“မီလန်ဒါဘီမှာ လီယာအိုမပါတဲ့ အေစီကိုငြင်းထားပါ”

( ချန်ပီယံလိဂ် စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ရဲ့ စာဖတ်သူပရိသတ်အားလုံး မင်္ဂလာပါ။ ဒီညမှာလည်း ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ် ပကျော့ပွဲစဉ်အဖြစ် အေစီမီလန်နဲ့ အင်တာမီလန်တို့ မီလန်ဒါဘီအဖြစ် ဆန်စီရိုကွင်းကြီးမှာ ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တွေ့ရှိထားတာလေးတွေကို မိတ်ဆွေတို့အတွက် တင်ဆက်ပေးခဲ့ချင်ပါတယ်။

⚔️ အေစီမီလန် Vs အင်တာမီလန်
🎲 အင်တာ (=-၂၀)

မီလန်ဒါဘီဖြစ်တာကြောင့် ဘယ်သူ့ကွင်းမှာ ကစားရမလဲဆိုတဲ့ ပြဿနာမရှိသလို နှစ်သင်းလုံးဟာ ဒီကွင်းထဲမှာပဲ နှစ်ခါပြန်ကစားရမှာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးငါးကြိမ်မှာ အင်တာက ၃ကြိမ်နိုင်၊ အေစီက တစ်ကြိမ်နိုင်ပြီး တစ်ကြိမ်သရေကျထားပါတယ်။ စုစုပေါင်း မီလန်ဒါဘီ ၃၆ကြိမ်မှာတော့ အင်တာက ၁၆ကြိမ်နိုင်၊ အေစီက ၁၂ကြိမ်နိုင်ပြီး ၈ကြိမ်သရေကျခဲ့ပါတယ်။

🔴 အေစီမီလန်
အေစီမီလန်အတွက် ဒီပွဲမှာ ကြီးမားတဲ့ထိုးနှက်ချက်က ဘယ်တောင်ပံတိုက်စစ်မှူး လီယာအိုမပါနိုင်ခြင်းဖြစ်ပါတယ်။ အဆိုပါပေါ်တူဂီသားဟာ ဒီရာသီမှာ အေစီအတွက်(၁၂)ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူပေးထားသလို ဂိုးဖန်တီးမှု (၇)ကြိမ်နဲ့ အများဆုံးဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူမပါဝင်နိုင်တဲ့ အေစီမီလန်ဟာ ပုံစံကောင်းတစ်ခုကို ပြသနိုင်ဖို့မလွယ်ပါဘူး။ သူ့နေရာမှာတော့ ဆယ်လီမက်ကာကို အစားထိုးထားဖို့ နည်းပြပီအိုလီက ကြံရွယ်ထားပါတယ်။ လီယာအိုမပါဝင်နိုင်တာကလွဲရင် အေစီဟာ ကျန်အဓိကကစားသမားတွေ အစုံအလင်နဲ့ပွဲထွက်လာမှာပါ။ အေစီဟာ ဆန်စီရိုကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလ်ဂ်ရှုံးထွက်အဆင့် ပွဲစဉ်အားလုံးကို အနိုင်ရထားပြီး ပေးဂိုးလည်း တစ်ဂိုးမှမရှိခဲ့ပါဘူး။ ထိုကဲ့သို့ အနိုင်ရခဲ့တဲ့ထဲမှာ နာမည်ကြီးနေတဲ့ နာပိုလီကို ဖြုတ်ချခဲ့တာလည်း ရှိနေပြန်တာမို့ မီလန်ဒါဘီဖြစ်တဲ့ အင်တာကိုရော ဖြုတ်နိုင်ဦးမလား စောင့်ကြည့်ရဦးမှာပါ။

✴️ စောင့်ကြည့်ရမယ့် ကစားသမား
အေစီမီလန်အတွက် စောင့်ကြည့်ရမယ့် ကစားသမားအဖြစ် လီယာအိုမရှိတဲ့နောက် တိုက်စစ်မှူးဂျီရူးဒ်ကို ဖော်ပြထားပါတယ်။ ဂျီရူးဒ်ဟာ စီးရီးအေမှာ သိပ်မထင်ရှားပေမယ့် ချန်ပီယံလိဂ်မှာတော့ လာဘ်ရှိတယ်လို့ ပြောရမှာပါ။ လက်ရှိUCLသွင်းဂိုး (၅)ဂိုးရရှိထားပြီး (၂)ဂိုးဖန်တီးပေးထားကာ ဂိုးပါဝင်ပတ်သက်မှု (၇)ကြိမ်ရရှိထားပါတယ်။ ဒါဟာ အေစီမီလန်အတွက် နတ်ဘုရားကြီးဇလာတန်ရဲ့ စံချိန်ဖြစ်တဲ့ UCLမှာ ဂိုးပါဝင်ပတ်သက်မှု(၉)ကြိမ်ကို မီဖို့အနည်းငယ်သာ လိုတော့တာဖြစ်ပါတယ်။

