မန်ယူနံပါတ်တစ်ဂိုးသမားနေရာအတွက် ဒီဂီယာကို ဒိန်းဟင်ဒါဆင် စိန်ခေါ်

ဒိန်းဟင်ဒါဆင်သည် ဒေးဗစ်ဒီဂီယာနှင့် တိုက်ပွဲဝင်ရန် အသင့်ရှိနေပြီဖြစ်ပြီး မန်ယူနံပါတ်တစ် ဂိုးသမားနေရာကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ဟင်ဒါဆင်သည် မကြာသေးမီတုန်းက မန်ယူနှင့် ငါးနှစ် နှစ်ရှည်စာချုပ်ချု် ပဆိုခဲ့သူဖြစ်သည်။ သို့ရာတွင် ၎င်းသည် မန်ယူတွင် ဒုတိယဦးစားပေးနေရာဖြင့် ကျေနပ်နေမည့်သူမဟုတ်ချေ။

အထူးသဖြင့် သူသည် မန်ယူတွင် နံပါတ် ၂ ဂိုးသမားအဖြစ်သာ ကစားခွင့်ရနေပါက အင်္ဂလန်တွင် နံပါတ်တစ်ဂိုးသမားနေရာရရှိမည်မဟုတ်ကိုလည်း သိနေသူဖြစ်သည်။

ဟင်ဒါဆင်က “ရာနှုန်းပြည့်ပါပဲ။ လုံးဝသေချာတာပေါ့။ ဒါပေမယ့် ဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

ထို့ကြောင့် ဒိန်းဟင်ဒါဆင်သည် လာမည့်ရာသီအစတွင် မန်ယူတွင် ပွဲထွက် ဂိုးသမားနေရာတွင် မကစားရပါက အခြားကလပ်တစ်ခုသို့ ချက်ချင်းပင် အငှားဖြင့် ထွက်ခွာ ကစားသွားဖွယ်ရှိနေသည်။

ဒိန်းဟင်ဒါဆင်က “ရာသီကောင်းတစ်ခု ပိုင်ဆိုင်ပြီးတော့ မကစားရတာမျိုး မလိုချင်ပါဘူး။ အရန်ခုံမှာ ထိုင်ပြီး ပွဲမကစားဘဲ မနေချင်ပါဘူး။ ဒါက ဘယ်သူ့အတွက်မှလည်း အကူအညီဖြစ်လာမှာ မဟုတ်ပါဘူး။ ရာသီကြိုလေ့ကျင့် ခန်းစဆင်းကတည်းက ပထမပွဲထွက်ဂိုးသမားနေရာရဖို့အတွက်ဘဲ လုပ်ဆောင်လာခဲ့တာပါ။။ လက်လျှော့သွားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘက်က ဖိအားတွေ ပေးသွားပါမယ်”ဟု ပြောကြားသွားသည်။

ဒီဂီယာသည် ပြီးခဲ့သည့် ၂ ရာသီအတွင်းတွင် မမှားသင့်သည့် အမှားများ ကျူးလွန်လာခဲ့သော်လည်း ၎င်း၏မန်ယူနှင့်စာချုပ်မှာ ၂၀၂၃ ခုနှစ် အထိ ဖြစ်သည်။

ဒိန်းဟင်ဒါဆင်သည် ပြီးခဲ့သည့် ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်နှင့်အတူ လက်စွမ်းပြနိုင်ခဲ့မှုနှင့်အတူ အိုက်စလန်၊ ဒိန်းမတ်တို့နှင့် Nations League အတွက် အင်္ဂလန်အသင်းတွင် ရွေးချယ်ခြင်းခံထားရပြီး ပထမဆုံးပွဲကို ကစားခွင့်ရဖွယ်ရှိသည်။

Facebook Comments Box
Facebook Comment