
ယနေ့ည အကြိုက်ဆုံး ပစ်မလွဲ ၄ ပွဲ
✍မင်းစနေ
အာဆင်နယ် – နယူးကာဆယ်
ပွဲချိန်
ညနေ ၁၂ : ၀၀
နံနက်ပိုင်းပေါက်ကြေး
အာဆင်နယ် ၁-၁၀ (၃+၁၀) နယူးကာဆယ်
ခန့်မှန်းရလဒ်
၂-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဒီဇင်ဘာနှောင်းပိုင်းအထိ ခြေစွမ်းပိုင်း ပျက်ချင်တိုင်းပျက်နေခဲ့တဲ့ အာဆင်နယ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းမှာရော ရလဒ်ပိုင်းမှာပါ အပြတ်အသတ် အနိုင်ရရှိပြီးနောက် စိတ်ဓာတ်ပိုင်းမြင့်မားလာကာ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။

နယူးကာဆယ်ကတော့နောက်ဆုံးငါးပွဲဆက်တိုက်အနိုင်ရရှိထားပြီးအဓိကကစားသမားအချို့ကိုဗစ်ကူးစက်ခံရပြီး နောက်အကောင်းဆုံးပုံစံရဖို့ ရုန်းကန်နေရပါတယ်။

လက်ရှိချန်ပီယံအာဆင်နယ်ဟာယခုပွဲမှာ အရန်ကစားသမားအချို့ အသုံးပြုလာနိုင်တယ်ဆိုပေမယ့် ပါတေး၊ စီဘယ်လို့စ်၊ အယ်နီနီ၊ လာကာဇက်တီ၊ ပီပီ၊ မာတင်နယ်လီတို့ ပါဝင်လာဖို့ ရှိနေတာကြောင့် နယူးကာဆယ်ကို အပြတ်အသတ်အသာစီးရရှိဖို့ သေချာနေပါတယ်။ တိုက်စစ်ပိုင်းဂိုးမရတဲ့အပြင် နောက်တန်းအားနည်းချက်များစွာ လည်း ရှိနေတဲ့ နယူးကာဆယ်တို့ အဝေးကွင်းမှာ ကျရှုံးရဖို့ သေချာနေပါတယ်။
ကြွေတက်နေတဲ့ လက်ရှိချန်ပီယံ အာဆင်နယ်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။
မန်ယူ – ဝက်ဖို့ဒ်
ပွဲချိန်
ညနေ ၂ : ၃၀
နံနက်ပိုင်းပေါက်ကြေး
မန်ယူ ၁-၉၀ (၃+၁၀) ဝက်ဖို့ဒ်
ခန့်မှန်းရလဒ်
၃-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ကြားရက်တုန်းက အိမ်ကွင်းမှာ မန်စီးတီးကို ရှုံးနိမ့်ပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှ ထွက်ခွာခဲ့ရတဲ့ ဆိုးလ်ရှားရဲ့ မန်ယူဟာ ဆုဖလားဆာလောင်နေပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကျိန်စာဆိုးကို ယခုရာသီမှာ ဖျက်ပြီး ဆုဖလားတစ်လုံးလုံးရရှိအောင် အကြီးအကျယ်လုပ်ဆောင်ဖို့ သေချာနေပါတယ်။

