို့ဟာ Global power rankingရဲ့ အဆင့်(၁၄)နေရာမှာရှိနေပါတယ်။ မက်ဆီ၊နေမာ၊ အမ်ဘာပေတို့ပါဝင်တဲ့ ပီအက်ဂျီက အဆင့်(၁၃)မှာဖြစ်တာမို့ ဂျူဗီရဲ့အင်အားကို မှန်းဆနိုင်ပါတယ်။ အယ်လီဂရီရဲ့အသင်းဟာ ချန်ပီယံလိဂ်ကနေ ပြုတ်ကျလာခဲ့ပြီးနောက် ယူရိုပါလိဂ်မှာတော့ အခုထိ ရှုံးပွဲမရှိသေးဘဲ ၆ပွဲမှာ ၄ပွဲနိုင်၊ ၂ပွဲသရေကျထားပါတယ်။ ယူရိုပါလိဂ်အိမ်ကွင်း(၃)ပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပြီး ပေးဂိုး၁ဂိုးသာရှိထားပါတယ်။
✴️ စောင့်ကြည့်ရမယ့် ကစားသမား
အိုးလေဒီတို့အတွက် အဓိကအားထားရမယ့် ဇာတ်ကောင်ကတော့ ညာနောက်ခံလူ ကွာဒရာဒိုဖြစ်ပါတယ်။ ရော်နယ်ဒိုရှိစဉ်က တစ်ရာသီကို (၇၅+)ဂိုးနီးပါးရအောင် တိုက်စစ်အသားပေးကစားခဲ့တဲ့ ဂျူဗီဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ တစ်ရာသီကို သွင်းဂိုး(၅၀)လောက်သာရခဲ့တာဖြစ်ပြီး ခံစစ်အသားပေးပုံစံကို ပြောင်းလဲသွားခဲ့ပါတယ်။ တစ်ဂိုးရရင် အဲ့တစ်ဂိုးနဲ့ပဲပြီးသွားနိုင်တဲ့အထိ ခံစစ်ကိုအားပြုကစားရာမှာ ကွာဒရာဒိုတို့လို ခံစစ်မှူးတွေက အသက်ပါပဲ။ ဒါကြောင့် ဖြတ်တင်ဘောတွေကနေ အန်နစရီကိုတင်ပေးပြီး ဂိုးရယူတတ်တဲ့ ဆီးဗီးလားရဲ့ တိုက်စစ်လမ်းကြောင်းကို ဖြတ်တောက်ပေးဖို့ ဒီညပွဲထဲမှာ ကွာဒရာဒိုဟာ အရေးပါတဲ့လူဖြစ်လာဖို့ရှိနေပါတယ်။
🔴 ဆီးဗီးလား
စပိန်ကလပ်ဆီးဗီးလားကတော့ ယူရိုပါလိဂ်ရဲ့ သခင်ကြီးပါ။ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်ကို ၅ကြိမ်ထိတက်ရောက်နိုင်တဲ့ အသင်းဖြစ်ပြီး အဲ့၅ကြိမ်ထဲက ၄ကြိမ်ကိုဗိုလ်စွဲထားပါတယ်။ လက်ရှိ global rankingမှာ အဆင့်(၃၉)နေရာမှာရှိနေပေမယ့် ကွာတားမှာတုန်းက အဆင့်(၁၂)က မန်ယူကို ဖြုတ်ချနိုင်ခဲ့တာမို့ လျှော့တွက်လို့တော့မရပါဘူး။ တိုက်စစ်မှာ အန်နစရီတစ်ယောက်ကို အားပြုနေရပေမယ့် အဲ့တစ်ယောက်ကလည်း ဂိုးလာဘ်ကောင်းလွန်းနေတာပါ။ ဒါပေမယ့် သူတို့ရဲ့ ယူရိုပါလိဂ်အဝေးကွင်းမှတ်တမ်းတွေက ကောင်းတဲ့ဘက်မှာတော့ ရှိမနေပါဘူး။ အဝေးကွင်း(၃)ပွဲမှာ ဂိုးမသွင်းနိုင်ဘဲ နှစ်ပွဲအထိရှုံးထားပြီး သရေတစ်ပွဲကလည်း OGနှစ်လုံးကြောင့် ရလာခဲ့တာမို့ အဝေးကွင်းဆို သေချာ ပွတ်သပ်ကြည့်တောင် အရောင်ထွက်မလာပါဘူး။ ပကျော့မှာ ကောင်တာချောင်းကစားရင်း သရေသာ မျှောလိုက်ဖို့ရှိနိုင်ပါတယ်။
✴️ စောင့်ကြည့်ရမယ့် ကစားသမား