🔵 အင်တာမီလန်
အင်တာဟာ UCLအဝေးကွင်းတွေမှာ ရလဒ်ကောင်းတတ်တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီညမှာတော့ ဆန်စီရိုမှာပဲ ကစားရတာမို့ အဝေးကွင်းရယ်လို့လည်း ပြောမရပါဘူး။ အင်တာအတွက် ဒီညမှာ ကာလရှည်နားနေရတဲ့ နောက်ခံလူ စခရီနီယာကလွဲရင် ကျန်ကစားသမားတွေ ပါဝင်နိုင်မှာဖြစ်ပါတယ်။ အင်တာမီလန်ဟာ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ ဂျူဗင်တပ်၊ လာဇီယို၊ ရိုးမား အစရှိတဲ့ စီးရီးအေထိပ်သီးတွေနဲ့ ကစားခဲ့ရပြီး ၅ပွဲလုံးအနိုင်ရရှိခဲ့ပါတယ်။ ထို(၅)ပွဲလုံးမှာ တိုက်စစ်က (၁၅)ဂိုးသွင်းယူခဲ့ပြီး ခံစစ်ကလည်း လာဇီယိုနဲ့ပွဲမှာ (၁)ဂိုးသာပေးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာတော့ အေစီမီလန်ကိုဖြုတ်ချပြီး မော်ရင်ဟိုလက်ထက်က နောက်ဆုံးရောက်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြန်တက်နိုင်မလား စောင့်ကြည့်ရမှာပါ။

✴️ စောင့်ကြည့်ရမယ့် ကစားသမား
အင်တာမီလန်အသင်းရဲ့ စောင့်ကြည့်ရမယ့်ကစားသမားအဖြစ် ဘယ်နောက်ခံလူ ဒီမာကိုကို ဖော်ပြထားပါတယ်။ အဆိုပါLWBကစားသမားဟာ ခံစစ်မှာ များစွာ အထောက်အကူပြုနိုင်သလို တိုက်စစ်ကိုလည်း တိကျတဲ့ ဖြတ်တင်ဘောတွေနဲ့ ကူညီပေးနိုင်သူဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ၄ဂိုးအထိ သွင်းထားသလို ဂိုးဖန်တီးမှု (၂)ကြိမ်ထိလည်း ပြုလုပ်ထားနိုင်ပါတယ်။ လီယာအိုမပါနိုင်လို့ ညာခြမ်းကနေပဲ အားပြုပြီးတိုက်စစ်ဆင်မယ့် အေစီမီလန်ကို ထိန်းချုပ်ဖို့ ဒိကစားသမားဟာ အဓိကစောင့်ကြည့်ရမယ့် ကစားသမားဖြစ်နေပါတယ်။

🎯ရွေးချယ်မှု
နာပိုလီကို ဖြုတ်ချပြီးနောက် အေစီမီလန်ဟာ တန်ကြေးမြင့်လာခဲ့ပါတယ်။ မူလက အေစီမီလန်ဘက်ကနေ (=-၅၀)ဆိုပြီး အကျောပေးခဲ့တဲ့အထိ မြင့်မားခဲ့တာပါ။ ဒါပေမယ့် လာဇီယိုနဲ့ ပွဲမှာ ပွဲချိန်အစောပိုင်းမှာတင် လီယာအိုဒဏ်ရာရခဲ့ပြီးနောက် အေစီမီလန်ရဲ့ အကျောပေးမှုဟာ ပျော့လာပြီး ဒီနေ့မှာဆို အင်တာမီလန်ရဲ့ (=-၂၀)နဲ့ အကျောပေးမှုကို မြင်တွေ့လာရပါတယ်။ ဒါ့အပြင် မူလက ဂိုးပေါင်းကြေး (၃+၉၀)ပေးထားပေမယ့် ဒီမနက်မှာတော့ (၂-၃၀)အထိကို ကျလာခဲ့ပါတယ်။ မနေ့က ‌ဖွင့်လှစ်မှုနဲ့ ကြေးပြောင်းအရတော့ ဘွတ်ကီဟာ UCLမှာ လှည့်ကွက်မထားဘဲ ဖြစ်နိုင်မယ့်ကြေးတွေကိုသာ ပေးခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် နာပိုလီကိုဖြုတ်ထားတဲ့ အေစီကိုဆန့်ကျင်နေတဲ့ ကြေးအတိုင်း Followလုပ်ရင်း အင်တာမီလန်ကိုပဲ ဂိုးအောက်နဲ့အတူ ရွေးချယ်ကြည့်ပါမယ်။

✅ အင်တာမီလန် + ဂိုးအောက်

⚽ ခန့်မှန်းရလ‌ဒ် (၀-၁)

အားလုံးအောင်ပွဲဆင်နိုင်ကြပါစေ။

soccer88

Facebook Comments Box
Facebook Comment