ယခုရာသီ ပရီးမီးယားလိဂ်တိုက်ပွဲ ပိုမို ပြင်းထန်မည်ဟု ကလော့ပ်ဖွင့်ဟ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားအတွက် အသင်းများစွာ ယှဉ်ပြိုင်လာကြမည်ဖြစ်ကြောင်း နှင့် တနင်္လာနေ့တွင် အာဆင်နယ်နှင့် ရင်ဆိုင်ရမည့်ပွဲမှာ ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲ မဟုတ်ကြောင်း ပြောကြားလိုက်သည်။

ဂျာမန်လူမျိုးနည်းပြသည် ပြီးခဲ့သည့် ရာသီတုန်းက နှစ်ပေါင်း ၃၀ ဝေးကွာနေခဲ့ သည့် ပရီးမီးယားလိဂ်ဖလားအား အန်ဖီးလ်သို့ ဆောင်ယူလာခဲ့သူသည်။ ၎င်းတို့သည် ဒုတိယနေရာမှ မန်စီးတီးကို ရမှတ် ၁၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။

သို့ရာတွင် ကလော့ပ်က ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားအတွက် တိုက်ပွဲတွင် မနက်ဖြန် ရင်ဆိုင်ရမည့် အာဆင်နယ်၊ စပါးစ်တို့မှာလည်း ယှဉ်ပြိုင်လာမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

အာဆင်နယ်သည် ပြီးခဲ့သည့် ရာသီတုန်းက လီဗာပူးနှင့် ရမှတ် ၄၃ မှတ်အထိ ဆိုးဆိုးရွားရွား ကွာခြားခဲ့သည်။ သို့ရာတွင် အာတီတာ လက်အောက်တွင် အာဆင်နယ်မှ အကောင်းဆုံး ပုံစံ ရရှိနေပြီး ပြီးခဲ့သည့်လက ကွန်မြူနတီဒိုင်းတွင် ကလော့ပ်၏ လီဗာပူးကို အနိုင်ရယူနိုင်ခဲ့သည်။

ကလော့ပ်က “သူတို့က အခြေအနေကို မဖြေရှင်းနိုင်ခဲ့လို့ အဆင့် ၈ သို့ ရောက်သွားခဲ့တာပါ(ဒီဇင်ဘာလတွင်မှ အာတီတာကို ခန့်အပ်ခဲ့)။ သူတို့က ဒီလိဂ်ရဲ့ နံပါတ်ရှစ် အကောင်းဆုံးအသင်း မဟုတ်ပါဘူး။ သူတို့က ချန်ပီယံလိဂ် မဟုတ်ရင် တောင် ယူရိုပါလိဂ် (အမှတ်ပေးပြိုင်ပွဲမှတဆင့်)အလွယ်တကူဝင်ခွင့်ရခဲ့သင့်တဲ့ အသင်းပါ။ ဒီရာသီမှာ အသင်းတွေ တော်တော် ကောင်းနေကြပါတယ်။ ရာသီအစမှာဘဲ ဘယ်အသင်း ချန်ပီယံ ဖြစ်မယ်လို့ ဆုံးဖြတ်လို့ မရပါဘူး။ မန်စီးတီဂကို ကြည့်လိုက်။ ဝုဗ်နဲ့ ပွဲမှာ သူတို့ ရုန်းကန်ခဲ့ရတယ်လို့ လူတွေက တွေးကြလိမ့်မယ်။ ဝုဗ်က အရမ်းကောင်းခဲ့တော့ တစ်မှတ်ရသင့်တယ်လို့ ထင်ကြလိမ့်မယ်။ ဘယ်အသင်းမှ စိတ်ချရတဲ့အနေအထားမှာ မရှိပါဘူး။ ဒီတော့ ကျွန်တော်တို့လည်း အလုပ်ကြိုးစားရမယ်။ ဒီရာသီမှာ အသင်းအများကြီး ယှဉ်ပြိုင်ကြပါမယ်။ ချဲလ်ဆီး၊ မန်ယူ၊ အာဆင်နယ်၊ စပါး်စအသင်းကလည်း ယှဉ်ပြိုင်ကြမှာပါ။ လိဂ်ပြိုင်ပွဲက တာဝေးပြိုင်ပွဲပါ။ တာတိုပြိုင်ပွဲမဟုတ်ပါဘူး။ အခိုက်အတန်ကာလတွေ အများကြီးကို ကျော်ဖြတ်ရပါမယ်။ ဒီတော့ ဘာကြောင့် ဒီကနေ့ အချိန်မှာ ခင်ဗျားတို့ (မီဒီယာ)တတွေ လိဂ်မှာအနိုင်ရတာနဲ့ပတ်သက်ပြီး ပြောနေကြသလဲ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ဘယ်သူ အနိုင်ရသွားမယ်ဆိုတာ ကျွန်တော် မခန့်မှန်းတတ်သေးပါဘူး။ ဒါပေမယ့် အသင်းတွေ အများကြီး ကြိုးပမ်းကြမှာကိုတော့ သိထားပါတယ်”ဟု ပြောကြားသွားသည်။

လီဗာပူးသည် ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက် အနိုင်ရရှိထားသည်။  

Facebook Comments Box
Facebook Comment