
ယနေ့ည အကြိုက်ဆုံး ပစ်မလွဲ ၄ ပွဲ
✍မင်းစနေ

ဘန်လေ – အာဆင်နယ်
ပွဲချိန်
ည ၇ :၀၀
နံနက်ပိုင်းပေါက်ကြေး
ဘန်လေ (၃+၈၀) ၁+၂၅ အာဆင်နယ်
ခန့်မှန်းရလဒ်
၁-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဘန်လေက ကစားပုံကျစ်ကျစ်လျစ်လျစ်ရှိပြီး အမှားအယွင်းနည်းတဲ့အသင်းဖြစ်ပါတယ်။ ကြားရက်တုန်းက လက်စတာနှင့်သရေကျတုန်းက ဘန်လေရဲ့ခြေစွမ်းက ကျေနပ်စရာကောင်းပါတယ်။
တစ်ဖက်မှာ အာဆင်နယ်ကလည်း ပြီးခဲ့တဲ့အပတ်တုန်းက လက်စတာကိုအဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။
အာဆင်နယ်ဟာ ခရစ္စမတ်မတိုင်ခင် ပထမအကျော့တုန်းက ဘန်လေကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ပထမအကျော့တုန်းကရှုံးကြွေးကို ဆပ်ဖို့အတွက် အာဆင်နယ်တို့ အစွမ်းကုန်ကြိုးပမ်းလာဖို့ သေချာနေပါတယ်။
အာဆင်နယ်က နောက်ပိုင်းမှာ ခံစစ်ပိုင်းကျစ်ကျစ်လျစ်လျစ်ကစားနိုင်ပြီးဇာခါ၊ အယ်လ်နီနီ၊ စမစ်ရိုဝီ၊ ဝီလီယမ်၊ ပီပီတို့ကလည်း အကောင်းဆုံးပုံစံရနေပါတယ်။
တစ်ဖက်မှာဘန်လေကည်း အိမ်ကွင်းရောက်ရင် တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ တော်တော်ကျစ်လျစ်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။
ပေါက်ကြေးအနေအထားအရ အိမ်ကွင်းရောက်ရင် ခြေမာတဲ့ဘန်လေကို နှစ်သက်မိပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်– ဆောက်သမ်တန်
ပွဲချိန်
ည ၉ :၃၀
နံနက်ပိုင်းပေါက်ကြေး
ရှက်ဖီးလ်ယူနိုက်တက် (၂-၄၀) = -၇၀ ဆောက်သမ်တန်
ခန့်မှန်းရလဒ်
၁-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဇယားကြမ်းခင်းမှာရပ်တည်နေတဲ့ ရှက်ဖီးလ်က နောက်ပိုင်းမင်းသားလိုပါပဲ။
နောက်ပိုင်းပွဲစဉ်တွေမှာ ရှက်ဖီးလ်ယူနိုက်တက်ရဲ့စိတ်ဓာတ်ကို မြင်တွေ့လာရပါတယ်။ ရှက်ဖီးလ်ရဲ့ ခြေစွမ်းပိုင်းကတော့ အားရစရာကောင်းတဲ့ အနေအထားမျိုးမှာတော့ မရှိသေးပါဘူး။
ဒါပေမဲ့ ခံစစ်ပိုင်းကို တော်တော်အားပြုကစားလာမှုနဲ့အတူ ပြိုင်ဘက်အသင်းက ထိုးဖောက်ရခက်ခဲနေစေတာတော့ အမှန်ပါပဲ။
တစ်ဖက်မှာ ဆောက်သမ်တန်ကလည်း တဖြည်းဖြည်း ရလဒ်ပိုင်းရောခြေစွမ်းပိုင်းပါ အနုတ်လက္ခဏာပြနေတဲ့ အသင်းဖြစ်ပါတယ်။
အထူးသဖြင့် အဓိကကွင်းလယ်ကစားသမားရိုမြူး အနားယူနေရမှုနဲ့အတူကွင်းလယ်ပိုင်း တော်တော်အားနည်းလာပါတယ်။
ရှက်ဖီးလ်ဟာ ကြားရက်တုန်းက ဗီလာလိုမာတဲ့အသင်းကို အနိုင်ကစားထားနိုင်ခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဆောက်သမ်တန်က အသာစီးနဲ့ ကစားလာနိုင်တယ်ဆိုပေမယ့် ခြေစွမ်းတဖြည်းဖြည်းကျနေတဲ့ ဆောက်သမ်တန်အပေါ် ယုံကြည်မှု အနည်းငယ်လျော့နေတာတော့ အမှန်ပါပဲ။
သရေရဖို့အားပြုကစားပြီး အခွင့်အရေးရလာရင် အနိုင်ယူဖို့ ကြိုးပမ်းလာမယ့် ရှက်ဖီးလ်ကိုပဲ ကြိုက်ပါတယ်။

