မာနေး၏ သွင်းဂိုးနှင့် ဆီနီဂေါအသင်း အာဖရိကဖလား ခြေစစ်ပွဲအောင်သွားပြီ

လီဗာပူးတိုက်စစ်သမားဆာဒေယိုမာနေး၏ အနိုင်ဂိုးကြောင့် ဆီနီဂါသည် ဂီနီဘီဆောက်အား အနိုင်ရရှိကာ ၂၀၂၁ အာဖရိဖလားခြေစစ်ပွဲ အောင်သွားခဲ့ကြောင်း သိရသည်။ ဒုတိယပိုင်းတွင် ဂီနီဘီဆောက်မှ ဂျော့နိုဂူရာ အထုတ်ခံရပြီးနောက် မာနေးက ပွဲချိန် ၈၂ မိနစ်တွင် ဆီနီဂေါအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့သည်။

မာနေးသည် ယင်းပွဲစဉ်တွင် ပွဲချိန် ၁၅ မိနစ်၌ ဂိုးသမားမရှိတော့သည့် ဂိုးပေါက်ကို လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့် ရရှိခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင် လွဲချော်ခဲ့သူလည်း ဖြစ်သည်။

ဆီနီဂေါသည် အာဖရိကဖလားခြေစစ်ပွဲတွင် ဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး အိမ်ရှင် ကင်မရွန်း ပြီးနောက် ဒုတိယမြောက် ခြေစစ်ပွဲအောင်မြင်သည့် အသင်း ဖြစ်လာခဲ့သည်။

ဆီနီဂေါသည် အာဖရိကဖလားအုပ်စု(I) တွင် လေးပွဲကစားထားရာတွင် ရမှတ် ၁၂ မှတ် ရရှိထားကာ ၂ ပွဲကစားရန် လိုနေသေးသည့် အချိန်တွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

မာနေးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တုန်းက သီးစ်၌ ဂီနီဘီဆောက်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း ပင်နယ်တီမှ တစ်ဆင့် အနိုင်ဂိုး တစ်ဂိုး သွင်းယူခဲ့သည်။

၂၀၂၁ အာဖရိကဖလားပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြောင်းရွှေ့ကျင်းပမည် ဖြစ်သည်။  

Facebook Comments Box
Facebook Comment