မန်စီးတီးကို အနိုင်ရခဲ့တဲ့ အဓိက အကြောင်းရင်းကို လိုင်ယွန် နည်းပြ ထုတ်ဖော်

ယမန်နေ့ညက ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပရီးမီးယားလိဂ်ထိပ်တန်းကလပ် မန်စီးတီးအား ၃-၁ ဂိုးဖြင့် အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည့် အဓိကအချက်ကို လိုင်ယွန်နည်းပြ ရူဒီဂါစီ ယာက ဖွင့်ဟလိုက်သည်။

ပြင်သစ်လီဂူးတွင် အဆင့် ၇ ဖြင့်သာ ရပ်တည်နိုင်ခဲ့သောလိုင်ယွန်သည် ငွေကြေးအင်အား၊ ကစားသ မားအင်အားအရ မန်စီးတီးအသင်းအား မယှဉ်နိုင်သောကြောင့် မန်ချက်စတာအခြေစိုက်အသင်းသာ အနိုင်ရလိမ့်မည်ဟု အားလုံးကယူဆခဲ့ကြသည်။

သို့သော်လည်း အောက်အသင်းဖြစ်သည့် လိုင်ယွန် က မန်စီးတီးကို ဂိုးပြတ်အနိုင်ယူခဲ့ရာ အောင်ပွဲရခြင်း၏ အဓိကအချက်က စုပေါင်းအင်အားပင်ဖြစ် ကြောင်း လိုင်လီ၊ ရိုးမား၊ မာဆေးလ်တို့အား ကိုင်တွယ်ဖူးသူ အသက် ၅၆ နှစ်အရွယ် ပြင်သစ်နိုင်ငံ သား ဂါစီယာက ဆိုသည်။

“ကျွန်တော့်အသင်းသားတွေအတွက် ဂုဏ်ယူမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတွေရှိတယ်။ အသင်းကြီးတစ်သင်းနဲ့ ကစားတဲ့အခါ ကျွန်တော်တို့က ရေပန်းမစားဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၃ ဂိုးသွင်းပြီး ပြိုင်ဘက်ကို တစ်ဂိုးတည်းပေးကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင် ခဲ့တယ်။ မန်စီးတီးကို ဘာကြောင့်အနိုင်ရသလဲဆိုရင် အသင်းသားအားလုံးရဲ့စုပေါင်းအားတွေနဲ့ ချိတ် ဆက်ထားတာကြောင့်ပါပဲ။ ဂွါဒီယိုလာက ထိပ်တန်းနည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့က နည်းဗျူဟာတိုက်ပွဲမှာ အနိုင်ရခဲ့တယ်” ဟု ဂါစီယာက ဆိုသည်။

လိုင်ယွန်သည် ဆီမီးဖိုင်နယ်တွင် ဘာစီလိုနာအား ဂိုးပြတ်အနိုင်ရခဲ့သော ဘိုင်ယန်မြူးနစ်နှင့် သြဂုတ် ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဂါစီယာက ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားရမည့်ပွဲ တွင်လည်း မိမိတို့၏အကောင်းဆုံးပုံစံကိုပြသကာ ပွဲကောင်းတစ်ပွဲဖြစ်အောင် ကစားပြမည်ဟု ကတိ ပြုသည်။

Facebook Comments Box
Facebook Comment