မန်ယူဟာ မန်စီးတီးလို ဘောလုံးပိုင်ဆိုင်အသားပေးကစားပြီး ခံစစ်တောင့်တင်းတဲ့ အသင်းနဲ့ တွေ့တဲ့အခါ ခြေစွမ်း ပိုင်း အကောင်းဆုံးပုံစံရဖို့ ရုန်းကန်ရပေမယ့် ဝက်ဖို့ဒ်လို ချန်ပီယံရှစ်ကလပ်ကိုတော့ တိုက်စစ်ပိုင်း အသာစီးနဲ့ ကစားလာနိုင်ဖို့ သေချာနေပါတယ်။
ကြေးက ပြင်းတယ်ဆိုပေမယ့် လူစုံတက်စုံနဲ့ ပွဲထွက်လာမယ့် မန်ယူတို့ ဂိုးပြတ်အနိုင်ရဖို့ သေချာပါတယ်။
ဆီဗီလာ – ဆိုစီဒက်
ပွဲချိန်
ညနေ ၇ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ဆီဗီလာ L-၆၀ (၃+၁၀) ဆိုစီဒက်
ခန့်မှန်းရလဒ်
၁-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
လိုပီတီဂူရဲ့ ဆီဗီလာက အမှားအယွင်းနည်းနည်းနဲ့ ကစားတတ်တဲ့အသင်းဖြစ်ပြီး ခံစစ်ပိုင်း တော်တော် လုံခြုံ စိတ်ချရပါတယ်။ ဒီယေဂိုကားလို့စ်၊ ခွန်ဒီတို့ ဗဟိုခံစစ်အတွဲက ဖျက်အားတော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ ဒီဂျောင်၊ မူနာနဲ့ အန်နက်စ်ယီတို့က ဂိုးပေါက်ပျောက်နေတာကြောင့် ပွဲအများစုမှာ ဂိုးရဖို့ တော်တော်ရုန်းကန်ရပါတယ်။

ဆိုစီဒက်ကတော့ ရာသီအစ တာထွက်ကောင်းခဲ့သလောက် တောက်လျှောက် ခြေစွမ်းပျက်နေပါတယ်။ အထူးသဖြင့် ဒေးဗစ်ဆေးလ်ဗားမပါဝင်တဲ့နောက်ပိုင်းမှာ ခြေစွမ်းပိုင်း တော်တော်ယိုင်လာကာ ဖန်တီးမှုပိုင်းမှာပါ အားနည်းလာတာ တွေ့ရပါတယ်။
ဆီဗီလာဟာယခုပွဲမှာ အနိုင်ရရင် ဆိုစီဒက်ထက် ၃ ပွဲလျှော့ကစားပြီး ရမှတ် တူသွားပါမယ်။ အိမ်ကွင်းမှာ ကစားရမယ့်အပြင် ခံစစ်ပိုင်း ကျစ်လစ်တဲ့ ဆီဗီလာတို့ ဆိုစီဒက်ကို ကပ်ပြီး အနိုင်ရသွားမယ်လို့ ယုံကြည်ပါတယ်။ ဆိုစီဒက်ကို ငြင်းပယ်ချင်ပါတယ်။
မီလန် – တိုရီနို
ပွဲချိန်
ညနေ ၂ : ၁၅
နံနက်ပိုင်းပေါက်ကြေး
မီလန် ၁+၁၀ (၃+၆၀) တိုရီနို
ခန့်မှန်းရလဒ်
၃-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အေစီမီလန်ဟာ ကြားရက်တုန်းက အိမ်ကွင်းမှာ ဂျူဗင်တပ်ကို ၃-၀ဂိုးနဲ့ ရှုံးနိမ့်ပြီး ယခုရာသီ စီးရီးအေမှာ ရှုံးပွဲမရှိ မှတ်တမ်း ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အေစီမီလန်ဟာ ဂျူဗင်တပ်ကို ဂိုးပြတ်ရှုံးခဲ့တယ်ဆိုပေမယ့် ခြေတော့ မရှုံးခဲ့ပါဘူး။ အီဘရာဟီမိုဗစ်မပါဝင်ပေမယ့် အေစီမီလန်ရဲ့ တိုက်စစ်ကစားပုံကောင်းမွန်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာတော့ အနည်းငယ်အားနည်းပါတယ်။

တိုရီနိုကလည်း တိုက်စစ်ကစားပုံကောင်းမွန်တဲ့အပြင် နောက်ဆုံး ၁၀ ပွဲ ဆက်တိုက်ဂိုးပေါက်တွေ့ထားတဲ့အသင်း ဖြစ်ပါတယ်။ ဘီလော့တီဦးဆောင်တဲ့ တိုက်စစ်က ဘယ်အချိန်မှာမဆို ဂိုးသွင်းနိုင်ပါတယ်။

ယခုမှာ ဂိုးပေါင်းအပေါ်က စိတ်အချရဆုံးဖြစ်ပါတယ်။ မီလန်တို့ ဂိုးစောစာစီးစီးရရင် ဂိုးပြတ်တောင် အနိုင်ရသွားနိုင်ပါတယ်။