ဂျူဗင်တပ် – လာဇီယို
ပွဲချိန်
နံနက် ၂ :၁၅
နံနက်ပိုင်းပေါက်ကြေး
ဂျူဗင်တပ်=-၁၀၀ (၃+၅၀) လာဇီယို
ခန့်မှန်းရလဒ်
၂-ဝ
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဂျူဗင်တပ်ရဲ့ခြေစွမ်းက ခန့်မှန်းရ တော်တော်ခက်နေပါတယ်။ အထူးသဖြင့် ခရစ္စတီယာနိုရော်နယ်ဒို၊ ချီယေးဆာတို့အပေါ် မှီခိုလွန်းအားနေမှုက ပြဿနာတစ်ခုဖြစ်ပါတယ်။
ဂျူဗင်တပ်ရဲ့နောက်ဆုံးငါးပွဲမှာ ကြားရက်တုန်းက စပီဇီယာနိုင်ပွဲနဲ့ခရိုတုန်းတို့ကို အနိုင်ရခဲ့တာကလွဲရင် ကျန်ပွဲတွေမှာ စိတ်ဓာတ်ပိုင်းပါ ပျောက်ဆုံးနေခဲ့တာ တွေ့ရပါတယ်။
အထူးသဖြင့် ဂျူဗင်တပ်က အဝေးကွင်းရောက်ရင် ယုံကြည်လို့မရတဲ့အသင်းထဲမှာ ပါဝင်ပါတယ်။ ပွဲအစပိုင်းနဲ့ ပွဲပြီးခါနီးအချိန်တွေမှာ အမှားတွေလုပ်တတ်ပါတယ်။
ဒါပေမဲ့ ဂျူဗင်တပ်က အိမ်ကွင်းရောက်ရင်တော့ ဘယ်ပြိုင်ဘက်မျိုးကိုမဆို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ယုံကြည်မှုရှိရှိ ကစားတတ်တဲ့အသင်း ဖြစ်ပါတယ်။
တစ်ဖက်မှာ လာဇီယိုကလည်း အလယ်တန်းတိုက်စစ်ပိုင်း အားရာစရာကောင်းပေမယ့် အဆုံးသတ်ပိုင်းအားနည်းသလို ခံစစ်ပိုင်းမှာလည်း အမှားအယွင်းတွေရှိတဲ့ အသင်းဖြစ်ပါတယ်။
အထူးသဖြင့် ထိပ်သီးတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လာဇီယိုရဲ့အားနည်းချက်က သိသာပါတယ်။
အိမ်ကွင်းရောက်ရင် ခြေစွာတတ်တဲ့ ဂျူဗင်တပ်ဆီက ရမှတ် ၁ မှတ်ခွဲယူဖို့ဆိုတာ လာဇီယိုအတွက် အလွန်ခက်ခဲလွန်းပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒို၊ ချီယေးဆာတို့သာခြေတွေ့ရင် ဂိုးတောင်ပြတ်သွားနိုင်ပါတယ်။

အိုဆာဆူနာ– ဘာစီလိုနာ
ပွဲချိန်
နံနက်၂ : ၃၀
နံနက်ပိုင်းပေါက်ကြေး
အိုဆာဆူနာ (၃+၃၅) ၁-၁၀ ဘာစီလိုနာ
ခန့်မှန်းရလဒ်
ဝ-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
မက်ဆီရဲ့ခြေစွမ်းပိုင်းအကောင်းဆုံးပုံစံ တောက်လျှောက်ပြနေပါတယ်။ ဘာစီလိုနာဟာ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲရရှိထားပြီး ဂိုးလည်းမပေးထားရပါဘူး။
ဒါပေမဲ့ ယင်းဂိုးမပေးရတဲ့ ပွဲသုံးပွဲမှာ အဓိကနေရာမှပါဝင်တဲ့ ပီကေး ယခုပွဲမှာ ပါဝင်လာမှာမဟုတ်ပါဘူး။
တစ်ဖက်မှာ ဘာစီလိုနာတိုက်စစ်က တော်တော်လေးကောင်းနေပါတယ်။ ဒမ်ဘီလီ၊ ဂရက်ဇ်မန်း၊ မက်ဆီတို့ အကောင်းဆုံးပုံစံ ရနေသလို ကွင်းလယ်က ဒီဂျောင်တို့ကလည်း အကောင်းဆုံးပံ့ပိုးနေတာ တွေ့ရပါတယ်။
တစ်ဖက်မှာ အိုဆာဆူနာက ခြေရူးဖြစ်ပေမယ့် အိမ်ကွင်းမှာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရရင် အချိန်ပြည့် ခံစစ်ဇုန်မှာပိတ်ဆို့ကစားဖို့ ဝန်မလေးတဲ့အသင်းဖြစ်ပါတယ်။
ခရိုအေးရှားတိုက်စစ်မှူး ဘူဒီမာကလည်း အရည်အချင်းရှိ တိုက်စစ်မှူးတစ်ဦးဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ ခံစစ်ပိုင်းပေါ့လျော့လို့တော့ မရပါဘူး။
ဒါပေမဲ့ လက်ရှိအချိန်မှာ ဘာစီလိုနာဟာ ကြားရက်မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ကစားဖို့ ရှိနေရပေမယ့်လည်း လာလီဂါကို ပိုမိုအားစိုက်ကစားလာတော့မှာဖြစ်လို့ အိုဆာဆူနာအတွက် မချောင်ပါဘူး။
ပထမအကျော့တုန်းက အိုဆာဆူနာကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာဟာ မက်ဆီရဲ့အကောင်းဆုံးဦးဆောင်မှုနဲ့အတူ အိုဆာဆူနာကို ဂိုးပြတ်အနိုင်ယူပါလိမ့်မယ်။