မန်ယူနှင့်အတူ ဗန်ဒီဘိခ် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်း

ပရီးမီးယားလိဂ် ထိပ်တန်းကလပ် မန်ယူသို့ ပေါင် သန်း ၄၀ ဖြင့် ပြောင်းရွှေ့လာသော အေဂျက်စ်ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်သည် ကာရင်တန်ကွင်းတွင် ယနေ့ပြုလုပ်သည့် လေ့ ကျင့်ရေးအစီအစဉ်သို့ ပထမဆုံးအ ကြိမ် တက်ရောက်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြ သည်။

အသက် ၂၃ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗန်ဒီဘိခ်သည် အီတလီအား ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် နေးရှင်းလိဂ်ပွဲစဉ်အား ကစားပြီးနောက် မန်ချက်စတာသို့ ရောက်ရှိလာကာ အသင်းသစ်နှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ခြင်း ဖြစ်သည်။

အီတလီနှင့်ပွဲစဉ်အပြီး ၎င်းကို အေဂျက်စ်ပရိသတ်များက ယိုယန်ခရိုက်ခ်အရီနာ ကွင်းပြင်ပတွင် စုရုံးကာ နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့ပြီး ဗန်ဒီဘိခ်ကလည်း ကားထဲမှထွက်ကာ လက်ခံတွေ့ဆုံခဲ့သည်။

မန်ယူအသင်း၏ လေ့ကျင့်ရေးကွင်း ပြင်ပတွင်လည်း ပရိသတ်များက ပေါ့ဂ်ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့နှင့် တွဲကစားတော့မည့် ဗန်ဒီဘိခ်ကို မြင်တွေ့နှုတ်ဆက်ခွင့်ရရန် စုရုံးခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်သို့ ဂရိတွင် ပြသနာဖြစ်ကာ တရားရုံးအထိ ရင် ဆိုင်ဖြေရှင်းနေရသည့် မန်ယူအသင်းခေါင်ဆောင် အင်္ဂလန်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားလည်း တက်ရောက်ခဲ့ပြီး နည်းပြဆိုးလ်ရှား၊ ကစားသမားသစ် ဗန်ဒီဘိခ်တို့နှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁ ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မန်ယူက အဝေးကွင်းတွင် ဘန်လေနှင့် ကစားရမည်ဖြစ်သော်လည်း သြဂုတ်လအတွင်း ယူရိုပါလိဂ် ယှဉ်ပြိုင်ခဲ့ရသောကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မန်စီးတီးနှင့်အတူ နားရက်ပေးခဲ့သည်။

ထို့ကြောင့် မန်ယူအသင်းသည် ပွဲစဉ် ၁ ကို ယှဉ်ပြိုင်ကစားမည်မဟုတ်ဘဲ လာမည့်တစ်ပတ် စက်တင်ဘာ ၁၉ ရက်တွင်မှ ပဲလေ့စ်အား ဧည့်ခံကစားသွားမည်ဖြစ်သည်။

အေဂျက်စ်အကယ်ဒမီထွက် ဗန်ဒီဘိခ်သည် ပြိုင်ပွဲစုံ ၁၇၅ ပွဲတွင် ၄၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃၄ ကြိမ်ပြုလုပ် ကာ ၂၀၁၈-၁၉ ရာသီက နယ်သာလန်အမှတ်ပေးဖလား ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး ပရိသတ်အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment