
မန်ယူ အကောင်းဆုံး ကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ရရှိ
ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်သည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ မန်ယူအသင်း၏ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ကြောင်း အိုလ်းထရက်ဖို့ဒ် အခြေစိုက်ကလပ်က ကြေညာသည်။
အသက် ၂၆ နှစ်အရွယ် ဖာနန်ဒက်စ်သည် ယခုနှစ် ဇန်နဝါရီတွင် စပို့တင်းလစ္စဘွန်းမှ ယူရို သန်း ၈၀ ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
၎င်းသည် ဒုတိယရာသီဝက်ကျမှ မန်ယူသို့သို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း ပရီးမီးယားလိဂ် ၁၄ ပွဲတွင် ၈ ဂိုးသွင်းနိုင်သလို ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။
မန်ယူအသင်း၏ တစ်ရာသီ အကောင်းဆုံး ကစားသမားဆုကို အသင်း Official App မှတစ်ဆင့် ပရိသတ် ထောင်ပေါင်းများစွာက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယနေရာကို ပြင်သစ်တိုက်စစ်မှူး မာရှယ်၊ တတိယနေရာကို အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့က ရရှိခဲ့သည်။

၎င်းသည် ၂၀၂၀ ဇွန်လကလည်း ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရယူထားရာ ထိုဆုရယူပြီး မန်ယူ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအား ဆက်တိုက်ဆိုသလို ရယူနိုင်သည်က စီရော်နယ်ဒို တစ်ယောက်သာရှိကာ ၂၀၀၆-၂၀၀၇ ရာသီက ရယူခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဖာနန်ဒက်စ်သည် မန်ယူသမိုင်းတစ်လျှောက် ဒုတိယရာသီဝက်တွင်မှ အသင်းသို့ရောက် ရှိလာပြီး တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအား ပထမဆုံးအကြိမ် ရယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Ref:manutd