မန်ယူ၏ စိတ်ဝင်စားခြင်းခံရ၍ စိတ်လှုပ်ရှားခဲ့ရကြောင်း ဆောလ်နီဂွက်ဇ် ဝန်ခံ

အက်သလက်တီကိုမက်ဒရစ်စတားဆေလ်နီဂွက်ဇ်က မန်ယူ၏ စိတ်ဝင်စားခြင်းခံရမှုကြောင့် စိတ်လှုပ်ရှားခဲ့ရကြောင်း ဝန်ခံပြောကြားလိုက်သည်။ မန်ယူသည် ယခုနှစ်အစောပိုင်းတုန်းက ကွင်းလယ်ကို အားဖြည့်ရန်အတွက် စပိန် လက်ရွေးစင်ကွင်းလယ်ကစားသမားအား အဓိကပစ်မှတ်အဖြစ် ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။

ထို့အပြင် စပိန်လက်ရွေးစင်ကစားသမားသည် မေလတုန်းက ကလပ်သစ်သို့ ပြောင်းမည်ဟု အွန်လိုင်းတွင် ရေးသားခဲ့မှုကြောင့် မန်ယူသို့ ပြောင်းမည် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သော်လည်း တကယ်တမ်းတွင် သူသည် မွေးရပ်မြေ အလီကန်တီတွင် လူငယ်အသင်းသစ် တည်ထောင်လိုက်ခြင်းမျှသာ ဖြစ်သည်။

ယခုအခါ နီဂွက်ဇ်က “မန်ယူလို့ ထိပ်သီးကလပ်တစ်ခု (သို့မဟုတ်) အခြားကလပ်တွေက ကျွန်တော့်ကို စဉ်းစားကြတာ စိတ်လှုပ်ရှားရပါတယ်။ ဒါက ကျွန်တော့်အတွက် အပြုသဘောဆောင်ပါတယ်။ လူတွေက ကိုယ့်အကြောင်းပြောနေပြီဆိုတာကို ကြည့်ရင် ကျွန်တော်ဟာ အက်သလက်တီကို မက်ဒရစ်မှာ အကောင်းဆုံးလုပ်ဆောင်နေတယ်ဆိုတာ သက်သေပြတာပါပဲ”ဟု ပြောကြားသွားခဲ့သည်။

ဆောလ်နီဂွက်ဇ်၏ အက်သလက်တီကိုသည် ပြီးခဲ့သည့် ရာသီတုန်းက လာလီဂါတွင် ချန်ပီယံ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ နောက် တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်တွင်လည်း လိုက်ဇစ်ကို ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရသည်။

သို့ရာတွင် ဆောလ်နီဂွက်ဇ်က ၎င်းတို့ အက်သလက်တီမှာ လာမည့် ၂၀၂၀-၂၁ ရာသီသစ်တွင် ဆုဖလား ရရှိရေးအတွက် ထပ်မံ ကြိုးပမ်းလာဦးမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment