
ယနေ့ည အကြိုက်ဆုံး ပစ်မလွဲ ၄ ပွဲ
မင်းစနေ
- ခရစ္စတယ်ပဲလေ့စ် – လီဗာပူး
ပွဲချိန်
ညနေ ၇ : ၀၀
နံနက်ပိုင်းပေါက်ကြေး
ခရစ္စတယ်ပဲလေ့စ် (၃+၂၀) ၁-၁၀ လီဗာပူး
ခန့်မှန်းရလဒ်
၁-၃
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းအမှန်ဆုံးအသင်းကို ပြပါဆိုရင် လီဗာပူးကိုဘဲ ပြရပါလိမ့်မယ်။ ပွဲဆက်များမှုကြောင့် ပရီးမီးယားလိဂ်အသင်းတိုင်း ရလဒ်ကမောက်ကမတွေကြုံရပါတယ်။ ဒီလိုအချိန်မှာ ဒဏ်ရာပြဿနာသောင်းခြောက်ထောင်ကြုံရပေမယ့် လီဗာပူးဟာ ခြေစွမ်းပျောက်ခဲ့တာမျိုး မရှိပါဘူး။ ဖန်တီးမှုပိုင်း အားနည်းတာမျိုး မရှိခဲ့ပါဘူး။ စပါးစ်နဲ့ပွဲမှာ သူတို့ဟာခြေစွမ်းပိုင်းတင်မက နောက်ဆုံးအချိန်အထိ အနိုင်အတွက် တိုက်ပွဲဝင်နေတယ်ဆိုတာ ပြသသွားပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကခြေရှုးအသင်းလို့ဆိုရင်မမှားပါဘူး။ ကောင်းချင်ရင် စွတ်ကောင်းသလို မကောင်းရင် လည်း ဖရိုဖရဲနိုင်လွန်းလှပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ တစ်ယောက်အသာနဲ့သာ မကစားရဘူးဆိုရင် ပျားတုတ်နိုင်တဲ့သဘောမှာ ရှိခဲ့ပါတယ်။ တစ်ယောက်အသာနဲ့ ကစားရပြီးတဲ့နောက်မှာမှ ပဲလေ့စ်ဟာ ဝက်စ်ဘရွန်းကို အသာရခဲ့တာပါ။
ဒီပွဲမှာလည်း လီဗာပူးဟာ ပဲလေ့စ်ကို တစ်ဖက်သတ် တိုက်စစ်ဆင်ကစားဖို့ သေချာနေပြီး ပဲလေ့စ်ကတော့ ထုံးစံအတိုင်း တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ ချောင်းပါလိမ့်မယ်။
ဖွင့်လှစ်မှုအရ လီဗာပူးက တစ်လုံးသွင်းရင်တောင် ၁၀ ရှုံးမှာ ဖြစ်ပြီး ဂိုးပေါင်း ၃ လုံး ၂၀ အနိုင် ဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်မှုအနေအထားမှာ လီဗာပူးနဲ့ သတ္တိရှိရှိ ရပ်တည်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ဆောက်သမ်တန် – မန်စီးတီး
ပွဲချိန်
နံနက် ၉း၃၀
နံနက်ပိုင်းပေါက်ကြေး
- ဆောက်သမ်တန် (၃+၂၀) ၁-၃၀ မန်စီးတီး
ခန့်မှန်းရလဒ်
၁-၃
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
တိုက်စစ်ကောင်းတဲ့အသင်းနှစ်သင်းတွေ့တဲ့ပွဲဖြစ်လို့ စနေည ပရီးမီးယားလိဂ်ပွဲတွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးဖျော်ဖြေမှုအကောင်းဆုံးပေးလာမယ့်ပွဲ ဖြစ်ပါတယ်။
အားလုံးလည်း သိတဲ့အတိုင်း မန်စီးတီးက တောက်လျှောက်ခြေစွမ်းပိုင်း တော်တော်လေး မြင့်မားနေပါတယ်။ နောက်ဆုံးပရီးမီးယားလိဂ်နှစ်ပွဲဆက် မန်စီးတီးတို့ သရေကျခဲ့တယ်ဆိုပေမယ့် ခြေမရှုံးခဲ့ပါဘူး။ ဆောက်သမ်တန်ကလည်းတောက်လျှောက်ခြေကောင်းနေပါတယ်။ စိတ်ဓာတ်ပိုင်းကလည်း အမြင့်ပိုင်း ရောက်နေပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိတာကတော့ ဒီပွဲက ခရစ္စမတ်ပွဲကျပ်ကာလကို တိုးဝင်တဲ့ပွဲဖြစ်ပါတယ်။ ဂွါဒီယိုလာအနေဖြင့် ချန်ပီယံဆုကို စိန်ခေါ်ဖို့အတွက် အခုပွဲမှာ အကောင်းဆုံးပြင်ဆင်လာဖို့ သေချာနေ ပါတယ်။ အခြားတစ်ဖက်မှာ မန်စီးတီးက ချန်ပီယံလိဂ်မှာသာ ခြေကောင်းပြီး ပရီးမီးယားလိဂ်မှာတော့ ဂိုးရဖို့အတွက် ရုန်းကန်ရတာ တွေ့ရပါတယ်။
