“ မန်စီးတီးနဲ့မတွေ့ခင် ဖလားတစ်လုံးနဲ့ မိုတီယူထားမယ့် ရီးရဲလ်”

(စနေည စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ရဲ့ စာဖတ်သူပရိသတ်အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ ဒီစနေညမှာကစားကြမယ့် ဥရောပလိဂ်ပွဲတွေထဲက ကောင်းနိုးရာရာရိုက်ကွက်တွေကို ဦးစားပေးအဆင့်တွေနဲ့ မိတ်ဆွေတို့အတွက် ရွေးချယ်ထားပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျနေမလားဆိုတာ စောင့်ကြည့်ပေးကြပါဦး။ 

🎯 ဦးစားပေး (၁) 

⚔️ ရီးရဲလ်မက်ဒရစ် Vs အိုဆာဆူနာ 

🎲 ရီးရဲလ် (၁-၉၀) / (၃+၂၅) 

ဒီပွဲဟာ စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲဖြစ်ပါတယ်။ ဒီဖလားပြိုင်ပွဲဟာ 1903ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်နဲ့ဆို သက်တမ်း 120နှစ်ရှိပါပြီ။ ဒီပြိုင်ပွဲဟာ အစဉ်အလာကြီးတဲ့ ပြိုင်ပွဲဖြစ်ပြီး ဘာစီလိုနာအသင်းက 31ကြိမ်နဲ့ အများဆုံးဗိုလ်စွဲထားပြီး ဘီဘာအိုက 23ကြိမ်နဲ့၊ ရီးရဲလ်က 19ကြိမ်သာ ဗိုလ်စွဲထားပါတယ်။ လာလီဂါမှာ မက်ဒရစ်က ချန်ပီယံအများဆုံးဖြစ်ထားပေမယ့် ဒီဖလားမှာတော့ ဘာကာကို မကျော်ဖြတ်နိုင်တာများခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဘာကာကို ဆီးမီးမှာ ဖြုတ်ချနိုင်ခဲ့ပြီး ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပြီမို့ ရီးရဲလ်အတွက် ပြည်တွင်းဖလားတစ်လုံးရယူနိုင်ဖို့ အခွင့်အလမ်းသာနေပါတယ်။

ဒီပွဲမှာ ဘာကြောင့် ရီးရဲလ်မက်ဒရစ်က ရွေးချယ်ရသလဲဆိုရင် အကြောင်းပြချက် (၃)ခုရှိပါတယ်။

တစ်အနေနဲ့ ဒီပြိုင်ပွဲဟာ အစဉ်အလာကြီးမားပြီး Underdogအသင်းတွေ ဗိုလ်စွဲနိုင်တာရှားပါတယ်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် အနိမ့်ဆုံး Big Sixထဲရှိနေတဲ့ အသင်းတွေသာ ဗိုလ်စွဲတတ်တာကြောင့် အဆင့်(၁၀)မှာရှိနေတဲ့ အိုဆာဆူနာအနေနဲ့ ဒီညမှာ တစ်ခုခုလုပ်ပြနိုင်မယ့် အခွင့်အရေးနည်းလွန်းပါတယ်။ဒုတိယအချက်အနေနဲ့ ရီးရဲလ်ဟာ ဖလားလက်မဲ့ရာသီ အင်မတန်နည်းပါးတဲ့ အစဉ်အလာရှိပါတယ်။ 2009/10မှာ ဖလားလက်မဲ့တစ်ခါဖြစ်ခဲ့ပြီး 2014/15မှာ နောက်တစ်ခါဖြစ်ခဲ့ပါတယ်။ ကျန်နှစ်တွေမှာတော့ အနိမ့်ဆုံးဖလားတစ်လုံးနဲ့ ရာသီသိမ်းခဲ့တာဖြစ်ပါတယ်။ လာလီဂါမှာ ဘာမှ မဖြစ်နိုင်တော့တာ သေချာနေပြီး ချန်ပီယံလိဂ်မှာလည်း မန်စီးတီးနဲ့တွေ့ရမယ့်အချိန်မှာ မျက်စိရှေ့သေချာနေတဲ့ ဖလားတစ်လုံးကို အရယူဖို့ ရှိနေမှာပါ။ နောက်ဆုံးအချက်က အသင်းနှစ်သင်းစလုံးရဲ့ လူအင်အားနဲ့ ခြေစွမ်းကြောင့်ဖြစ်ပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ကြားရက်က ဆိုဆီဒက်နဲ့ပွဲမှာ အရန်လူစာရင်းနဲ့ပွဲထုတ်ခဲ့လို့ရှုံးခဲ့ရပေမယ့် ဒီညမှာတော့ အသင်းရဲ့အတောင့်တင်းဆုံး လူစာရင်းနဲ့ပွဲထုတ်လာဖို့ ရှိနေပါတယ်။ ဘန်ဇီးမား၊ ဗီနီးရှက်တို့နဲ့ ပွဲထုတ်လာမယ့် ရီးရဲလ်တိုက်စစ်ကို အဓိကနောက်ခံလူ ဗီဒယ်နဲ့ ကွင်းလယ်အဖျက် ဘရာဆာနက်တို့ မပါနိုင်တဲ့ အိုဆာအနေနဲ့ ယှဉ်ဖို့မလွယ်ပါဘူး။ ကြားကွင်းမှာ ကစားရပြီး ဖလားပွဲဖြစ်နေတာတောင် လိဂ်ပွဲအိမ်ကွင်းတန်ကြေးနဲ့ ကြေးဖွင့်ထားတာမို့ ရီးရဲလ်ကိုပဲ Followလုပ်ရမယ့် ညပါပဲ။

