
ယနေ့ည အကြိုက်ဆုံး ပစ်မလွဲ ၄ ပွဲ
✍မင်းစနေ
ဗီလာ – နယူးကာဆယ်
ပွဲချိန်
နံနက် ၂ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ဗီလာ ၁-၂၅ (၂-၃၀) နယူးကာဆယ်
ခန့်မှန်းရလဒ်
၂-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဗီလာရော နယူးကာဆယ်ပါ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းရော အပြုသဘောမှာ မရှိပါဘူး။ ဗီလာက နောက်ဆုံးလေးပွဲဆက်တိုက်နိုင်ပွဲပျောက်ထားပြီး ချဲလ်ဆီးနဲ့သရေကျကာ ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ ပြောရမယ်ဆိုရင် ဗီလာက ထိပ်သီးတွေကိုဘဲ ရှုံးနိမ့်ထားတာပါ။ နယူးကာဆယ်က တော့ နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ထားပြီး၉ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။

ဗီလာဟာ သုံးပွဲဆက် ရှုံးပွဲဆက်ထားတယ်ဆိုပေမယ့် ဂရဲလ်လစ်ရှ်၊ ဘာကလေ၊ ဒေါက်ကလပ်လုဇ်၊ မက်ဂန်းတို့ ဦးဆောင်တဲ့ အလယ်တန်းက ကစားအားက ကောင်းနေတုန်းပါ။
နယူးကာဆယ်က စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းက ရစရာမရှိအောင် ဖြစ်နေပြီး ဂရဲလ်လစ်ရှ်ဦးဆောင်တဲ့ ဗီလာ အလယ်တန်းတိုက်စစ်ကို ဘယ်လိုမှ ယှဉ်နိုင်စရာမရှိပါဘူး။ ဗီလာအနိုင်သေချာနေပြီး ရှုံးရင်တောင် ၂၅ ပြား ၊ နိုင်ရင် အပြည့်ဆိုတဲ့ စိတ်နဲ့ဘဲ ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ဗီလာကိုဘဲ ကြိုက်ပါတယ်။
ဆောက်သမ်တန် – အာဆင်နယ်
ပွဲချိန်
ည ၆ : ၄၅
နံနက်ပိုင်းပေါက်ကြေး
ဆောက်သမ်တန် (၂-၈၀)L-၅၅ အာဆင်နယ်
ခန့်မှန်းရလဒ်
၁-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
စနေည အက်ဖ်အေဖလားပွဲစဉ်တွေဘဲ ပရီးမီးယားလိဂ်နှစ်သင်း ထိပ်တိုက်တွေ့နေတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ အာဆင်နယ်က ချဲလ်ဆီးနိုင်ပွဲကစပြီး တောက်လျှောက်ခြေစွမ်းကောင်းမွန်လာခဲ့ကာ နောက်ဆုံး ၆ ပွဲမှာ ပဲလေ့စ်ကိုဘဲ ဂိုးမရှိသရေကျထားပြီး ၅ ပွဲအနိုင်ရရှိထားပါတယ်။ နောက်ဆုံးခြောက်ပွဲဆက်တိုက် ဂိုးမပေးခဲ့ ရပါဘူး။ တိုက်စစ်မှာ အသင်းခေါင်းဆောင် အူဘာမီယန် ဂိုးပေါက်ပြန်တွေ့နေသလို ဆာကာကလည်း အကောင်းဆုံးပုံစံနဲ့ ကစားနေတုန်း ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်ဖန်တီးရှင်လေး စမစ်ရိုးရဲ့ ခြေစွမ်းကလည်း တော်တော်လေးကောင်းတာ တွေ့ရပါတယ်။

ဆောက်သမ်တန်ရဲ့ခြေစွမ်းက အဝေးကွင်းခြေစွမ်းခန့်မှန်းရခက်ခဲပေမယ့် အိမ်ကွင်းမှာရော ခံစစ်တော်တော်မာပြီး ဒန်နီအင်းစ် ဦးဆောင်တဲ့ တိုက်စစ်ကလည်း ခြေစွမ်းကောင်းမွန်ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်ရဲ့ကစားအား က အမ်းမရိတ်မှာ အာဆင်နယ်နဲ့ တစ်ဂိုးစီသရေကျပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း ကျဆင်းလာတာ တွေ့ရပါတယ်။

