
ယနေ့ည အကြိုက်ဆုံး ပစ်မလွဲ ၄ ပွဲ
✍မင်းစနေ
အဲဗာတန် – နယူးကာဆယ်
ပွဲချိန်
နံနက် ၇ : ၀၀
နံနက်ပိုင်းပေါက်ကြေး
အဲဗာတန် ၁-၁၅ (၂-၈၅) နယူးကာဆယ်
ခန့်မှန်းရလဒ်
၂-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အဲဗာတန်က ခြေစွမ်းပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ချီတက်နေတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်။ နောက်ဆုံး ၁၀ ပွဲမှာ မန်ယူနဲ့အဲဗာတန်ကိုသာ ရှုံးနိမ့်ထားပြီး လက်စတာနဲ့သရေကျကာ ကျန်ပွဲအားလုံး အနိုင်ရရှိထားပါတယ်။ နယူးကာဆယ်ကတော့ ကစားကွက်ပျောက်၊ ဂိုးပေါက်ပျောက်၊ စိတ်ဓာတ်ပျောက် အားလုံး အောက်ဆုံး ရောက်နေ တဲ့အသင်း ဖြစ်ပါတယ်။

ယခုပွဲစဉ်က အန်ဆယ်လော့တီရဲ့အဲဗာတန်အတွက် ထိပ်ဆုံးခြောက်သင်းစာရင်းပြန်ဝင်ရေး အခွင့်အရေးကောင်း ကြီး တစ်ခုဖြစ်တာကြောင့် လုံးဝ လက်လွှတ်မှာ မဟုတ်ပါဘူး။ အခုပွဲမှာ အန်ဆယ်လော့တီဟာ လက်စတာပွဲတုန်းက အမှားလုပ်ခဲ့တဲ့ အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ကို ပွဲထွက်စာရင်းက ချန်ထားမလား စောင့်ကြည့်ရ ပါမယ်။ အဲဗာတန်အနိုင်သေချာနေပြီး ၁၅ ပြားရမလား၊ အပြည့်ရမလားဘဲ ကြည့်ရမယ့် ပွဲ ဖြစ်ပါတယ်။
အာဆင်နယ် – ယူနိုက်တက်
ပွဲချိန်
ည ၁၂ : ၀၀
နံနက်ပိုင်းပေါက်ကြေး
အာဆင်နယ် (၃+၇၀) L-၁၅ ယူနိုက်တက်
ခန့်မှန်းရလဒ်
၁-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အာဆင်နယ်ခြေစွမ်း တော်တော်တည်ငြိမ်နေပါပြီ။ နောက်တန်းအမှားအယွင်းကင်းကင်းနဲ့ ကစားနိုင်ပြီး သူတို့သာ ဂိုးရသွားရင် ဂိုးပေးရတာ တော်တော်နည်းပါတယ်။ သူတို့သာ ဦးဆောင်ဂိုးရသွားရင် ဂိုးပြန်ပေးရတာ တော်တော် နည်းပါးပါတယ်။ ဒါပေမယ့် အာဆင်နယ်ကွင်းလယ်က ဖန်တီးမှုပိုင်းမှာ အားရစရာအနေအထားမှာ မရှိသေးတာ တော့ အမှန်ပါပဲ။ အခုပွဲမှာ ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ ရောက်လာတဲ့ အိုဒီဂတ် ပါဝင်လာမလား စောင့်ကြည့်ရပါမယ်။ အာဆင်နယ်မှာ အသင်းခေါင်းဆောင် အူဘာမီယန်ပါဝင်လာမှာ မဟုတ်ပေမယ့် တိုက်စစ်မှူး လာကာဇက်တီ အကောင်းဆုံးပုံစံရနေသလို ဆာကာကလည်း တောက်လျှောက် အကောင်းဆုံးပုံစံနဲ့ ကစားနေတာကြောင့် တိုက်စစ်ပိုင်း သိပ်ပူစရာတော့ မရှိပါဘူး။

ယူနိုက်တက်ကလည်း တောက်လျှောက် ခြေစွမ်းကောင်းလာပြီးမှ ဇယားကြမ်းခင်းက ရှက်ဖီးလ်ယူနိုက်တက်ကိုမှ အိမ်ကွင်းမှ ၂-၁နဲ့ ရှုံးနိမ့်ပါတယ်။ ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး။ ယူနိုက်တက်က အိမ်ကွင်းမှာ အကြိမ်ကြိမ် ခြေချော်ခဲ့ဖူးပြီးလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အခု ကစားရမယ့်ပွဲက အဝေးကွင်း ဖြစ်ပါတယ်။ ယူနိုက်တက်က အဝေးကွင်းဆိုရင် ခံစစ်ရော တိုက်စစ်ပါ တော်တော်ကောင်းပါတယ်။ အခုပွဲမှာ ယူနိုက်တက်တို့ စိတ်ဓာတ်အခြေအနေ ဘယ်လို ဖြစ်နေမလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။