✅ ရီးရဲလ်မက်ဒရစ် ဘော်ဒီ 

🎯ဦးစားပေး (၂) 

⚔️ မိုချန်ဂလာဘတ် Vs ဘိုချမ် 

🎲 ဂလာဘတ် (၁+၉၀) / (၃+၂၀) 

ဘွန်ဒက်လီဂါ ပြီးဖို့က ၄ပွဲပဲ ကစားရတော့မှာပါ။ လက်ရှိမှာ အိမ်ရှင် ဂလာဘတ်က အဆင့် (၁၁)နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁၂မှတ်ကွာနေပါတယ်။ ဒါကြောင့် ကျန်၄ပွဲလုံးရှုံးရင်တောင်မှ တန်းမဆင်းရဖို့ သေချာနေပါပြီ။ ဒီလိုဖိအားကင်းနေတဲ့အပြင် အိမ်ကွင်းကနေလည်း ကစားရဦးမှာမို့ ဂလာဘတ်ကို ပွဲကိုစိုးမိုးဖို့ အခွင့်အရေးများနေပါတယ်။ ဒါပေမယ့် အသင်းမှာအားထားရတဲ့ မားကပ်သူရမ်မပါဝင်နိုင်သလို အဓိကနောက်ခံလူ အီတာကူရာကလည်း ပွဲပယ်မိထားတာမို့ ထင်သလောက်တော့ ခရီးရောက်နိုင်မယ်မထင်ပါဘူး။

ဘိုချမ်ကတော့ အဆင့်(၁၇)နဲ့ တန်းဆင်းဇုန်ထဲမှာ ရှိနေပြီး ဒီပွဲနိုင်လိုက်ရင် ၃ဆင့်လောက် တက်လာနိုင်တာမို့ ရုန်းကစားလာမယ့် အနေအထားမှာရှိနေပါတယ်။ ဒါပေမယ့် ဘိုချမ်ဟာ အဝေးကွင်းမှာ အလွန်ညံ့တဲ့မှတ်တမ်းတွေရှိထားပြီး တစ်ရာသီလုံးမှာ အဝေးကွင်းနှစ်ပွဲသာ နိုင်ထားပြီး ၁၁ပွဲရှုံး၊ ၂ပွဲသရေကျထားပါတယ်။ဒါပေမယ့် တန်းဆင်းအရုန်းပီပီ ပြီးခဲ့တဲ့ အဝေးကွင်းသုံးပွဲဆက် မရှုံးခဲ့ဘဲ ကိုလုံးကိုအနိုင်၊ ဖရန့်ဖတ်၊ ယူနီယံဘာလင်တို့ကို သရေကစားပြီး ဇွဲခတ်နေတာ တွေ့ရပါတယ်။

မူလတည်ကြေးမှာ (၁+၅၀)နဲ့စခဲ့ပြီး လက်ရှိမှာ (၁+၉၀)ကိုကျသွားပါတယ်။ ကြေးကျရတဲ့အကြောင်းရင်းမှာ ဂလာဘတ်အတွက် မားကပ်သူရမ်မကစားနိုင်တာ၊ နောက်ခံလူ အီတာကူရာမပါနိုင်တာတို့ ရှိနေလို့ ကြေးလိမ်ပြီး ပြောင်းတာမဟုတ်တာတွေ့ရပါတယ်။ ဒါပေမယ့် အိမ်ကွင်းစွမ်းဆောင်မှု အဆင့်(၆)မှာ ရှိနေပြီး ဘိုင်ယန်ကိုတောင် အိမ်ကွင်းမှာဖြုတ်ခဲ့တဲ့ မိုချန်ဂလာဘတ်က ဘွန်ဒက်လီဂါရဲ့ ဒုတိယအဝေးကွင်းအညံ့ဆုံးဘိုချမ်ကို နိုင်ရင်ပြီးမယ့် (၁+၉၀)ကြေးက ပျော့‌လွန်းပါတယ်။ တစ်ဖန် ဘော်ဒီကြေးကိုထောက်ထားတဲ့ ဂိုးပေါင်းကြေးက (3D) ဝင်ရိုးနားမှာ ရှိနေလို့ ဘိုချမ်ဂိုးရနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ အိမ်ရှင်ရဲ့ ပျော့နေတဲ့ကြေးကို အကန်လုပ်ရင်း ဧည့်သည် ဘိုချမ်နဲ့ ဂိုးပေါ်ကို တွဲယူထားကြည့်ချင်ပါတယ်။

✅ ဘိုချမ် ဘော်ဒီ + ဂိုးပေါ် 

ဒီညအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုကတော့ ဒီလိုရှိပါတယ်။

🎯 ရီးရဲလ်မက်ဒရစ် ဘော်ဒီ

🎯 ဘိုချမ် + ဂိုးပေါ်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။ မနက်ဖြန်မှာ ကစားမယ့် စူပါဆန်းဒေး လိဂ်ပွဲစဉ်တွေနဲ့အတူ ကျွန်တော်ပြန်လာခဲ့ပါဦးမယ်။ 

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

#soccer88

Facebook Comments Box
Facebook Comment