အာဆင်နယ်ကတော့ တောက်လျှောက် ခြေစွမ်းပိုင်းရော ယုံကြည်မှုပိုင်းပါ မြင်တွေ့နေပါတယ်။ ယခုပွဲမှာလည်း အာဆင်နယ်နည်းပြအာတီတာဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ရော ခြေစွမ်းပါ အမြင့် ရောက်နေတဲ့ အာဆင်နယ်ကို ကြိုက်ပါတယ်။
အေစီမီလန် – အတ္တလန္တာ
ပွဲချိန်
ည ၁၁ : ၃၀
နံနက်ပိုင်းပေါက်ကြေး
အေစီမီလန် =၀၅ (၃+၁၀) အတ္တလန္တာ
ခန့်မှန်းရလဒ်
၃-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဒီပွဲက စိတ်ဝင်စားဖို့တော့ အကောင်းသား။ အစောပိုင်းတုန်းက အတ္တလန္တာက အဝေးကွင်းမှာ ကစားရတာတောင် အေစီမီလန်ကို သရေ ၂၀ အရှုံးပေးထားတာပါ။ အခု ကြေးပြောင်းပြီး အေစီမီလန်က အပေါ် တကယ့် ပါးပါးလေး ပြန်ပေးလာပါတယ်။
အေစီမီလန်က ဂျူဗင်တပ်ကို ရှုံးနိမ့်တဲ့ပွဲက လွဲရင် နောက်ဆုံးသုံးပွဲဆက်နိုင်ထားပြီး ပေးဂိုးမရှိပါဘူး။ တိုက်စစ်မှာ အီဘရာဟီမိုဗစ် အကောင်းဆုံးပုံစံ ရနေသလို တိုက်စစ်မှာ မန်ဇူကစ်လည်း ပါဝင်လာပါမယ်။ ဒါပေမယ့် အေစီမီလန်မှာ ကွင်းလယ်ဖန်တီးရှင် ကယ်ဟန်နိုဂလူ ကိုဗစ်ကြောင့် မပါဝင်နိုင်မှုနဲ့အတူ အေစီမီလန်ရဲ့ ဖန်တီးအား ကျဆင်းလာပါမယ်။ နောက်ခံလူရိုမာဂနိုလီလည်း ပွဲပယ်ကြောင့်လွဲချော်ပါမယ်။

အတ္တလန္တာကလည်း ခံစစ်ပိုင်း တော်တော်ကောင်းမွန်တဲ့ ကစားပုံကလည်း ပွဲတိုင်းကောင်းမွန်နေပါတယ်။ အတ္တလန္တာတိုက်စစ်ဟာ အေစီမီလန်ကို ချန်ပီယံအတွက် ထိုက်တန်မှုရှိ/မရှိကောင်းကောင်း စမ်းသပ်ပါလိမ့် မယ်။ ဒါ့အပြင် အတ္တလန္တာဟာ ပြိုင်ပွဲအရပ်ရပ်မှာ အေစီမီလန်ကို အဝေးကွင်း ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ မှတ်တမ်း ကောင်းလည်း ပိုင်ဆိုင်ထားပါတယ်။
နောက်တန်းအမှားအယွင်းတွေ ဖြစ်တတ်တဲ့ အေစီမီလန်ဟာ တိုက်စစ်အား ကောင်းတဲ့ အတ္တလန္တာကို ဂိုးပေးရနိုင်ခြေရှိပေမယ့် အီဘရာဟီမိုဗစ်ကို အကြွင်းမဲ့ ယုံကြည်နေပါတယ်။ အေစီမီလန်ဘက်က ရပ်တည်ပါမယ်။
အလာဗက်စ် – ရီးရဲလ်မက်ဒရစ်
ပွဲချိန်
နံနက် ၂ : ၃၀
နံနက်ပိုင်းပေါက်ကြေး
အလာဗက်စ် (၃+၆၀) ၁+၁၅ ရီးရဲလ်မက်ဒရစ်
ခန့်မှန်းရလဒ်
၀-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ရီးရဲလ်မက်ဒရစ်ဟာ တောက်လျှောက် နိုင်ပွဲတွေ ဆက်ခဲ့ပြီးတဲ့နောက် နောက်ဆုံး လာလီဂါ ၃ ပွဲမှာ ၁ ပွဲဘဲ အနိုင်ရထားပါတယ်။ ဒါ့အပြင် ဘီလ်ဘာအိုကို ရှုံးပြီး စပိန်စူပါဖလားကနေ ထွက်ခဲ့ရသလို အယ်ကိုယာနိုလို တတိယတန်းကလပ်ကို ရှုံးကို စပိန်ကိုပါဒယ်ရေးကနေ ထွက်ထားရပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းပါ ကျဆင်းနေတာ တွေ့ရပါတယ်။

အလာဗက်စ်ကတော့ တန်းမဆင်းရရေး တိုက်ပွဲဝင်နေရတဲ့အသင်း ဖြစ်ပါတယ်။ အိမ်ကွင်းဆိုရင် သရေရအောင် ပိတ်ကစားတတ်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလာဗက်စ်ဟာ ပထမအကျော့တုန်းက ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ တီးခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဘာစီလိုနာ၊ ဆိုစီဒက်၊ ဗလင်စီယာတို့ကို အိမ်ကွင်းမှာ သရေရအောင် ပိတ်ကန်ထားတဲ့အသင်း ဖြစ်ပါတယ်။

အခုအချိန်မှာ ရီးရဲလ်မက်ဒရစ်အနုတ်လက္ခဏာပြနေပေမယ့် ရီးရဲလ်မက်ဒရစ်က ပြီးဆုံးသွားပြီလို့ မယုံကြည်ပါဘူး။ ကိုဗစ်ကြောင့် ဇီဒန်း ဒီပွဲကို မကြီးကြပ်နိုင်ပေမယ့် နိုင်ပွဲပြန်တွေ့ဖို့ ကြိုးစားလာမယ့် ရီးရဲလ်မက်ဒရစ်ကို ကြိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနိုင်သေချာနေပြီး ဂိုးတောင် ပြတ်သွားနိုင်တယ်လို့ ထင်ပါတယ်။