မိမိမှာ ဗန်ဒိုက်၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ဖာထေးနိုင်ကြောင်း ဖာဘင်ဟို ဖွင့်ဟ

ဗန်ဒိုက်ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်း လီဗာပူးခံစစ်တွင် ဝင်ရောက်က စားနေရသည့် ဖာဘင်ဟိုက မိမိမှာ နယ်သာလန်နောက်ခံလူ၏ တစ်စိတ်တစ်ပိုင်းမျှ ကိုသာ အစားထိုးဖာထေးပေးနိုင်ကြောင်း ပြောကြားလိုက်သည်။ ဗန်ဒိုက်သည် ပြီးခဲ့သည့်အပတ် မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်တွင် ပစ်ဖို့ဒ်၏ ဆိုးရွားစွာ ဖျက်ထုတ်မှု ခံခဲ့ရပြီး ဒူးအရွတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

လီဗာပူးဂိုးသမား အက်ဒရီယန်က ဒတ်ချ်နောက်ခံလူ မပါဝင်သည့် လီဗာပူးခံစစ်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရကြောင်း ပြောကြားထားသည်။

ကလော့ပ်၏ လီဗာပူးသည် ဗန်ဒိုက် မပါဝင်သည့် ပထမဆုံးပွဲ ဖြစ်သည့် အေဂျက်စ်နှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်တွင် ဗဟိုခံစစ်၌ ဖာဘင်ဟိုနှင့် ဂျိုယေးဂိုမက်ဇ်တို့ကို အသုံးပြုသွားခဲ့ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဖာဘင်ဟိုသည် ယင်းပွဲစဉ်တွင် ဂိုးစည်းပေါ်မှ ရှင်းထုတ်မှု တစ်ကြိမ် ပြုလုပ်ကာ ဂိုးမပေးရအောင် ကူညီနိုင်ခဲ့သည်။

သို့ရာတွင် ဖာဘင်ဟိုက “ကျွန်တော်က ဗာဂယ်မဟုတ်ပါဘူး။ သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူပါ။ နည်းပြက ကျွန်တော့်ကို ကစားဖော်တွေကို စကားများများပြောပြီး အသင်းကို စုစုစည်းစည်း ဖြစ်အောင် လု်ပရမယ်လို့ ပြောပါတယ်။ ဒီတာဝန်ကို ကျေပွန်အောင် အကောင်းဆုံး ကြိုးစားသွားပါမယ်။ ဗာဂယ် ဒဏ်ရာကြောင့် ကာလရှည် နားရမယ်ကြားတော့ အရမ်း တုန်လှုပ်သွားခဲ့ရတယ်။ သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူပါ။ ပြီးတော့ သူက အသင်းနဲ့ အဝတ်အစားလဲခန်းမှာ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ကစားဖော်တွေကို စိတ်ပေါ့ပါးပြီး ယုံကြည်မှု မြင့်အောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ ဒါတွေကို ရတော့မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်လည်း ဗာဂယ်လုပ်ခဲ့တာရဲ့ အနည်းအကျဉ်းတော့ လုပ်နိုင်ပါတယ်။ အသင်းကို စုစုစည်းစည်း ဖြစ်အောင် လုပ်ရပါမယ်။ အသင်းနဲ့ စကားများများပြောပြီး ခေါင်းဆောင်တစ်ဦးဖြစ်အောင် ကြိုးစားရပါမယ်။ နည်းစနစ်ပိုင်း ပြောရမယ်ဆိုရင် အမြင့်ဘောတွေအတွက် အမြဲဘောအတွက် အမြဲတမ်း အဆင်သင့် ဖြစ်အောင် လုပ်ရပါမယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်သွားပါမယ်။ ဒါကဘဲ အရေးအကြီးဆုံးပါ။ ဂိုးမပေးရအောင် ကြိုးစားပါမယ်”ဟု ပြောကြားခဲ့သည်။

ဗာဂယ်ဗန်ဒိုက်သည် ဒူးအရွတ်ဒဏ်ရာကြောင့် ၂၀၂၀-၂၁ ရာသီ လက်ကျန်ပွဲအားလုံးကို လွဲရန် သေချာနေသည်။ လီဗာပူးသည် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဗန်ဒိုက်နေရာတွင် အစားထိုးရန် နောက်ခံလူတစ်ဦး ခေါ်ယူသွားနိုင်သည်။  

Facebook Comments Box
Facebook Comment