ဆီးဗီးလားရဲ့ အဓိကဇာတ်ကောင်ကတော့ အန်နစရီဆိုတာ ခန့်မှန်းမိကြမယ်ထင်ပါတယ်။ အဆိုပါ မော်ရိုကိုတိုက်စစ်မှူးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ၃၁ဂိုးသွင်းထားပြီး အဲ့ထဲမှာ ပင်နယ်တီတစ်ဂိုးသာပါဝင်တာမို့ open playမှာ လည်း ဂိုးအများကြီးသွင်းနိုင်တာကို တွေ့ရပါတယ်။ ခေါင်းတိုက်ဂိုးသွင်းယူတဲ့နေရာမှာ အင်မတန်ကောင်းမွန်ပြီး WCမှာ 2.78mအမြင့်ခုန်ခေါင်းတိုက်ဂိုးဟာ ရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာမှာရှိနေပါတယ်။ ဒါကြောင့် ဂျူဗီနောက်တန်းတွေ သူ့ကိုထိန်းနိုင်ဖို့ ဗျာများရတော့မှာဖြစ်ပြီး ဆီးဗီးလားရဲ့ အဓိကဇာတ်ကောင်အနေနဲ့ သူ့ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
🎯ရွေးချယ်မှု
ဒီပွဲရဲ့ ကြေးကျောပေးမှုတွေကတော့ ထူးခြားတဲ့အချက်အလက်မရှိတာမို့ မူလတည်ကြေးအတိုင်းသာ ရှိနေပါတယ်။ ဂျူဗီရဲ့ ကြေးကျောပေးမှုဟာ ပြီးခဲ့တဲ့အဆင့်က အိမ်ကွင်းမှာ စပို့တင်းလစ္စဘွန်းကို အကျောပေးမှုနဲ့ အတူတူဖြစ်နေပါတယ်။ ထိုပွဲမှာတော့ ဂျူဗီဟာ (၁-၁)သရေနဲ့ စုံအောက်ဝင် ကြေးကျခဲ့ပြီး အခုပွဲမှာလည်း ဆင်တူဖွင့်လာတာမို့ စုံအောက်ပြန်ကျဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။ အပေါ်နှစ်ကွက်ထဲက ဂိုးပေါ်ရွေးဖို့ဆိုရင်လည်း တစ်ဖက်က ဆီးဗီးလားက OGကလွဲရင် အဝေးဂိုးမရနိုင်တာမို့ အားမရပါဘူး။ ဒါကြောင့် အလိုင်းယန့်ကွင်းကြီးထဲမှာ အိမ်ကွင်းအားနဲ့ အနိုင်ကစားလာမယ့် ဂျူဗင်တပ်ကိုပဲ ရွေးချယ်ချင်ပါတယ်။
✅ ဂျူဗင်တပ်
⚽ ခန့်မှန်းရလဒ် = (၂-၀)
⚔️ ရိုးမား Vs လေဗာကူဆင်
🎲 ရိုးမား (=-၇၀) / (၂-၂၀)
🔴 ရိုးမား
ဆရာမော်နဲ့ မပြီးပြတ်သော ဖလားပွဲများကို တွေ့နေရပါတယ်။ ဘယ်အသင်းကိုကိုင်ကိုင် ဆီးမီးလောက်တော့ အသာလေးပို့တတ်တဲ့ နည်းပြကြီးပီပီ ဒီနှစ်မှာလည်း ဘာမှန်းမသိတဲ့ရိုးမားကို ဒီအဆင့်ထိဆွဲတင်ပေးလိုက်ပြန်ပါပြီ။ ဒီမှာဆက်တွေးရမှာက ဟိုဘက်က ဂျာမန်တောင်ကုန်းကို ကျော်နိုင်ပါဦးမလားပေါ့။ အေဗရာဟမ်နဲ့အလုပ်ဖြစ်နေတဲ့တိုက်စစ်မှာ ဒိုင်ဘာလာ၊ ပယ်လီဂရီနီတို့ကလည်း အရှိန်ရနေတာကို တွေ့ရပါတယ်။ စီးရီးအေမှာ လေးပွဲဆက်နိုင်ပွဲမဲ့နေခဲ့ပြီး ပြီးခဲ့တဲ့ပွဲမှာ အင်တာကို (၀-၂)နဲ့ရှုံးနေချိန်မှာတောင် ဒိုင်ဘာလာကို လုံးဝမထည့်ခဲ့ဘဲ မာတစ်၊ ဇေလယ်စကီတို့ကိုပါ လူစားလဲပြီး လူသိမ်းခဲ့တဲ့ ဆရာမော်ဟာ ဒီညပွဲကို ဘယ်လောက်ခဲထားသလဲ တွေ့နိုင်ပါတယ်။
✴️ စောင့်ကြည့်ရမယ့် ကစားသမား
ဒီပွဲရဲ့ စောင့်ကြည့်ရမယ့် ရိုးမားဇာတ်လိုက်ကတော့ ဒိုင်ဘာလာဖြစ်ပါတယ်။ ရိုးမားအတွက် (၁၁)ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသလို ဂိုးဖန်တီးပေးနိုင်မှုကလည်း အများဆုံးဖြစ်ပါတယ်။ ဒိုင်ဘာလာကို ကြံ့ခိုင်မှုပြည့်ဝအောင် သုံးပွဲလောက် အနားပေးထားတဲ့ ဆရာမော်ဟာ ဒီညမှာလည်း အထူးပြုလုပ်ချက်တစ်ခုရှိနေဦးမယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့် အာဂျင်တောင်ပံလူ ဒိုင်ဘာလားကို ဒီညမှာ ရောမသူရဲကောင်းအဖြစ်နဲ့ မြင်ခွင့်ရမလား ကြည့်ရဦးမှာပါ။