ဖွင့်လှစ်မှုအနေအထားအရ အိမ်ရှင် ဆောက်သမ်တန်ဘက်က ရပ်တည်တာ အကောင်းဆုံး ဖြစ်ပါတယ်။
ဘာစီလိုနာ – ဗလင်စီယာ
ပွဲချိန်
နံနက် ၉း၄၅
နံနက်ပိုင်းပေါက်ကြေး
ဘာစီလိုနာ ၂+၈၀ (၃-၈၀) ဗလင်စီယာ
ခန့်မှန်းရလဒ်
၃-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ပြီးခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲစဉ်တုန်းက ဘာစီလိုနာရဲ့ခြေစွမ်းက တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ ဂိုးသွင်းမသေချာလိုသာ ဂိုးမပြတ်ခဲ့တာပါ။ ဘာစီလိုနာသာ ဂိုးသွင်းသေချာရင် အနည်းဆုံး ၄ ဂိုးကနေ ၅ ဂိုးအထိ ရနိုင်ပါတယ်။ ဆိုစီဒက်ပွဲတုန်းက ခြေစွမ်းမျိုးနဲ့ဆိုရင်တော့ ဘာစီလိုနာအတွက် ဗလင်စီယာ နိုင်ပွဲက သိပ်အခက်ကြီးမဟုတ်ပါဘူး။

ဗလင်စီယာကလည်း ခြေစွမ်းပိုင်း တော်တော်ဆိုးရွားနေတဲ့အသင်းမျိုးတော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် အဆိပ်မရှိတဲ့ မြွေတော့ မဟုတ်ပါဘူး။ လာလီဂါမှာ ရုန်းကန်နေရတဲ့ ဘာစီလိုနာကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အသင်းမျိုး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ကြေးဖွင့်လှစ်မှုအရ ဘာစီလိုနာနဲ့ ဂိုးပေါင်း အပေါ် ကြိုက်ပါတယ်။
ဖီအိုရင်တီးနား – ဗီရိုနာ
ပွဲချိန်
နံနက် ၈း၃၀
နံနက်ပိုင်းပေါက်ကြေး
ဖီအိုရင်တီးနား L-၆၀ (၂-၁၀၀) ဗီရိုနာ
ခန့်မှန်းရလဒ်
၂-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
တစ်ကျော့ပြန် ပရန်ဒယ်လီ လက်အောက်မှာ ဖီအိုရင်တီးနားဟာ နိုင်ပွဲတစ်ပွဲမျှ မရရှိသေးပါဘူး။ ပရန်ဒယ်လီလက်ထက် အစောပိုင်း ပွဲတွေမှာ ဖီအိုရင်တီးနားရဲ့ခြေစွမ်း တော်တော်နိမ့်ကျပေမယ့် ပြီးခဲ့တဲ့ ဆက်စ်ဆူလို ပွဲတော့ တော်တော်လေး တိုးတက်လာတာ တွေ့ရပါတယ်။ တိုက်စစ်ကစားဟန်လည်း တော်တော်လေး ကောင်းလာတာ တွေ့ရပြီး ဖန်တီးမှုပိုင်း အားကောင်းလာပါတယ်။
ဗီရိုနာက ရာသီအစပိုင်းတုန်းက ခံစစ်ပိုင်းတော်တော်ကျစ်လစ်ပြီး အမှားနားခဲ့ပေမယ့် နောက်ပိုင်းမှာ ခံစစ်ပိုင်း တော်တော်အားနည်းပြီး အမှားများတာ တွေ့ရပါတယ်။ တိုက်စစ်ပိုင်းကတော့ ကျေနပ်စရာ အနေအထားမှာ ရှိနေပြီး ၅ ပွဲဆက်ဂိုးရထားပါတယ်။
ယခုပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရှာဖွေလာဖို့ ကြိုးပမ်းလာမယ့် ဖီအိုရင်တီးနားကို ကြိုက်ပါတယ်။
(ယခုဆောင်းပါး အတွက် Mgw-88 sportbooks မှ အဓိက ကူညီပံ့ပိုး ပါသည်)