မတော်ရာ နေရာကို အနင်းခံခဲ့ရသည့် ဖလာမင်ဂိုစတား ဂတ်စတာဗိုဟင်းနရစ်

ဖလာမင်ဂိုနောက်ခံလူဂတ်စတာဗိုဟင်းနရစ်သည် တနင်္ဂနွေနေ့တုန်းကပွဲတွင် မတော်ရာနေရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိကာ လူစားလဲခဲ့ရကြောင်း သိရသည်။ အသက် ၂၇ နှစ်ရှိ နောက်ခံလူသည် ကိုရင်သီယန်နှင့်ပွဲတွင် ဘောင်းဘီတွင် သွေးစွန်းသည်အထိ မတော်တရော် နေရာ၌ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဟင်းနရစ်သည် ပထမပိုင်း၌ ကိုရင်သီရန်ကစားသမားတစ်ဦး၏ မတော်တဆ အနင်းခံခဲ့ရခြင်းပြီး သူသည် သွေးစွန်းနေသည့် ဘောင်းဘီကို လဲလှယ်ရန် ကွင်းမှ ထွက်ခွာခဲ့ရသည်။ သို့ရာတွင် သူသည် ပွဲချိန် ၃၉ မိနစ်၌ ဂါဘရီရယ်နိုဂါနှင့် လူစားလဲခဲ့ရသည်။

ဖလာမင်ဂိုဆေးအဖွဲ့သည် အဝတ်အစားလဲခန်းအတွင်းတွင် ဟင်းနရစ်၏ ဒဏ်ရာအခြေအနေကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သွေးတိတ်အောင် လု်ပခဲ့ကြသည်။ ဖလာမင်ဂိုဆေးအဖွဲ့သည် ဟင်းနရစ်၏ဒဏ်ရာကို စစ်ဆေးချိန်မှာ မျက်စိဖွင့်ထားမလား၊ ပိတ်ထားမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အကယ်၍ မျက်လုံး ဖွင့်ထားခဲ့မည်ဆိုလျှင်တော့ ဖလာမင်ဂိုဆေးအဖွဲ့မှာ အစားအသောက်ပျက်နေရန် သေချာနေသည်။

အထက်ပါ ဖလာမင်ဂိုနောက်ခံလူ၏သွေးစွန်းနေသည့် ဓာတ်ပုံမှာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံနေပြီး တစ်ဦးက “အနာကျင်ဆုံး ဒဏ်ရာဖြစ်လာဖို့ ရှိတယ်”ဟု ရေးသားခဲ့သလို အခြားတစ်ဦးကလည်း “အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ ဘယ်သူမှာ ဒီလို နာကျင်မှုမျိုး မခံစားစေချင်ဘူး။ဒီလူကြီးကို ဘုရားသခင်ကောင်းချီးပေးပါစေ”ဟု ရေးသားခဲ့သည်။ ဒါ့အပြင် အခြားတစ်ဦးကလည်း “ဒီဓာတ်ပုံမြင်တောင် ကိုယ်တိုင်တောင် နာကျင်သလို ခံစားရတယ်”ဟု ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “ယောင်္ကျားတိုင်းရဲ့အိပ်မက်ဆိုးည”ဟု ရေးသားသွားသည်။

ဖလာမင်ဂိုနှင့် ကိုရင်သီယန်ပွဲတွင် ဖလာမင်ဂိုက ၅-၁ ဖြင့် အနိုင်ရရှိကာ ဘရာဇီးအဆင့်မြင့်တန်း ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment