
မန်ယူ လေ့ကျင့်ရေးကွင်း အနီးတွင် လူငယ်တစ်ဦး သေဆုံးနေကြောင်း တွေ့ရှိ
မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်း ကာရင်တန်ကွင်းအပြင်နားတွင် လူငယ်တစ်ဦး သေဆုံးလျက်ရှိသည်ကို တွေ့ရှိရပြီး သေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းနေသည်ဟု မန်ချက်စတာရဲတပ်ဖွဲ့က အတည်ပြုသည်။
ဗြိတိန်မီဒီယာများ၏ဖော်ပြမှုအရ သစ်ပင်ခြုံနွယ်များ ထူထပ်စွာပေါက်ရောက်နေသည့် ကာရင်တန်လေ့ကျင့်ရေးကွင်းအနားမှ ကတ္တရာလမ်းပေါ် လူနာတင်ယာဉ်နှင့် ရဲအရာရှိများ သွားလာနေသည့်ပုံများကိုတွေ့ရပြီး သေဆုံးသူမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်သည်။
မန်ချက်စတာအရေးပေါ်ဌာနက ကာရင်တန်ရှိ မန်ယူအသင်း၏ Aon Training Complex အနီး လူ တစ်ဦးသေဆုံးနေကြောင်း အတည်ပြုခဲ့ပြီး ရဲမှုခင်းဖြစ်သည်ဟု ကြေညာသည်။

မှုခင်းဌာနက သေဆုံးနေသည့် လူငယ်၏အနားတွင် ကားတစ်စီးရပ်ထားသည်ကိုတွေ့ရပြီး သ တင်း ရလျှင်ရချင်း အရေးပေါ်လူနာတင်ယာဉ်လွှတ်ကာ ကယ်ဆယ်ရန်ကြိုးစားခဲ့သော်လည်း သေဆုံးလျက်ရှိသည်ကို တွေ့ရှိရကြောင်း ပြောသည်။
North West Ambulance Service မှ အရာရှိတစ်ဦးက “သြဂုတ်လ ၂၇ ရက် မနက် ၁၁ နာရီက အ ကြောင်းကြားမှုတစ်ခုအရ အခင်းဖြစ်ရာကို လူနာတင်ကားတစ်စီး၊ အရေးပေါ်ကုသရေးယာဉ်နှစ်စီး၊ သူ နာပြုရဟတ်ယာဉ်တစ်စီး စေလွှတ်ခဲ့တယ်။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ဆေးရုံကို မပို့ခဲ့ရပါဘူး။ ဒါက ရဲမှုခင်းပါ” ဟု ပြောသည်။
Ref:Metro