မန်ယူနိုက်တက် စိတ္တဇ

ထွန်းထွန်းဦး(လှိုင်)

ဆောက်သမ်တန်နဲ့ပွဲမှာ မန်ယူနိုက်တက်နဲ့ ပတ်သက်ပြီး ပြောစရာများခဲ့သလို၊ ပွဲပြီး နောက် ဆက်တွဲကိစ္စတွေက လည်း ရှေ့လာမယ့်ပွဲတွေအတွက် ဖြေရှင်းရမယ့် ပုစ္ဆာများလို ရှိ နေခဲ့တယ်ဆိုရမယ်။

စိန့်နဲ့ပွဲ ပထမပိုင်း ၂-၀ နဲ့ရှုံးတယ်။ ဒုတိယပိုင်းမှာ ဘရူနို၊ ကာဗာနီတို့အစွမ်းနဲ့ နောက်က ၃ ဂိုး ပြန်လိုက်သွင်းပြီး ၂- ၃ နဲ့ နိုင်လိုက်တယ်။ ဒါပေမဲ့ ပေးဆပ်မှု ကြီးမားခဲ့တယ်။

အမှားတွေရှိတဲ့ကြားက နိုင်ပွဲပြန်ရလို့ ကျေနပ်စရာကောင်းပေမယ့် တကယ်တော့ ယူနိုက် တက်ဟာ လိုအပ်ချက်တွေ ပြည့်စုံနေတုန်းပါပဲ။ စိန့်နဲ့ပွဲအပြီး ဒဏ်ရာကိစ္စကိုကြည့်၊ ပီအက်စ်ဂျီပွဲအတွက် ဝင်ကစားဖို့တောင် ကစားသမားကောင်းတွေ ဘယ်လိုမျိုး အပြည့်ပါလာ မလဲဆိုတာ ကြည့်ရမယ်။

လောလောဆယ်မှာ ယူနိုက်တက် ကစားသမားတွေထဲမှာ ဒဏ်ရာကြောင့် အထိနာထား တာ ၇ ယောက်လောက် တောင် ရှိနေသတဲ့။ ဒီဂီယာနဲ့ အဲလက်စ်တဲလက်စ်တို့နှစ် ယောက်ဟာ ပီအက်စ်ဂျီနဲ့ပွဲအတွက် မသေချာတော့ဘူး။ အသီးသီး စိန့်နဲ့ပွဲမှာ ဒဏ်ရာ ကိုယ်စီ ရခဲ့ကြတယ်ဆိုပဲ။

ဒါပေမဲ့ ပေါ့ဂ်ဘာနဲ့ တွမ်မီနေးတို့နှစ်ယောက်ကတော့ ဒဏ်ရာ ပြန်သက်သာလာလို့ ယူနိုက်တက် ကွင်းလယ်အ တွက် အသင့်ပြန်ဖြစ်မှာတော့ စိတ်အေးစရာရှိမယ်။

ဒါပေမဲ့ လုခ်ရှောကတော့ တံကောက်ကြောဒဏ်ရာကြောင့် မသေချာပြန်ပါဘူး။ မာရှယ်ကျပြန်တော့ စိန့်နဲ့ပွဲကို လိုက်လာပေမယ့် မနက်ဖြန်ကန်မယ်ဆို၊ ဒီညမှာ အဖျားဝင်ခဲ့လို့ ပွဲနေ့မှာ သူဟာ ဟိုတယ်မှာသာ နေခဲ့ရတယ်လို့ သိရတယ်။

နောက်နေ့ လေ့ကျင့်ရေး လုပ်ပြန်တော့လည်း သူဟာ လေ့ကျင့်ရေးကွင်း လာခဲ့ပေမယ့် အဖျား မပျောက်သေးလို့ ကာရင်တန်ကို ရောက်လာပြီး ၁၁ မိနစ် အကြာမှာပဲ လေ့ကျင့်ရေးကွင်းက ပြန်ထွက်ခဲ့တယ်ဆိုပဲ။

ဒီတော့ ပီအက်စ်ဂျီနဲ့ပွဲမှာ သူဟာ ပြန်လာဖို့ အသင့်ရှိနေမလား၊ မရှိသေးဘူးလားဆိုတာ စစ်ဆေးမှုတွေ ထပ်လုပ် ပြီး ဆုံးဖြတ်ရလိမ့်ဦးမှာပါ။ (အခုချိန်လောက်ဆို သူပါမလား၊ မပါဘူးလားဆိုတာကို သိရပြီးလောက်မယ် ထင် တယ်)