⚫ လေဗာကူဆင်
အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ အတိုင်းအတာတစ်ခုထိ ရောက်ရှိနေတဲ့အသင်းပါ။ ပြီးခဲ့တဲ့ကွာတားမှာ ယူနီယံစိန့်ကို အိမ်ကွင်းမှာ သရေကန်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ (၄-၁)နဲ့ ဂိုးပြတ်သိပ်ပြီး ဒီအဆင့်ကိုရောက်လာခဲ့ပါတယ်။ Cupပွဲဆိုရင် ဂိုးနည်းနည်းနဲ့ နိုင်ရင်ပြီးရောကစားတတ်ကြတဲ့ အသင်းတွေထဲ လေဗာကူဆင်ကတော့ တိုက်စစ်အစွမ်းပြရင်း ဖျော်ဖြေမှုတွေပေးနေတာ တွေ့ရမှာပါ။ တိုက်စစ်မှူးဒီယာဘီ၊ ကွင်းလယ်လူ ဖရန်ပေါင်တို့ရဲ့ တွဲလုံးတွေကနေ ဂိုးတွေဖြစ်တည်လာတတ်တဲ့ ကစားဟန်နဲ့ လေဗာကူဆင်ဟာ ယူရိုပါလိဂ်အဝေးကွင်း(၃)ပွဲလုံးကို ၉ဂိုးသွင်း၊ ၃ဂိုးပေးပြီး အနိုင်ရထားတာတွေ့ရပါတယ်။ ဒါပေမယ့် သူတို့ဖြတ်ကျော်ခဲ့ရတာက ယူနီယံစိန့်၊ ဖီရန်ဗားရို့စ်တို့လို အသင်းတွေဖြစ်တာကြောင့် အစဉ်အလာရှိတဲ့ ရိုးမားကိုရော ကျော်နိုင်ပါဦးမလား စောင့်ကြည့်ရပါဦးမယ်။
✴️ စောင့်ကြည့်ရမယ့် ကစားသမား
လေဗာကူဆင်ဟာ မနှစ်ကတော့ ပက်ထရစ်ရှခ်ကို အားကိုးနေရပေမယ့် ဒီနှစ်မှာတော့ ညာတောင်ပံတိုက်စစ်မှူး ဒီယာဘီကို အားပြုနေရပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ ၉ဂိုးသွင်း၊ ၈ဂိုးဖန်တီးပေးထားပြီး လေဗာကူဆင်အတွက် အဓိကအားထားနေရတဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ဖရန်ပေါင်ဟာလည်း သူနဲ့မတိမ်းမယိမ်းအချက်အလက်တွေမှာရှိနေပြီး အပြန်အလှန်ချိတ်ဆက်မှုနဲ့ ဂိုးတွေရယူတတ်တာကြောင့် သူတို့နှစ်ယောက်စလုံးရဲ့တွဲလုံးကို အဓိကစောင့်ကြည့်ရမှာဖြစ်ပါတယ်။
🎯 ရွေးချယ်မှု
ရိုးမားအိမ်ကွင်းဖြစ်နေမှု၊ နည်းပြတွေရဲ့ အတွေ့အကြုံကွာခြားမှုတွေကြောင့် (=-၇၀)က တန်ရာတန်ကြေးပါပဲ။ ကိုယ့်အိမ်ကွင်းမှာမှ သေအောင်မသတ်နိုင်ရင် ဟိုဘက်ကွင်းမှာ ငိုပြီးပြန်လာခဲ့ဖို့ပဲရှိပါတယ်။ ဒီပွဲမတိုင်ခင် ဆရာမော်က ဒိုင်ဘာလာအပါအဝင် ကစားသမားတွေကို အနားပေးတာမျိုးလုပ်နေပေမယ့် လေဗာကူဆင်ကတော့ ဘွန်ဒက်လီဂါမှာ လူစုံထုတ်ပြီး ရှုံးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ်ပေးဂိုးစိပ်လာတဲ့ ရိုးမားခံစစ်မှာ သူတို့တစ်ဂိုးတော့ ဖူးနိုင်ပွင့်နိုင်တာပေါ့။ ဒါကြောင့် (၂-၁)ဆိုတဲ့ရလဒ်ဟာ အသင့်တင့်ဆုံးဖြစ်ပြီး အိမ်ကွင်းမှာ တစ်ဂိုးလောက်တော့ လက်ဦးမှုယူထားမယ့် ဆရာမော်တို့အသင်းကို ရွေးချယ်ချင်ပါတယ်။
✅ ရိုးမားဘော်ဒီ + ဂိုးပေါ်
⚽ ခန့်မှန်းရလဒ် = (၂-၁)
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။