မော်ရင်ဟိုနှင့် ပြဿနာမျိုး ရွိုင်းဟော့ဆန်နှင့် ဖြစ်လာမည်မဟုတ်ဟု လမ်းပတ် ပြောကြား

ဖရန့်လမ်းပတ်က ဟိုဆေးမော်ရင်ဟိုနှင့် ကွင်းဘေးစည်းတွင် အချင်းများသည့် ဖြစ်ရပ်မျိုးမှာ ယနေ့ည ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲ၌ အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဆန်နှင့် ဖြစ်လာမှာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်သည် ယနေ့ညတွင် ဟော့ဆန်ဦးဆောင်နေသည့် ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

ဖရန့်လမ်းပတ်သည် ပင်နယ်တီအဆုံးအဖြတ်တွင် စပါးစ်အား ရှုံးနိမ့်ခဲ့သည့် ကာရာဘောင်းဖလား၁၆သင်းအဆင့်ပွဲစဉ်တွင် မော်ရင်ဟိုနှင့် ကွင်းဘေးစည်းတွင် အချင်းများခဲ့သည်။

သို့ရာတွင် လမ်းပတ်က ယနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင် နည်းပြအဖြစ် သာမက လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါ လေးစားရသည့် အသက် ၇၃ နှစ်ရှိ ရွိုင်းဟော့ဆန်နှင့် အချင်းများမှုဖြစ်လာမှာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။

လမ်းပတ်က “သူ့နည်းပြဘဝကတကယ့်အံ့ချီးလောက်တယ်။ သူ့ကို အရမ်းလေးစားပါတယ်။ ပြီးတော့ သူ့ရဲ့ နည်းပြဘဝကို သယ်ဆောင်မှုအပေါ်မှာလည်း လေးစားအားကျရပါတယ်။ ကျွန်တော်နဲ့ ရွိုင်းအကြား ဘယ်တော့မှ အချင်းများမှု ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

လမ်းပတ်ဦးဆောင်သည့် ချဲလ်ဆီးသည် ဘရိုက်တန်နှင့် အဖွင့်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးကို ရှုံးနိမ့်ပြီး ဝက်စ်ဘရွန်းနှင့် သရေကျထားရာ ပဲလေ့စ်နှင့်ပွဲတွင် နိုင်ပွဲရရှိရန် လိုအပ်နေသည်။

Facebook Comments Box
Facebook Comment