မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန် ကိုဗစ် ကူးစက်ခံရ

ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား အီကေးဂန်ဒိုဂန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပရီးမီးယားလိဂ် ထိပ်တန်းကလပ် မန်စီးတီးက အတည်ပြုကြေညာသည်။

အသက် ၂၉ နှစ်အရွယ် တူရကီနွယ်ဖွား ဂန်ဒိုဂန်သည် ၂၀၁၆ တွင် ဒေါ့မွန်မှ ပေါင် သန်း ၂၀ ဖြင့် ပြောင်းရွှေ့လာပြီး ပြိုင်ပွဲစုံ ၁၆၄ ပွဲတွင် ၂၂ ဂိုးသွင်းကာ ပရီးမီးယားလိဂ်နှင့် ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ် ရယူထားသည်။

ဗိုင်းရပ်စ်ပိုး မည်သို့မည်ပုံ ကူးစက်ခံရသည်ဆိုခြင်းအား မန်စီးတီးအသင်းက ထုတ်ပြန်ခြင်းမရှိဘဲ အသင်းမှ လူအားလုံးက ဂန်ဒိုဂန် အမြန်ဆုံး သက်သာလာစေရန် ဆုတောင်းပေးနေကြောင်း ပါရှိသည်။

ထို့ကြောင့် ၎င်းသည် မာရက်ဇ်၊ လာပေါ်တေးတို့ပြီးလျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သည့် တတိယမြောက် မန်စီးတီးကစားသမား ဖြစ်လာခဲ့ပြီး ဗြိတိန်အစိုးရ၊ ပရီးမီးယားလိဂ်တို့မှ ထုတ်ပြန်ထားသော စည်းမျဉ်းများအတိုင်း ၁၀ ရက်ခန့် တစ်ဦးတည်း သီးသန့်နေထိုင်ရမည် ဖြစ်သည်။

ဂန်ဒိုဂန်သည် ယနေ့ည ဝုဗ်နှင့်ကစားမည့် ပရီးမီးယားလိဂ် အဖွင့်ပွဲကိုသာမက စက်တင် ဘာ ၂၄ ရက်တွင် ဘုန်းမောက်နှင့်ကစားမည့် လိဂ်ဖလားပွဲ၊ စက်တင်ဘာ ၂၇ ရက်တွင် လက်စတာနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲများကိုပါ လွဲချော်ရမည်ဖြစ်သည်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများအနက် အယ်လ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ်က ရောဂါပိုး ကင်းစင်သွားပြီဖြစ်ရာ ယနေ့ညကစားမည့် ဝုဗ်နှင့် အဝေးကွင်းပွဲကို ပါဝင်ကစားနိုင်ဖွယ်ရှိနေပြီး ပြင်သစ်နောက်ခံလူ လာပေါ်တေးမှာမူ ပါဝင်ကစား မည်မဟုတ်ဟု သိရသည်။

Ref:Eurosport

Facebook Comments Box
Facebook Comment