လင်ဂတ် ပြန်လာမယ်။ ဖီးလ်ဂျုံးစ် မဆော့နိုင်သေးဘူး။ ကြားထဲမှာ ဗန်ဒါဘိခ်ကလည်း စိန့်နဲ့ပွဲအပြီးမှာ ကစား သမားတွေရဲ့ ထုံးစံအတိုင်း ထိခိုက်ဒဏ်ရာရတဲ့ပုံကို တင်ထားတာဆိုတော့ သူ့သတင်း အသံမထွက်ပေမယ့် ခြေ ကျင်းဝတ်မှာ ထိခိုက်မိထားတဲ့ ဒဏ်ရာအရတော့ ပြန်ကစားနိုင်ဖို့ ရှိနေလိမ့်မယ်ထင်တယ်။

သေချာတာကတော့ စိန့်နဲ့ပွဲမှာ ပွဲထွက်ခဲ့တဲ့သူ အများစုပဲ ပြန်လာမယ်။ ပီအက်စ်ဂျီကို ဒီလူတွေနဲ့ အိုးလ်ထရက် ဖို့ဒ်မှာ တိုက်မယ်။ တစ်ခါလာလည်း ဒီလူတွေနဲ့ ဖြစ်နေရင်တော့ ဒီဇင်ဘာထဲအဝင်မှာ ပွဲကျပ်တွေကို ပိုဆင်နွဲှဲရတာ ခက်မယ်။

ကစားပွဲတွေကလည်း ၃ ရက်လောက်နား ၁ ပွဲကစား၊ တစ်ပတ်ကို ၂ ပွဲနှုန်း ဆိုသလိုမျိုး ဖြစ်နေတော့ ကစားသ မားတွေရဲ့ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ အတိုင်းအတာတစ်ခုအထိတော့ သက်ရောက်မှု ရှိနေနိုင်မှာ သေချာတယ်။

ယူနိုက်တက်အနေနဲ့ ၂၀၂၁ ဇန်နဝါရီလအထိတော့ အခြားအသင်းတွေလိုမျိုး လိုအပ်တာဖြည့်နိုင်ဖို့ကို တောင့်ခံ ထားနိုင်ဖို့ လိုအပ်တယ်။ အခုတောင် ရှေ့က ဖာ၊ နောက်က ပေါက်၊ နောက်ကို ဖာ၊ အလယ်က ပေါက်နဲ့ အတည်တ ကျနဲ့ အသားကို မကျနိုင်သေးတော့ ပရိသတ် အားမလိုအားမရဖြစ်ရတဲ့ အနေအထားဟာ ခရီးဆက်ကောင်းနေ တုန်းပါပဲ။

စိန့်နဲ့ပွဲမှာ နိုင်သာနိုင်သွားတာပါ။ ရင်တမမနဲ့ အဲ့ဒီပွဲကို ကြည့်နေရပြီး နောက်က ဂိုးပြန်လိုက်သွင်းနေရတဲ့ အနေအ ထားမှာ ယူနိုက်တက်ပရိသတ်တွေအဖို့ အမောတကောဖြစ်နေခဲ့ရတာ အမှတ်ရစရာဖြစ်မယ်ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကာဗာနီ အတွေ့အကြုံနဲ့ ပါးနပ်မှုကြောင့် နိုင်သွားခဲ့တယ်။ ပီအက်စ်ဂျီပွဲအတွက် သူ့ကိုမျှော်ဖြစ်ကြ ပြန်တယ်။

အသင်းဟောင်းနဲ့ ပြန်ဆုံမယ်ပေါ့။ ဒါပေမဲ့ အင်စတာဂရမ်ကိစ္စကြောင့် သူဟာ ပွဲပယ်ခံထိရမယ့် ဘေးက ရှိနေပြန် တော့ ဘာမှန်းကို မသိရသေးပြန်ပါဘူး။

အက်ဖ်အေက အရေးယူမှာလား၊ မယူဘူးလား။ စိတ်ထဲ ခိုးလိုးခုလု ဖြစ်ရပြန်ရောလား။ ယူနိုက်တက်က တကယ့်ကို စိတ္တဇပါ။

ညတိုင်း အားပေးကြသူတိုင်းအတွက် မောပြီးရင်း မောနေရတဲ့ မိနစ် ၉၀ တွေ အောက်မှာ ထွက်လာမယ့် ရလဒ်ကို မျှော်ဖြစ်နေကြတုန်းပါပဲ။ အခုပဲ ဒီဇင်ဘာထဲ ဝင်ပြီ။

