မာဆေးလ်နှင့်ပွဲတွင် နေမာ၊ ဒီယာရီယာတို့ ပါဝင်မည်ဟု တူချယ် အတည်ပြု

ပီအက်စ်ဂျီနည်းပြတူချယ်က ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်ကောင်းမွန်လာကြပြီ ဖြစ်သည့် နေမာ၊ အိန်ဂျယ်ဒီမာရီယာ ၊ ကေလာနာဗက်စ်၊ လီယန်ဒရိုပါရီဒက်စ်တို့မှာ ယနေ့ညတွင် မာဆေးလ်နှင့်ကစားရမည့်ပွဲတွင် ပါဝင်လာကြမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။

ပီအက်စ်ဂျီသည် ကြာသပတေးနေ့က လီဂူး၁ တန်းတက်လန်းစ်နှင့်ပွဲမတိုင်မီ အဓိကကကစားသမားအမြောက်အမြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှင့်အတူ ရှုံးပွဲကြုံခဲ့ရသည်။ ပီအက်စ်ဂျီကစားသမားတို့သည် ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အားလပ်ရက်ခရီးစဉ်မှ ပြန်ရောက်လာချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်းလည်း ဖြစ်သည်။ ထို့အပြင် အမ်ဘက်ပီမှာလည်း ပြင်သစ်လက်ရွေးစင်အတွက် သွားရောက်ကစားစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။

ယခုအခါ တူချယ်က မာဆေးလ်နှင့်ပွဲတွင် အဓိကကစားသမားအမြောက်အမြားတို့ ပါဝင်လာကြမည်ဖြစ်သော်လည်း အမ်ဘက်ပီ၊ မာကွင်ဟို့စ်နှင့် အိုင်ကာဒီတို့မှာ ပါဝင်လာဦးမည်မဟုတ်သေးကြောင်း ပြောကြားခဲ့သည်။

တူချယ်က “နာဗက်စ်၊ ပါရီဒက်စ်၊ ဒီမာရီယာ၊ နေမာတို့ အသင်းသို့ ပြန်ရောက်နေပါပြီ။ သူတို့ ကစားချင်ကြပါတယ်။ အခြေအနေ စိုးရိမ်စရာ မရှိဘူးဆိုရင် သုံးသွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။

Facebook Comments Box
Facebook Comment