အခုပွဲမှာ သရေကျရင် ပါးပါးလေး စွန်းထင်းရမှာက ယူနိုက်တက် ဖြစ်နေတာ အံ့ဩစရာပါ။ လက်ရှိခြေစွမ်းအပြင် အိမ်ကွင်းအနေအထားရ အာဆင်နယ်ကို ကြိုက်တယ်ဆိုပေမယ့် အဝေးကွင်းရောက်ရင် မှော်စွမ်းတွေ ပေါ်လာ တတ်တဲ့ ယူနိုက်တက်နဲ့ဘက်ကဘဲ နေသွားပါမယ်။
အင်တာမီလန် – ဘီနီဗန်တို
ပွဲချိန်
နံနက် ၂ : ၁၅
နံနက်ပိုင်းပေါက်ကြေး
အင်တာမီလန် ၂+၅၀ (၃-၅၅) ဘီနီဗန်တို
ခန့်မှန်းရလဒ်
၄-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အင်တာမီလန်ရဲ့ခြေစွမ်းပိုင်း တောက်လျှောက်ကောင်းမွန်နေပါတယ်။ အထူးသဖြင့် အိမ်ကွင်းရောက်ရင် အင်တာမီလန်ရဲ့တိုက်စစ်ပိုင်းက တားမရဆီးမရပါ။ တိုက်စစ်မှူးလူကာကူ အကောင်းဆုံးခြေစွမ်းနဲ့ ချီတက်နေသလို အလယ်တန်းက ဗီဒယ်၊ ဘရိုဇိုဗစ်၊ ဘာရယ်လာတို့ အကောင်းဆုံးပုံစံရနေသလို အဲရစ်ဆင်က လည်း စပါးစ်မှာတုန်းကလို ခြေစွမ်းမျိုး ပြန်ရနေပါတယ်။

ဘိုနီဗန်တိုက ခြေရှုးအသင်းဖြစ်ပါတယ်။ တစ်ချို့ပွဲမှာ ဘီနီဗန်တိုရဲ့ကစားပုံကောင်းသလောက် အချို့ပွဲမှာ အားရစရာ လုံးလုံး မရှိပါဘူး။ အထူးသဖြင့် ဘီနီဗန်တိုရဲ့ခံစစ်ပိုင်းက တော်တော်ဆိုးရွားပါတယ်။ ဒါကြောင့်လည်း တိုက်စစ်ကောင်းတဲ့ အသင်းကြီးနဲ့ တွေ့ရင် ဘီနီဗန်တိုတို့ ဂိုးအလှူပေးရလေ့ရှိပါတယ်။
အခုပွဲမှာ အင်တာမီလန်က ၂ ဂိုးသွင်းပြီး နိုင်မှ တစ်ဝက်ပျော်ရွှင်ခွင့်ရမှာ ဖြစ်ပါတယ်။ အင်တာ အနိုင်သေချာတယ် ဆိုပေမယ့် ၁ ဂိုးဘဲ သွင်းမလား၊ ၂ ဂိုးဘဲ သွင်းမလား စဉ်းစားစရာပါ။ ကျွန်တော်ကတော့ ကစားပုံကျစ်လစ်ပြီး ပွဲစကတည်းက ကွင်းတစ်ဝက်အထိ ဖိကစားလာမယ့် အင်တာမီလန်တို့ ဂိုးပြတ်မယ်လို့ ယုံကြည်နေပါတယ်။
ရီးရဲလ်မက်ဒရစ် – လီဗန်တေး
ပွဲချိန်
နံနက် ၉ : ၄၅
နံနက်ပိုင်းပေါက်ကြေး
ရီးရဲလ်မက်ဒရစ် ၁-၉၅ (၃-၅၅) လီဗန်တေး
ခန့်မှန်းရလဒ်
၃-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့မှုကြောင့် ဖိအားများနဲ့ ကြုံခဲ့ရတဲ့ ဇီဒန်းဟာ အလာဗက်စ်ကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ အနိုင်ရမှုကြောင့် ဖိအားလျှော့ကျသွားခဲ့ပါတယ်။ အလာဗက်စ်နိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် ပိုပြီးတော့ ကျေနပ်စရာကောင်းနေတာကတော့ ဟာဇက် ခြေစွမ်းပြပြီး တစ်ဂိုးသွင်းကာ တစ်ကြိမ် ဖန်တီးမှု ပြုလုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု လီဗန်တေးနဲ့ ကစားရမယ့်အိမ်ကွင်းပွဲစဉ်က ဇီဒန်းအတွက် ဖိအားတွေကို လုံးဝ ဖယ်ရှားပေးလာနိုင်မယ့်ပွဲဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းသို့ လာရောက် ယှဉ်ပြိုင်မယ့် လီဗန်တေးကလည်း အချဉ်အသင်းမဟုတ်ပါဘူး။ နောက်ဆုံးခြောက်ပွဲဆက်ရှုံးပွဲမရှိတဲ့အသင်း ဖြစ်ပါတယ်။ လီဗန်တေးက ခံစစ်ကို ကျစ်ကျစ်လစ်လစ်ကစားနိုင် ပြီး တိုက်စစ်ကလည်း ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် တိုက်စစ်သမားတွေဖြစ်တဲ့ ရိုဂျာမာတီနှင့်မိုရာလက်စ်တို့ အကောင်းဆုံးပုံစံ ရရှိနေကြပါတယ်။ ဒါပေမယ့် လီဗန်တေးက အိမ်ကွင်းမှာသာ ခြေစွာတဲ့အသင်းဖြစ်ပြီး အဝေးကွင်းရောက်ရင် ရုန်းကန်ရတဲ့အသင်း ဖြစ်ပါတယ်။

ဖွင့်လှစ်မှုအရ ရီးရဲလ်မက်ဒရစ်တို့ နှစ်ဂိုးပြတ်အနိုင်ရမှအပြည့်ရမှာဖြစ်ပေမယ့် အိမ်ကွင်းရောက်ရင် ခြေစွမ်းစိတ်ချရတဲ့ ရီးရဲလ်မက်ဒရစ်တို့ ဂိုးပြတ်အနိုင်ရဖို့ သေချာနေပါတယ်။