မီလန်အသင်းပိုင်ရှင်ဟောင်းဘာလူစကိုနီ COVID-19 ကူးစက်ခံထားရ

အေစီမီလန်ဥက္ကဌဟောင်းနှင့်လက်ရှိစီးရီးအေကလပ်မွန်ဇာပိုင်ရှင်ဆယ်လ်ဗီယိုဘာလူစကိုနီသည် COVID-19 ကူးစက်ခံထားရကြောင်း သိရသည်။

အီတလီဝန်ကြီးချုပ်ဟောင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် နေအိမ်တွင်ပင် အထူးသီးသန့်နေထိုင်လျက်ရှိသည်။ ဘာလူစကိုနီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းကို သူ့ဆရာဝန်အယ်လ် ဘာတိုဇာဂရယ်လိုကအတည်ပြုထားတာဖြစ်ပါတယ်။

ဘာလူစကိုနီသည် ဆာဒီနီးယားသို့ အားလပ်ရက်အပန်းဖြေခရီးသို့ သွားရောက်ခဲ့စဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလာခဲ့ရခြင်းလည်းဖြစ်သည်။

သူသည် ယခုလနှောင်းပိုင်းတွင် အသက် ၈၄ နှစ်ပြည့်မည်ဖြစ်ရာ အသက်အရွယ်ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအပေါ် စိုးရိမ်စရာလည်း ရှိနေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် အီတလီတွင် ဖြေလျှော့မှုများ ပြုလုပ်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည် မြင့်တက်လာပြီး ကူးစက်သူအများစုမှာ ဆာဒီးနီးယားသို့ အပန်းဖြေခရီးသွားခဲ့ သည့်သူများဖြစ်ကြသည်။

ဆာဒီးနီးယားသည် ဆောင်းရာသီကာလတုန်းက အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်မှု ဖြစ်ပွားစဉ်တုန်းက ကူးစက်မှုအနည်းဆုံးကျွန်းလည်း ဖြစ်သည်။ ဘာလူစကိုနီသည် အေစီမီလန်ကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ဦးဆောင်ခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိအချိန်တွင် စီးရီးဘီသို့ တန်းတက်လာသည့် မွန်ဇီကို ဦးဆောင်နေသူဖြစ်သည်။

Facebook Comments Box
Facebook Comment