ပရီးမီးယားမှာလည်း ထိပ်ဆုံး ၄ သင်းစာရင်း မဝင်နိုင်သေးပေမယ့် နိုင်ပွဲတွေတော့ နောက်ဆုံး ၃ ပွဲ ဆက်ထားလို့ အခြေအနေလေး ပြန်ကောင်းနေတယ်။ ဒီလထဲမှာ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲကို မန်စီးတီးနဲ့ အိမ်ကွင်း မှာ နွှဲဖို့ရှိတယ်။

အဲ့ဒီပွဲ မတိုင်ခင်တော့ ပီအက်စ်ဂျီနဲ့ပွဲပြီးရင် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ အမှတ်လုရမယ်။ ပရီးမီးယားလိဂ်မှာ အဝေးကွင်းကစားပြီး အခြေအနေကောင်းရအောင် ပြန်ယူပြထားနိုင်တဲ့ ယူနိုက်တက်အတွက်တော့ ကစားသ မားနဲ့ ဒဏ်ရာကင်းစင်မှု သက်သာရင် သက်သာသလောက် လန်ဒန်အိုလံပစ်ကွင်းထဲမှာ မျှော်မှန်းရလဒ်ကိုတော့ ယူပြနိုင်မယ် ထင်တယ်။

လောလောဆယ်တော့ UCL မှာ အုပ်စုတွင်း အခြေအနေကောင်းဖို့ဒီပွဲမှာ အမှတ်ပြည့်သိမ်းဖို့ လိုတယ်။ ဘာဆက် ဆီဟာကို ရှုံးထားတဲ့ ယူနိုက်တက်အတွက်တော့ အုပ်စုဗိုလ်ဖြစ်ရေးဟာ နှစ်ပတ်ဆက် လိုက်ပ်ဇစ်နဲ့ပွဲအထိ ဆွဲဆန့် ထားဖြစ်ဦးမှာလား။

ဒဏ်ရာထိထားတဲ့ ယူနိုက်တက်အတွက် အိုးလ်ထရက်ဖို့ဒ်မှာတော့ အစဉ်အလာကို အရှုံးနဲ့ ဆက်မထိန်းဖို့ လို တယ်။ ၂၀၁၈-၁၉ တုန်းက UCL ၁၆ သင်း အဆင့် ပထမအကျော့မှာ ဝ-၂ နဲ့ ရှုံးဖူးထားတာ ရှိတယ်။

ဒီတော့ အဲ့ဒီလိုမျိုးမဖြစ်ဖို့ လိုတယ်။ ယူနိုက်တက်က လောလောဆယ်မှာ အုပ်စုဗိုလ်နဲ့ ၉ မှတ်၊ ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်က ၆ မှတ်စီ ရထားတယ်။

အောက်ဆုံးမှာ ဘာဆက်ဆီဟာက ၃ မှတ်ရထားတယ်။ အဲ့ဒီ ၃ မှတ်က ယူနိုက်တက်ကို ၂-၁ နဲ့ နိုင်ပြီး ရထားတဲ့ အ မှတ်ဖြစ်တယ်။ (ယူနိုက်တက်က အိမ်ကွင်းမှာ အဲ့ဒီအသင်းကို ၄-၁ နဲ့ ပြန်နိုင်စားခဲ့တယ်)

ယူနိုက်တက်အတွက်တော့ UCL မှာ နောက်တစ်ဆင့်တက်ဖို့ ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်။ နောက်ထပ်တစ်ပွဲက လိုက်ပ်ဇစ်မြေပေါ်မှာ ကစားရမှာဖြစ်နေတယ်။

ယူနိုက်တက်အဖို့တော့ UCL လက်ကျန် ၂ ပွဲက ပွဲကျပ်တယ်။ အထိနာထားတဲ့ အသင်းတွေဖြစ်နေလို့ ယူနိုက်တက် ကို ပထမအကျော့တုန်းက အရှုံးအတွက် အသီးသီးလက်စားချေမှာ မလွဲဘူး။

ယူနိုက်တက်အတွက်တော့ ဒဏ်ရာပြဿနာတောထဲကနေပြီး ရှိတဲ့ကစားသမားတွေနဲ့ပဲ ပွဲထွက် ရင်ဆိုင်ရမယ်။ ထပ်ပြီးတော့ လူသစ်တွေ ဒဏ်ရာမရဖို့ပဲ ဆုတောင်းရမယ်။

လူကောင်းတွေ ထပ်အထိနာရင်တော့ မလွယ်ဘူး။ ဒီလိုနဲ့ စိတ်ဝင်စားဖို့ ဖြစ်လာပါတော့တယ်။

ဒါပါပဲ..

မန်ယူနိုက်တက် စိတ္တဇ …

Facebook Comments Box
Facebook Comment