
မြူးနစ်အတွက် လာခြင်းကောင်းသူ
ဟယ်ရီကိန်းရဲ့
စွန့်စားခန်းကတော့
ကောင်းခြင်းမင်္ဂလာတွေနဲ့
ပြည့်နေပြီလို့ ဆိုနိုင်တယ်။
ငယ်ချစ်စပါးကို
စွန့်ခွာပြီး ရေမြေခြားမှာ
အောင်မြင်မှုရှာဖို့ဆိုတာ
လွယ်လွယ်ကူကူ
မဖြစ်နိုင်ဘူးဆိုတာ
သူသိသားပဲ။
ဒါပေမဲ့ လန်ဒန်မှာ
ဆက်နေရင် ဖလားရနံ့
ရှူရှိုက်နိုင်ဖို့က မလွယ်ဘူး။
ဒါကြောင့်
အကောင်းဆုံးအချိန်တွေကို
ပြည်တွင်းမှာပဲ ကုန်ဆုံးတာများတဲ့
အင်္ဂလန်သားအများစုရဲ့
လမ်းဟောင်းကိုမလိုက်ဘဲ
စိန်ခေါ်မှုတွေကို ရှာတယ်။
မြူးနစ်ကိုရောက်လာတယ်။
ရောက်ရောက်ချင်းမှာပဲ
အသင်းနဲ့ အမြန်ဆုံး
အထိုင်ကျခဲ့တယ်လို့
ဆိုနိုင်တယ်။
ပါရမီရှင်လို့
မဆိုနိုင်ပေမယ့်
ဟယ်ရီကိန်းဟာ
ကြိုးစားအားထုတ်မှုကြောင့်
နေရာတခု ရလာတာပါ။
မက်ဆီ၊ ရော်နယ်ဒို၊
နေမာတို့လို စကေး
မကောင်းပေမယ့်
အဆုံးသတ်ပိုင်းမှာတော့
သူက ဆရာတဆူဖြစ်နေဆဲပဲ။
ဘိုချမ်နဲ့ကစားတဲ့ပွဲမှာ
အင်္ဂလန်ကပ္ပတိန်က
ဘွန်ဒက်စ်လီဂါ ပထမဆုံးသော
ဟက်ထရစ် ရယူခဲ့တယ်။
ဆာနေး၊ မာသိုင်တဲလ်တို့
သွင်းတဲ့ဂိုးတွေကလည်း
သူပဲ ဖန်တီးပေးခဲ့တာ။
ဘွန်ဒက်စ်လီဂါသမိုင်းမှာ
ဟက်ထရစ်သွင်းနိုင်တဲ့
စတုတ္ထမြောက် အင်္ဂလန်သား
ဖြစ်လာတယ်။ သူဟာ
ရာသီအစ လိဂ် ၅ ပွဲမှာတင်
၇ ဂိုးသွင်းပြီး ၃ ဂိုး
ဖန်တီးပေးထားတယ်။
တနည်းဆိုရရင်
ဂိုးပါဝင်ပတ်သက်မှု
၁၀ ကြိမ်အထိ
လုပ်ဆောင်ထားနိုင်ခြင်းပဲ။
ဒါဟာ ဘိုင်ယန်သမိုင်းမှာ
ရာသီအဖွင့် ၅ ပွဲမှာ
ဂိုးအများဆုံးသွင်းထားသူတွေအဖြစ်
မှတ်တမ်းဝင်ထားတဲ့ ဂတ်မူလာ၊
ကလိုဆေး၊ မန်ဇူကစ်တို့ကို
ကျော်ဖြတ်နိုင်ခြင်းပေါ့။
ဟာလန်းရဲ့ ရာသီအစ ၅ ပွဲ
ဂိုးပါဝင်ပတ်သက်မှု
၈ ကြိမ်ဆိုတဲ့ စံချိန်ကိုလည်း
Isar မြစ်ထဲ မျှောနိုင်ခဲ့တယ်။
သူ့အတွက် မမေ့နိုင်စရာက
ဘွန်ဒက်စ်လီဂါသမိုင်းမှာ
ရာသီအစ ၅ ပွဲမှာ
ဂိုးအများဆုံးသွင်းနိုင်သူဆိုတဲ့
ဧရာမစံချိန်ကြီးကို
တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့
ဂိုးအများဆုံးသွင်းနိုင်သူ
အလန်ရှီးယားကို
ကျော်ဖြတ်နိုင်ခြေ
ရှိရဲ့သားနဲ့ ဂျာမန်မြေဆီ
ကျူးကျော်လာတဲ့ HK9 ဟာ
ပတ္တမြားအစစ်အမှန်ဆိုတော့
ဘယ်နေရာပဲရောက်ရောက်
တောက်ပနေဆဲပဲ။
သေချာပါတယ်။
သူဟာ ဒီရာသီမှာ
Trophy Drought ဆိုတဲ့
မှတ်တမ်းဆိုးကြီးကို
ချေဖျက်နိုင်မှာ
အသေအချာပါပဲ။