ယုံချင်ယုံ မယုံချင်နေ… မန်စီးတီးမှာ တစ်လကို ပေါင် ၁၀ သန်းကျော်ရမယ့် မက်ဆီ

ဘာစီလိုနာကပ္ပတိန် လီယွန်နယ်မက်ဆီရဲ့ သတင်းတွေက ကိုရိုနာဗိုင်းရပ်စ်၊ အမေရိကန်ရွေးကောက်ပွဲ၊ မြန်မာ နိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းကြောင့် အတည်ပြုလူနာတွေ များပြားလာတာ စတဲ့ သတင်းတွေနဲ့အတူ လူစိတ်ဝင် စားမှုအများဆုံး သတင်းတစ်ပုဒ်အဖြစ် တည်ရှိနေပါတယ်။

အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီမှာ ဘောလုံးပညာရပ်တွေ ဆည်းပူးကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ထည်ထည်ဝါဝါ ရပ် တည်နိုင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ကစားခဲ့တဲ့ မက်ဆီဟာ သူနဲ့အတူ တွဲကစားခဲ့သူတွေ အခြား အသင်းတွေဆီ ရောက်ရှိသွားခဲ့ပေမယ့်လည်း သူကတော့ နူးကမ့်အခြေစိုက် ကလပ်အတွက်သာ ဘဝတစ်ခုလုံး မြှုပ်နှံထားသူပါ။

ပြိုင်ပွဲစုံ ၇၃၁ ပွဲမှာ ၆၃၄ ဂိုးသွင်းကာ ဘာစီလိုနာအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည် နေတဲ့ မက်ဆီဟာ ကပ္ပတိန်ပီပီ မြက်ခင်းစိမ်းထက် အသင်းဖော်တွေအပေါ် ခေါင်းဆောင်နိုင်စွမ်းရှိသလို ကွင်းပြင်ပ မှာလည်း အသင်းဘုတ်အဖွဲ့အပေါ် သြဇာညောင်းကာ ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်လို့ ဆိုရင်လည်း မမှားပါဘူး။

ပြောရရင်တော့ အသင်းအပေါ် တစ်သက်လုံး သစ္စာစောင့်သိလာသူဖြစ်လို့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ နတ်ဘု ရားတစ်ပါးလို့တောင် ထင်ရှားပါတယ်။

သူနဲ့ အဆင်မပြေတဲ့ နည်းပြတွေအနေနဲ့ ရလဒ်ဆိုးရွားခဲ့မယ်ဆိုရင် အသင်းကနေ ထွက်တော်မူ နန်းကခွာရတယ်ဆို တဲ့ သတင်းတွေလည်း ထွက်ဖူးပါတယ်။

မက်ဆီဟာ ရွိုင်ယန်ဂစ်၊ တော့တီ၊ ပေါ်လိုမာလ်ဒီနီ၊ ကာရေဂါတို့လို ကလပ်တစ်သင်းတည်းမှာသာ ဘဝတစ် လျှောက်လုံး သစ္စာရှိရှိ ကစားသွားတဲ့ One Club Men အဖြစ် လက်ကျန်အချိန်တွေကို ဘာစီလိုနာမှာပဲ ကစားသွား မယ်လို့ ယူဆခဲ့သူတွေ အများကြီးပါပဲ။

ယူဆချင်သူတွေ ယူဆရအောင်လည်း မက်ဆီက အကောင်းဆုံး အသက်အရွယ်မှာတောင် ချမ်းသာကြွယ်ဝတဲ့ က လပ်အသင်းတွေရဲ့ မက်မောစရာ ကမ်းလှမ်းမှုတွေကိုတောင် ပယ်ချခဲ့သူပါ။

ဒါပေမဲ့လည်း ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ ဘာကာနတ် ဘုရားက အသင်းကနေ ထွက်ခွာတော့မယ်လို့ ဆိုခဲ့တာကြောင့် အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

ဘိုင်ယန်နဲ့ပွဲမှာ မက်ဆီဟာ တစ်ကွင်းလုံးအနှံ့ လိုက်ကစားပြီး အနိုင်ရဖို့ ရှိသမျှ ခွန်အားတွေ ထုတ်သုံးကာ ကြိုးစား ခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။

အဲဒီရှုံးပွဲဟာ သူ့အတွက် ဘာစီလိုနာဂျာစီကို ဝတ်ဆင်လာသမျှ ကာလတစ်လျှောက် အပြတ်သားဆုံး ရှုံးပွဲတစ် ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ပွဲအပြီးမှာ အံ့အားသင့်စရာ ရှုံးနိမ့်မှုအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မက် ဆီရဲ့ ပုံရိပ်တွေက သနားစနာကောင်းသလို အခြားနေရာတွေမှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေ ဖို့ တိုက်တွန်းသူ တွေလည်း အများကြီးပါပဲ။

ဘာစီလိုနာဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ဆုဖလားတစ်လုံးမှ မရတာကြောင့် နည်းပြဆက်တီယန်ကို ထုတ်ပယ်ကာ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းကို ခန့်အပ်ခဲ့ပါတယ်။

ဘာစီလိုနာ ကစားသမားဟောင်း ကိုးမန်းဟာ အသင်းဟောင်းဆီ နည်းပြအဖြစ် ပြန်ရောက်လာချိန်မှာတော့ မက် ဆီရဲ့ သူငယ်ချင်းလည်းဖြစ်၊ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဆွာရက်ဇ်ကို အသင်းပြောင်းဖို့ ပြောထားသလို ရာကီ တစ်ကလည်း ဆီဗီလာကို ပြန်ရောက်သွားပါပြီ။

ကိုးမန်းဟာ ဘာစီလိုနာကို အလုံးစုံပြောင်းလဲဖို့ စီစဉ်နေချိန်မှာ မက်ဆီက ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီး အသင်းကို စွန့်ခွာတော့မယ်လို့ တရားဝင်ဖွင့်ဟကာ ကိုဗစ်စစ်ဆေးမှုကိုလည်း မလာသလို အသင်း ရဲ့ ပထမဆုံး ရာသီကြို လေ့ကျင့်မှုကိုလည်း တက်ရောက်ခြင်း မရှိပါဘူး။

ဘာစီလိုနာကတော့ စာချပ် ၁ နှစ်ကျန်သေးတဲ့ မက်ဆီကို ခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ပေးမှသာ ထွက်ခွင့်ပေးမယ်လို့ တင်းခံထားတာကြောင့် တရားရုံးအထိ ဖြေရှင်းရမယ့် အနေအ ဘထား ဖြစ်နေပါတယ်။

လက်ရှိမှာတော့ မက်ဆီရဲ့ဖခင် ဂျော့ဟာ သားဖြစ်သူရဲ့ အနာဂတ်အတွက် ဘာစီလိုနာကို ရောက်ရှိနေပြီး ဘာစီလို နာဥက္ကဋ္ဌ ဘာတိုမြူနဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

မက်ဆီလို ကစားသမားမျိုးကို ခေါ်ယူနိုင်တဲ့ အသင်းဆိုတာ ဒီကမ္ဘာမှာ များများစားစား မရှိပါဘူး။ လက်တစ်ဖက် ပြည့်အောင်တောင် မရှိတဲ့ အနည်းငယ်သော အသင်းတွေအနက် မန်စီးတီးလည်း ပါဝင်ပါတယ်။

မန်စီးတီးကို နည်းပြနေတာက မက်ဆီနဲ့အတူ ဘာစီလိုနာမှာ အောင်မြင်မှုများ စွာရယူထားတဲ့ ဂွါဒီယိုလာဖြစ်ပြီး ကာယကံရှင်ကလည်း ဆရာဟောင်းနဲ့ ပြန်ပူးပေါင်းနိုင်ဖို့ စိတ်ထက်သန်နေပါတယ်။

အင်္ဂလန်မှာထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်စီးတီးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၆ ဆုပိုင်ရှင် မက် ဆီကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူတော့မှာဖြစ်ပြီး ၅ နှစ်စာအတွက် ပေးချေရမယ့်လစာတင် ပေါင် ၆၂၃ သန်းရှိတယ်လို့ သိရပါတယ်။

သူရရှိမယ့်လစာကို ခွဲခြမ်းစိတ်ဖြာရရင် တစ်နာရီကို ပေါင် ၁၄၂၀၀၊ တစ်ရက်ကို ပေါင် ၃၄၁၀၀၀၊ တစ်ပတ်ကို ပေါင် ၂ ဒသမ ၄ သန်း၊ တစ်လကို ပေါင် ၁၀ ဒသမ ၄ သန်း၊ တစ်နှစ်ကို ပေါင် ၁၂၄ ဒသမ ၆ သန်း ရရှိမှာဖြစ်ပါတယ်။

၅ နှစ်စာချုပ် ချုပ်ဆိုထားပေမယ့်လည်း မက်ဆီဟာ မန်စီးတီးမှာ ၃ နှစ်သာကစားပြီး ကျန် ၂ နှစ်ကိုတော့ မန်စီးတီးပိုင်ရှင် City Football Group က ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးထံ သွားရောက်က စားရမှာပါ။

ဒါကြောင့် မက်ဆီအနေနဲ့ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို အမေရိကန်ပြည်ထောင်စုမှာ ကုန်ဆုံးရဖို့ ရှိနေပါတယ်။

ဒါကတော့ ဗြိတိန်သတင်းတွေရဲ့ ဖော်ပြမှုတွေကနေ တင်ဆက်ထားတာဖြစ်ပြီး ယုံသင့်၊ မယုံသင့်ဆိုတာကတော့……

Facebook Comments Box
Facebook Comment