မန်စီးတီးကွင်းလယ်လူဖာနန်ဒင်ဟို လေးပတ်မှ ခြောက်ပတ်အထိ နားရမည်

မန်စီးတီးနည်းပြဂွါဒီယိုလာက ဖာနန်ဒင်ဟိုမှာ ပေါ်တိုနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် လေးပတ်မှ ခြောက်ပတ်အထိ အနားယူရမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘရာဇီး ကွင်းလယ်ကစားသမားသည် ပွဲချိန် ၈၅ မိနစ်တွင် လူစားဝင်ရောက် ကစားခဲ့သော်လည်း နာကျင်အချိန်ပိုတွင် လူစားလဲရမည့် အခြေအနေမျိုးတွင် ရှိနေခဲ့သည်။

မန်စီးတီးသည် ကီဗင်ဒီဘရိုင်း၊ ဂါဘရီရယ်ဂျီးဆပ်စ်၊ နသန်အကဲ၊ ဘင်ဂျာမင်မင်ဒီနှင့် လာပေါ်တီတို့ကို ဆုံးရှုံးထားရချိန်တွင် ဖာနန်ဒင်ဟို ဒဏ်ရာရရှိသွားမှုမှာ ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။

ဂွါဒီယိုလာက “တကယ့်သတင်းဆိုးပါပဲ။ လေးပတ်ကနေ ခြောက်ပတ်အထိ နားရမယ် ထင်တယ်။ ပွဲတွေ အများကြီး ရနေရတဲ့အချိန်မှာ ဒါက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

ဖာနန်ဒင်ဟိုသည် ဒဏ်ရာရရှိပြီးနောက် ကိုယ်တိုင် လမ်းလျှောက်ကာ ကွင်းအတွင်းမှာ ထွက်ခွာပြီး ဥမင်လှိုက်ခေါင်းသို့ ဝင်ရောက်သွားသည်။

အလယ်တန်းကစားသမား ကီဗင်ဒီဘရိုင်းနှင့် နောက်ခံလူ လာပေါ်တီတို့မှာ ယနေ့တွင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်မည်ဟု ယူဆရသော်လည်း စနေနေ့တွင် ဝက်စ်ဟမ်းနှင့် ပွဲတွင် ပါဝင်နိုင်မည်လားဆိုသည်ကို အတိအကျ မပြောနိုင်သေးချေ။ ၎င်းတို့သည် လာမည့်အပတ်၌ မာဆေးလ်နှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲတွင်မူ ပါဝင်လာနိုင်ရန် သေချာသလောက် ရှိနေသည်။

မန်စီးတီးသည် ပေါ်တိုနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ဒေးဗစ်ဒိုင်ယက်ဇ်၏ ဂိုးကြောင့် နောက်မှ လိုက်ကစားခဲ့ရသော်လည်း အဂူရို (ပင်နယ်တီ)၊ ဂန်ဒိုဂန် (ဖရီးကစ်)၊ ဖာရန်တောရက်စ်တို့၏ ဂိုးများကြောင့် ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

Facebook Comments Box
Facebook Comment