
“မော်ရိုကိုဟာ ပြင်သစ်ရထားတွဲရှေ့မှာ လမ်းဖြတ်ကူးမိလေသူလား”
✍️ မောင်ရဲတိုက်

◾ ပြင်သစ် Vs မော်ရိုကို
🟦 ပြင်သစ်
အင်္ဂလန်ကို ဖြတ်ကျော်နိုင်ခဲ့တာဟာ ပြင်သစ်အတွက် အားတက်စရာ အောင်ပွဲဖြစ်ပါတယ်။ အမ်ဘာပေဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂျီရူးဒ်နဲ့ ဂရစ်ဇမန်းတို့ ပုံစံကောင်းပြန်ရခဲ့တာကြောင့် ပြင်သစ်ကိုအနိုင်ရချင်တဲ့ အသင်းတွေအနေနဲ့ စောင့်ကြည့်ထိန်းချုပ်ရမယ့် ကစားသမားတွေ များလာခဲ့ပါပြီ။ အထူးသဖြင့် No.10 roleမှာကစားနေတဲ့ ဂရစ်ဇမန်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ လုပ်ကွက်သိပ်မပေါ်တာကြောင့် အမ်ဘာပေ၊ ဒမ်ဘီလီတို့ရဲ့ တောင်ပံတိုက်စစ်နဲ့ပဲ ပြင်သစ်တို့ ရှေ့ဆက်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်နဲ့ပွဲမှာ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ ထိန်းချုပ်ခံနေရလို့ လွတ်လွတ်လပ်လပ် ကစားကွက်တည်မရဖြစ်နေချိန် ဂရစ်ဇမန်းက No.10 ဖန်တီးရှင်နေရာကို အကောင်းဆုံး အသုံးတော်ခံပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိပြင်သစ်တိုက်စစ်ဟာ ပုံစံမျိုးစုံ၊ နေရာမျိုးစုံကနေ ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိလာပြီမို့ ဘယ်အသင်းမှ ဂိုးမသွင်းနိုင်သေးတဲ့ မော်ရိုကိုခံစစ်ကို သွင်းဂိုးတွေရယူနိုင်တော့မလား ရှုစားကြရဖို့ ဖြစ်လာပါပြီ။
🟥 မော်ရိုကို
အက်တလက်ခြင်္သေ့တွေရဲ့ ကမ္ဘာ့ဖလားစွန့်စားခန်းဟာ တခြားအာဖရိကအသင်းတွေ မစွမ်းဆောင်နိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့ပါပြီ။ ၆ဂိုးပြတ်၊ ၇ဂိုးပြတ်တွေနဲ့ ဂိုးမိုးရွာခဲ့တဲ့ စပိန်၊ ပေါ်တူဂီတို့ဟာ သူတို့နဲ့အတွေ့မှာတော့ တစ်ဂိုးမှမရဘဲ ဂိုးပေါက်ပျောက်ခဲ့ရတာမို့ သိပ်သည်းကျစ်လစ်လှတဲ့ သူတို့ရဲ့ ခံစစ်အနုပညာက ချီးကျူးစရာပါ။ အခုချိန်ထိ OGတစ်ခုကလွဲလို့ တစ်ဂိုးမှမပေးရသေးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီညမှာတော့ နည်းပြရီဂရက်ဂူရီအတွက် အားထားရတဲ့ ကစားသမားတစ်ချို့ကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။ အသင်းခေါင်းဆောင် Romain Saiss ပေါ်တူဂီနဲ့ပွဲက ဒဏ်ရာအပြင်းအထန်ရခဲ့တာကို တွေ့ခဲ့ရတာမို့ ဒီညမှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ပွဲပြီးခါနီးမှ အနီကတ်မိခဲ့တဲ့ တိုက်စစ်မှုး ဝါလစ်ချက်ဒီရာကတော့ အန်နစရီရဲ့ အရန်သာဖြစ်လို့ သူ့ပွဲပယ်က ကြီးကြီးမားမား သက်ရောက်မှုမရှိဘဲ ကပ္ပတိန်Saissရဲ့ ပြန်လည်ပါဝင်နိုင်မှု ရှိမရှိကိုသာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီတစ်ခုကလွဲရင် ကျန်တဲ့လူအင်အားကတော့ အသင့်အနေအထားရှိနေပြီး လူသိများနေတဲ့ ဟာကင်ဇီယက်ခ်ျ၊ ဟာကီမီနဲ့ ဂိုးသမား ဘိုနူတို့ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ကစားနိုင်ကြဖို့ရှိပါလိမ့်မယ်။
📈 ကြေးဖွင့်လှစ်မှု
မူလတည်ကြေးကတော့ ပြင်သစ်ဘက်က (၁+၂၀)နဲ့ အစပြုထားပြီး ဒီနေ့မှာတော့ (၁+၁၀)ကို အနည်းငယ်ကျလာပါတယ်။ ဒီနှုန်းအရ ညနေမှာတော့ ၁သရေခန့်အထိ ကြေးတက်သွားနိုင်ခြေရှိပါလိမ့်မယ်။ ဂိုးပေါင်းဖွင့်လှစ်မှုမှာတော့ (၂-၃၀)ကနေ (၂-၄၀)ကို တက်လာတာတွေ့မြင်ရပါတယ်။ အခုထိ open playကနေ တစ်ဂိုးမှမပေးထားရသေးတဲ့ မော်ရိုကိုခံစစ်ကို ပြင်သစ်က နှစ်ဂိုးပြတ်နိုင်မှ အပြည့်ပျော်ခွင့်ရမယ်ဆိုတဲ့ ဖွင့်လှစ်မှုက အတော့်ကို ကြေးပြင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။
📝သုံးသပ်ချက်
မော်ရိုကိုရဲ့ ဆီမီးဖိုင်အထိ ဖြတ်ကျော်လာနိုင်မှုဟာ သိပ်ကို အထင်ကြီးစရာကောင်းလှပါတယ်။ အထူးသဖြင့် ဒီအဆင့်ထိ OGတစ်ဂိုးသာ ခွင့်ပြုထားရသေးတဲ့ ခံစစ်မာကျောမှုဟာ တော်ရုံအသင်းတွေ မစွမ်းဆောင်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒီညမှာလည်း ပြင်သစ်တိုက်စစ် အချိန်အတော်ကြာ ဂိုးရဖို့ ရုန်းကန်နေရတာမျိုး တွေ့ခဲ့ရရင် အံ့ဩဖို့တော့ မရှိပါဘူး။ ဒါပေမယ့် မော်ရိုကိုဟာ ပွဲပန်းမှုဒဏ်ကို တစ်စတစ်စ ခံစားလာနေရပြီလို့ ထင်မြင်မိပါတယ်။ အုပ်စု(၃)ပွဲလုံးမှာလည်း အင်ပြည့်အားပြည့် ညှစ်ထုတ်ကစားခဲ့ရသလို ရှုံးထွက်မှာလည်း မိနစ်၁၂၀ထိရုန်းကန်ခဲ့ရတာတွေကြောင့် ကစားသမားအများစုဟာ ဒဏ်ရာပြဿနာတွေနဲ့ အနည်းနဲ့အများဆိုသလို ကြုံတွေ့နေရပါတယ်။ဒါကြောင့် တစ်ဖက်မှာရှိနေတဲ့ အမ်ဘာပေ၊ ဂီရော့ဒ်၊ ဒမ်ဘီလီတို့ကို အချိန်ပြည့် တားဆီးနိုင်ပါ့မလားလို့ စိုးရိမ်မိပါတယ်။ ပွဲပန်းမှုဒဏ်ခံနေရနိုင်တဲ့ မော်ရိုကိုနောက်တန်းအနေနဲ့ နေရာစုံ ပုံစံစုံကနေ ထိုးဖောက်နိုင်တဲ့ ပြင်သစ်တိုက်စစ်ကို ရေရှည်တားဆီးဖို့ လွယ်မယ်မထင်ပါဘူး။ ဒါကြောင့် ကမ္ဘာ့ချန်ပီယံတွေကပဲ မိနစ်ကိုးဆယ်အတွင်း ပွဲဖြတ်ပြီး အနိုင်ရသွားလိမ့်မယ်လို့ ယူဆမိပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
🎯 ရွေးချယ်မှု
✅ ပြင်သစ်
✅ ဂိုးအောက်
⚽ ခန့်မှန်းရလဒ် = (၂-၀)
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။