မီလန်မှာ ဘုရင် မရှိဘူး… ဘုရားသခင်ပဲရှိတယ်ဆိုတဲ့ မိုဗစ်ရဲ့စကား မှန်နေပြီလား…

ယမန်နှစ်ရာသီက မီလန်ဒါဘီမှာ ခါးသီးပြိုင်ဘက် အေစီမီလန်ကို ၂ ပွဲစလုံး အနိုင်ယူပြီး ပွဲတိုင်း ၁ ဂိုးစီသွင်းခဲ့တဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူက သူ့ကိုယ်သူ တင်စားပြီး “မီလန်မြို့မှာ ဘုရင်တစ်ပါးရှိတယ်” လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီတုန်းက လူကာကူရဲ့ပြောစကားကို နာလိုခံခက် ဖြစ်ခဲ့သူကတော့ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်က ကစားတဲ့ ဒီရာသီ ပထမဆုံး မီလန်ဒါဘီပွဲမှာတော့ အင်တာဟာ အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

အဲဒီပွဲမှာ အေစီမီလန်အတွက် ၂ ဂိုးစလုံး သွင်းယူပေးခဲ့သူကတော့ မိုဗစ်ဖြစ်ပြီး COVID-19 ပျောက်ကင်းလို့ ပထမဆုံး ပြန်ကစားတဲ့ မြို့ခံပြိုင်ဘက်နဲ့ ပွဲမှာ ခြေစွမ်းပြကစားပြီး အနိုင် ၃ မှတ် ရယူပေးခဲ့တာပါ။

ဒီပွဲအပြီးမှာတော့ မိုဗစ်က လူကာကူကို ပြန်ရိတဲ့အနေနဲ့ “မီလန်မှာ ဘုရင်ဆို တာ မရှိဘူး။ ဘုရားသခင်ပဲ ရှိတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဆိုလိုချင်တာကတော့ အသက် ၃၉ နှစ် ကျော်လွန်လာပြီဖြစ်တဲ့ မိုဗစ်က သူဟာ မီလန်ရဲ့ဘုရားသခင်လို့ ကြွေးကြော်ခဲ့တာပါပဲ။

အခုလည်း မိုဗစ်ဟာ ယမန်နေ့ညက ရိုးမားနဲ့ ၃ ဂိုးစီသရေကျခဲ့တဲ့ ပွဲမှာလည်း အေစီမီလန်အတွက် ၂ ဂိုးသွင်းနိုင်ခဲ့သလို ဒါဟာ COVID-19 ကနေ ပြန်လည် ရုန်းထွက်နိုင်တဲ့နောက်ပိုင်း ပါဝင်ကစားခဲ့တဲ့ စီးရီးအေ ၂ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုဗစ်ဟာ ဘိုလော့ဂ်နာကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ စီးရီးအေ အဖွင့်ပွဲမှာလည်း အေစီမီလန်အတွက် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူခဲ့ပြီး ဒီရာသီ ကစားထားတဲ့ စီးရီးအေ ၃ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားသလို ဂိုးအများဆုံးသွင်းသူအဖြစ် ဦးဆောင်နေပါတယ်။

ယူရိုပါလိဂ်မှာလည်း ၂ ပွဲကစားကာ ၁ ဂိုးသွင်းထားတာကြောင့် မိုဗစ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၇ ဂိုးအထိ သွင်းယူထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဆွီဒင်တိုက်စစ်မှူးဟောင်းကို “မီလန်ရဲ့ဘုရားသခင်”လို့ သတ်မှတ်နိုင်ပြီလားဆိုတာ….

Ref:football-italia

Facebook Comments Box
Facebook Comment