မိနစ် ၂၀ သာ ကစားရသော်လည်း တီကိုအတွက် ဆွာရက်ဇ် ၂ ဂိုးသွင်း

ဘာစီလိုနာတိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်သည် အသင်းသစ် အက်သ လက်တီကိုအတွက် စတင်ကစားခွင့်ရသော ဂရန်ဒါနာနှင့်ပွဲမှာပင် ၂ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်သည် လွန်ခဲ့သည့် ရက်ပိုင်းကမှ ဘာစီလိုနာ၏ လာလီဂါပြိုင်ဘက် အက်သလက်တီကိုသို့ ပေါင် ၅ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် ဂရန်နာဒါကို ၆-၁ ဂိုးဖြင့် အနိုင်ရ သော အိမ်ကွင်းပွဲတွင် ဆွာရက်ဇ်ကို ပထမ ၁၁ ယောက်စာရင်းတွင် မထည့်ဘဲ အရန်စာရင်းတွင်သာ ထည့်သွင်းခဲ့သည်။

၄ ဂိုးပြတ် အနိုင်ရနေချိန် မိနစ် ၇၀ တွင် ဒီယေဂိုကော်စတာအစား ဆွာရက်ဇ်ကို ထည့်သွင်းခဲ့ပြီး ၎င်း ကစားခွင့်ရသည်က မိနစ် ၂၀ စွန်းစွန်းသာ ရှိသည်။ ဆွာရက်ဇ်သည် ဝင်ဝင်လာချင်း ၂ မိနစ်အကြာမှာပင် လော်ရန်တေး ဂိုးသွင်းနိုင်စေရန် ဖန်တီးပေးခဲ့သည်။

ထို့အပြင် ၈၅ မိနစ်၊ ၉၀+၃ မိနစ်တို့တွင် ၂ ဂိုးဆက် တိုက်သွင်းယူကာ အက် သလက်တီကိုအသင်း၏ ၅ ဂိုးမြောက်နှင့် ၆ ဂိုးမြောက်ဂိုးကို ရယူပေးခဲ့သည်။

ဆွာရက်ဇ်သည် ဘာစီလိုနာတွင် ၆ ရာသီကြာ ကစားစဉ်အတွင်း ပြိုင်ပွဲစုံ ၂၈၃ ပွဲတွင် ၁၉၈ ဂိုးသွင်းကာ အသင်း၏ တတိယ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဆွာရက်ဇ် အသင်းပြောင်းသွားခြင်းအပေါ် ဘာစီလိုနာကပ္ပတိန် မက်ဆီက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အသင်းသစ်အတွက် ပထမဆုံးပွဲမှာပင် ၂ ဂိုးသွင်းခဲ့ခြင်းက ၎င်းကို ကန်ထုတ်ခဲ့သော နည်းပြ ရော်နယ်ကိုးမန်းအတွက် ခံရခက်စေခဲ့သည်။

Ref:Marca

Facebook Comments Box
Facebook Comment