ယခုရာသီ ပထမဆုံး အယ်လ်ကလာစီကိုပွဲတွင် မက်ဆီ လွဲချော်နိုင်သည့် အနေအထားရှိနေ

ဘာစီလိုနာသည် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားရမည့် ယခုရာသီ ပထမဆုံး အယ်လ်ကလာစီကိုပွဲတွင် အသင်းခေါင်းဆောင် မက်ဆီ မပါဝင်ဘဲ ရင်ဆိုင်ကစားရမည့်အနေအထားနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဘာစီလိုနာသည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် နျူးကမ့်၌ ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားရမည်ဖြစ်သည်။

သို့ရာတွင် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က အာဂျင်တီးနား ၏ကမ္ဘာ့ဖလား ခြေစစ်ပွဲနှစ်ပွဲကစားမည့်ရက်ကို ကြေညာလာရာ မက်ဆီ၏အယ်လ်ကလာ စီကိုပွဲတွင် ပါဝင်နို်ငမှုအပေါ် ကြီးမားသည့် အတားအဆီး ဖြစ်လာနိုင်နေသည်။

အာဂျင်တီးနားအသင်းသည် အောက်တိုဘာလ ၈ ရက်နေ့တွင် အီကွေဒေါနှင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဘိုလီးဗီးယားနှင့်လည်းကောင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအဆုံးအဖြတ်ပွဲများကို ကစားရမည်ဖြစ်သည်။

အာဂျင်တီးနားသည် ၎င်းတို့အတွက် အရေးပါသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် အသင်းခေါင်းဆောင်မက်ဆီကို ပါဝင်စေလိုနေသည်။ မက်ဆီအနေဖြင့် ယင်းကမ္ဘာ့ဖလားပွဲနှစ်ပွဲကြောင့် ပွဲပန်းမှုဒဏ်ခံရရန် သေချာနေပြီး ဒဏ်ရာရခြင်းတို့ ဖြစ်လာနိုင်ကာ ရီးရဲလ်မက်ဒရစ်ပွဲ အပြင် အခြား ပွဲစဉ်များကို လွဲချော်ရနိုင်သည့် အနေအထားတွင် ရှိနေသည်။

ဘာစီလိုနာနှင့် ဥရောပကလပ်များက ယင်းပွဲများတွင် ဥရောပကစားသမားများအား သုံးခွင့်မပြုရန် ဖီဖာကို တောင်းဆိုထားသော်လည်း ဖီဖာက အာဂျင်တီးနားအနေဖြင့် ဥ‌ရောပအခြေစိုက် ကလပ်များကိုပါ ရွေးချယ်နိုင်ကြောင်း ဆိုထားသည်။

Facebook Comments Box
Facebook Comment