မန်စီးတီးနှင့် စာချုပ်သက်တမ်းတိုးရေး ကိုယ်တိုင် ဆွေးနွေးနေသည့် ကီဗင်ဒီဘရိုင်း

မန်စီးတီးအလယ်တန်းကစားသမားကီဗင်ဒီဘရိုင်းက ကလပ်နှင့် စာချုပ်သက်တမ်းတိုးရေးအတွက် ကိုယ်တိုင် ဆွေးနွေးမှု ပြုလုပ်နေကြောင်း အတည်ပြုလာသည်။

ကီဗင်ဒီဘရိုင်း၏ လက်ရှိ စာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။ သူသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဝုဖ်ဘတ်မှ ရောက်လာပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတုန်းက စာချုပ်သစ်ချု်ပဆိုခဲ့သူလည်း ဖြစ်သည်။

ကီဗင်ဒီဘရိုင်းသည် ဂွါဒီယိုလာ၏ မန်စီးတီးတွင် အဓိကကစားသမားအဖြစ် ကစားခွင့် ရရှိနေသူဖြစ်ပြီး မန်စီးတီးက ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုနေသည်။

အသက် ၂၈ နှစ်ရှိ ကီဗင်ဒီဘရိုင်းသည် အေးဂျင့်ပက်ထရစ်ဒီကိုစတာကို ငွေကြေး အလွဲသုံးစွဲမှု ဖြင့် လမ်းခွဲထားရာ အေးဂျင့်လက်မဲ့ဖြစ်နေပြီး စာချုပ်ကိစ္စအတွက် ကိုယ်တိုင် ဆွေးနွေးနေရသည်။

ကီဗင်ဒီဘရိုင်းက “မန်ချက်စတာမှာ ပျော်နေပါတယ်။ ကလပ်တစ်ခုမှာလည်း ရှိနေပါတယ်။ ပိုင်ရှင်လည်းကောင်းတယ်။ အနည်းငယ် စကားပြောပြီးပါပြီ။ ဒါပေမယ့် စာချုပ်သက်တမ်းတိုးရေးအတွက် သိပ်မဝေးတော့ပါဘူး။ အခု ဆွေးနွေးမှုကို ကိုယ်တိုင် လုပ်နေပါတယ်။ ဒါကလည်း အရမ်းမကွဲပြားသွားပါဘူး။ ဒီမှာ ဆက်မနေချင်တော့ဘူးဆိုရင်တော့ ကြားခံ တစ်ယောက်ယောက် ခေါ်သွားပါမယ်”ဟု ပြောကြားသွားသည်။

ဒီဘရိုင်းသည် ယခုရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ်၌ ၁၀ ပွဲကစားထားရာတွင် ၁ ဂိုးသွင်းယူပြီး ၇ ကြိမ် ဖန်တီးထားသည်။ သူသည် မန်စီးတီးအတွက် ၂၃၂ ပွဲကစားထားရာတွင် ၅၈ ဂိုးသွင်းယူပြီး ၉၆ ကြိမ် ဖန်တီးထားသည်။

Facebook Comments Box
Facebook Comment