မိုရာတာကို အပြိုင်လိုက်နေတဲ့ အင်တာနဲ့ ဂျူဗီ

အက်သလက်တီကို တိုက်စစ်မှူး အယ်ဗာရိုမိုရာတာသည် အီတလီမြေသို့ တစ်ကျော့ပြန်ရောက်ရှိနိုင်ခြေအဖြစ် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့က အပြိုင်ကမ်းလှမ်းနေကြောင်း အီတလီ မီဒီယာများက ဖော်ပြသည်။

အသက် ၂၇ နှစ်အရွယ် စပိန်လက်ရွေးစင် မိုရာတာသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်နှင့် စတင်ခဲ့ပြီး ၂၀၁၄ တွင် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့သည်။

၂၀၁၆ တွင် ရီးရဲလ်သို့ ပြန်လည်ပြောင်းရွှေ့ပြီးနောက် ၂၀၁၇ တွင် ချဲလ်ဆီး၊ ၂၀၂၀ တွင် ငယ်မွေးခြံပေါက်ကလပ် အက်သလက်တီကိုသို့ ပေါင် ၅၈ သန်းဝန်းကျင်ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့သည်။

၎င်းသည် ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းကာ မက်ဒရစ်အခြေစိုက် ကလပ်အတွက် ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့သော်လည်း အသင်းတာဝန်ရှိသူများက ရောင်းချရန် ပြင်ဆင်နေသည်ဟု သိရသည်။

အသက်သလက်တီကိုသည် လစာငွေ ပေးချေရမှုကို လျှော့ချရေးအတွက် ကစားသမားရောင်းချရန် စီစဉ်နေပြီး ဒီယေဂိုကော်စတာ၊ သောမတ်စ်လီမာ၊ မိုရာတာတို့နှင့် လမ်းခွဲဖွယ်ရှိနေသည်။

အင်တာမီလန်နည်းပြ ကွန်တီသည် ချဲလ်ဆီးတွင် လက်တွဲဖူးသော မိုရာတာကို ခေါ်ယူရန် စိတ်ဝင်စားနေသလို ဂျူဗင်တပ်စ်ကလည်း စီရော်နယ်ဒို၏ ဂိုးသွင်းတာဝန်ကို လျော့ပါးစေရန် မိုရာတာကို စောင့်ကြည့်နေသည်။

အီတလီ အားကစားသတင်းစာ Tuttosport ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်သည် ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို မခေါ်နိုင်ခဲ့ပါက ရွေးချယ်မှုတစ်ခုအဖြစ် မိုရာတာနှင့် ပြန်လည်ပေါင်းစည်းရန် ဆုံး ဖြတ်မည်ဟု သိရသည်။

Ref:Marca

Facebook Comments Box
Facebook Comment